အွန်လိုင်းဂိမ်း မက်လုံး ဖြားယောင်းမှုအောက် လူငယ်များသားကောင်ဖြစ်နေရ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှု မြင့်မားပြီး အလုပ်အကိုင် ရှားပါးလာသည်နှင့်အမျှ လွယ်လွယ်နဲ့ ပိုက်ဆံရမယ့် အလုပ်မျိုးကို လူအများစု စိတ်ဝင်စားလာကြသည်။

အွန်လိုင်းဘော်လုံးလောင်းကစား

ထိုအထဲတွင် ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ် စသည့် လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ကြော်ငြာများထည့်သွင်းလာသည့် အွန်လိုင်းဂိမ်းများက ပြည်သူလူထုအပေါ် သက်ရောက်မှုကြီးမားသည်။

အွန်လိုင်းဂိမ်းများ၏ ရိုက်ခတ်မှုကို ခံရသူများထဲတွင် သီပေါမြို့မှ အသက် ၁၉နှစ်အရွယ် စိုင်းခေးတစ်ယောက်အပါအဝင် ဖြစ်သည်။

သူငယ်ချင်းများ၏ ဆွဲဆောင်မှုအပါအဝင် အွန်လိုင်းတွင် တွေ့ရသည့် ကြော်ငြာများကြောင့် ဘောလုံးပွဲလောင်းသည့် အွန်လိုင်းဂိမ်း KLFB ကို စမ်းဆော့ဖြစ်ခဲ့သည်။

“အစတုန်းကတော့ ကျနော်လဲ မသိဘူး။ ကျနော်ဆော့ဖြစ်တာက မကြာသေးဘူး၊ ၈ လပိုင်းတုန်းကမှ စဆော့ဖြစ်တာ။ သူငယ်ချင်းက ဒီဟာဆော့ကြည့်မလား မေးတယ်။ အစတုန်းက ကျတော်လဲ စိတ်မဝင်စားဘူး၊ သူငယ်ချင်းက သုံးလေးရက် လာပြောတော့ ဆော့ကြည့်ရင်းနဲ့ ဆက်ဆော့ဖြစ်သွားတယ်”ဟု စိုင်းခေးက ပြောသည်။

အွန်လိုင်းဘော်လုံးလောင်းကစား

၂၀၂၃ ခုနှစ် မတ်လကမှ စတင်နာမည်ကြီးလာသည့် ၎င်း KLFB အွန်လိုင်းဂိမ်းသည် သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်များ မှတဆင့် တယ်လီဂရမ်ဂရုပ်ထဲသို့ ဝင်ရသည်။ ပြီးလျှင် သူတို့ချပေးသည့် ဝက်ဘ်ဆိုဒ်လင့်ခ်ထဲ ထပ်ဝင်ရပြီး ထိုလင့်ခ်ထဲကနေ မှတဆင့် ဘောလုံးလောင်း၍ ဂိမ်းဝင်ဆော့ရခြင်းဖြစ်သည်။

“ဂိမ်းထဲရောက်သွားရင် သူတို့လောင်းခိုင်းတဲ့ ဘောလုံးပွဲကို ထည့်ရတာ။ ငွေထည့်ပြီးလောင်းရင် ကိုယ်လောင်းတဲ့ဟာကို အတိုးပြန်ပေးတာ။ ငါးသိန်းလောင်းရင် ဘယ်လောက်ရာခိုင်နှုန်း အဲ့လိုအတိုးနဲ့ပြန်ပေးတာ”ဟု စိုင်းခေးက ဆက်ပြောသည်။

ကိုယ်ရင်းလိုက်သည့် ငွေပမာဏပေါ် မူတည်၍ အတိုးနှုန်း ၅% မှ ၈% အထိ ရမည်ဟု မက်လုံးပေး မြူဆွယ်မှုကြောင့် ဝင်ငွေရလမ်း ခက်ခဲသည့် အခြေခံလက်လုပ်လက်စားသာမက ပုံမှန်ဝင်ငွေရှိသူများအထိ စိတ်ဝင်တစားရှိကြသည်။

ပန်းရံလုပ်သားဖြစ်သည့် စိုင်းခေးတစ်ယောက် ၁ ရက်လုပ်အားခ ၈ ထောင်၊ ၁ သောင်းရသည့် ဝင်ငွေဖြင့် သူငယ်ချင်းများ အဆွယ်ကောင်းမှုကြောင့် ဆော့ဖြစ်နေသည့် KLFB အွန်လိုင်းဂိမ်းထဲကို ရသမျှလုပ်အားခ အားလုံးပုံအောပြီး ရင်းနှီးမြှုပ်နှံခဲ့သည်။

အွန်လိုင်းလောင်းကစား

အစပိုင်းတွင် KPay ဖြင့် ငွေသွင်းငွေထုတ် အဆင်ပြေခဲ့ပြီး ၂ လလောက် ဆော့ကစားလာပြီးနောက် အောက်တိုဘာလ ထဲရောက်လာသည့်အခါ ဂိမ်းအကောင့်ထဲရှိ ငွေများကို အသွင်း၊ အထုတ် လုပ်လို့မရတော့ကြောင်း သိလာရသည်။

“အခုတော့ ငွေထုတ်လို့ မရတော့ဘူး။ သူတို့ပြောကြတာ လောက်ကိုင်ကနေ လိမ်နေတာလို့ ပြောကြတယ်။ လိမ်တဲ့လူက ထိုင်းနယ်စပ်ဖက်ကို ထွက်ပြေးပြီလို့ကြားတယ်။ သူများအဖွဲ့တွေကတော့ ဘယ်လောက်ရှိလဲဆိုတာ ကျနော်တို့လဲ မသိဘူး။ ကျနော်တို့ သီပေါမှာလည်း ဆော့တဲ့လူတွေ များတယ်။ အဲ့လိုဆော့ရင်းနဲ့ ပိုက်ဆံတွေ ပါသွားတယ်။ လူတော်တော်များများ ပါသွားကြတယ်”ဟု စိုင်းခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်မှ စပြီး KLFB အွန်လိုင်းဂိမ်းအကောင့်ထဲရှိ ငွေများကို ထုတ်ယူ၍ မရတော့ဘဲ အောက်တိုဘာ ၁၉ ရက်တွင် KLFB ဂိမ်းအကောင့်ထဲရှိ ငွေပမာဏ၏ ၅ ရာခိုင်နှုန်းကို ၄၈ နာရီအတွင်း ထည့်သွင်းပေးမှသာ လက်ကျန်ငွေများ ထုတ်ပေးမည်ဟု ကြေညာခဲ့သော်လည်း အမှန်တကယ် ထုတ်ယူနိုင်ခြင်းမရှိခဲ့ကြောင်း ဂိမ်းဆော့ကစားသူများ ထံမှ သိရသည်။

“အောက်တိုဘာ ၂၁ ရက်တုန်းက ဝက်ဘ်ဆိုဒ်ပိတ်မယ်လို့ကြားတယ်။ ဒီနေ့အထိတော့ သူငယ်ချင်းတွေ ဝင်ဆော့ကြည့်ကြသေးတယ်။ အများစုက ရှုံးကြတာ။ တချို့က ၅ ရက် ၆ ရက်ပဲဆော့ရသေးတယ်၊ ရှုံးကြတာလဲ ရှိတယ်။ တချို့လူတွေဆိုရင် သိန်းဆယ်ချီ ရှုံးလောက်တယ်။ ဆော့တာ မဆော့တာက ဘာမှမထူးတော့ဘူးလေ။ ဆက်ဆော့လဲ ပိုက်ဆံမရတော့ဘူး”ဟု လားရှိုးမြို့မှ KLFB ဂိမ်းဆော့ကစားသူ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အွန်လိုင်းလောင်းကစား

အောက်တိုဘာလ ၂၂ ရက်နွင် ၅% စပေါ်ငွေ မသွင်းရသေးသူများအတွက် နောက်ဆုံးသတိပေးချက်ဟုဆိုကာ ၁၈ နာရီအတွင်း ငွေသွင်းခြင်းကို အမြန်လုပ်ဆောင်ရန် KLFB ၏ တယ်လီဂရမ်ချန်နယ်တွင် ထပ်မံကြေညာထားသည်။

KLFB အက်ပလီကေးရှင်းတွင် ငွေထုတ်ငွေသွင်းခြင်းများအတွက် ကမ္ဘောဇဘဏ်၏ KPay ၊ KBZ Special account စသည့် ဘဏ်အကောင့်အမျိုးမျိုးဖြင့် ပြောင်းလဲအသုံးပြုကာ အုပ်စုဖွဲ့ လိမ်လည်လုပ်ကိုင်နေကြသော်လည်း ကမ္ဘောဇဘဏ်ဘက်မှ ၎င်းတို့နှင့်မဆိုင်ဘဲ သတိထားရန်သာ ပြောသည်။

ယခုဖြစ်စဉ်ကြောင့် မြန်မာတစ်ပြည်လုံးတွင် KLFB ဂိမ်းကစားသူ လူပေါင်း ၅ သိန်းခန့်ထံမှ ငွေသိန်းသောင်းချီ လိမ်လည်ခံရသည်ဟု ကိုယ်တိုင် ငွေလိမ်ခံရသူများထံမှ သိရှိရသည်။

KLFB အက်ပလီကေးရှင်းကို Kaidali လက်အောက်ရှိ ဘောလုံးကလပ် ပလက်ဖောင်းဖြစ်ပြီး အင်္ဂလန်တွင် ရုံးချုပ်ရှိသည်ဟု ကြေညာထားသော်လည်း ၎င်းနောက်ကွယ်တွင် မည်သူတို့က အမှန်တကယ် လှုပ်ရှားကြိုးကိုင်နေသည်ကို ဂိမ်းဆော့ကစားသူများကိုယ်တိုင် မသိရှိဘဲ သျှမ်းပြည် လောက်ကိုင်မြို့တွင် အခြေစိုက်သည်ဟုသာ သိထားကြောင်း KLFB ဘောလုံးဂိမ်း ဆော့ကစားသူများက ပြောသည်။

အွန်လိုင်းလောင်းကစား

ယခုကဲ့သို့ စစ်အာဏာသိမ်းကာလတွင် တရားဥပဒေစိုးမိုးမှု လျော့ရဲနေသည်ကို အခွင့်ကောင်းယူသည့် ဝိသမလောဘသားများ၏ မြူဆွယ်ဖျားယောင်းမှုကြောင့် စိုင်းခေးတို့လို ကျေးလက်နေ အခြေခံလူတန်းစားများမှာ အားကိုးတိုင်တန်းရန် နေရာမရှိပေ။

အွန်လိုင်းဂိမ်းများကို လူမှုကွန်ယက်တွင် ငွေလက်ခံကာ ကြော်ငြာပေးသူများလည်း စနက်မကင်းဘဲ စစ်အာဏာသိမ်း ထောက်တိုင်များဖြစ်သည့် စစ်တပ်နှင့်ရဲများကိုယ်တိုင် ယခုကိစ္စများကို မျက်ကွယ်ပြုနေသည်။

စိုင်းခေးတစ်ယောက် ၂ လကျော် ဆော့ကစားခဲ့သည့် ကာလအတွင်း လုပ်အားခအားလုံးကို ၎င်းဂိမ်းထဲတွင် ဘောလုံးလောင်းရင်း ငွေရှုံးခဲ့တာကြောင့် မိသားစုနှင့်လည်း အဆင်မပြေဖြစ်ကာ လူမှုရေးပြဿနာများနှင့် ရင်ဆိုင်နေရသည်။

“သူငယ်ချင်းတွေက တကယ်အမြတ်ရတယ်၊ ကောင်းတယ်ဆိုလို့ စမ်းဆော့ကြည့်တာ။ အဲ့ဒီ ရမယ့်အမြတ်ကို မက်ပြီးတော့ ရင်းလိုက်တာ။ ကျနော်တို့ ပင်ပင်ပန်းပန်းနဲ့ နေ့တိုင်းအလုပ်သွား ပိုက်ဆံရှာရတာ၊ တစ်ရက်မှ ၈ ထောင် ၁ သောင်း အဲ့လောက်ပဲရတာ။ ရင်းလိုက်ရတာက သိန်းချီရင်းလိုက်တာ။ အမြတ်မပြောနဲ့ အရင်းတောင်ပြန်မရဘူး”ဟု စိုင်းခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းလူမှုကွန်ရက်ပေါ်ကနေ နည်းမျိုးစုံ၊ပုံစံမျိုးစုံဖြင့် လူငယ်များကို မြူဆွယ်ပြီး ငွေချူနေသည့်အပေါ် သတိထားကြရန်၊ အယုံမလွယ်ကြရန်လည်း အွန်လိုင်းဂိမ်းဆော့ဖူးသူများက ထောက်ပြ ပြောဆိုလိုက်သည်။

“သူငယ်ချင်းတွေကို ပြောချင်တာက အွန်လိုင်းပေါ်က အလုပ်တွေက မတည်မြဲဘူး။ ငွေလိမ်ပြီး လုပ်စားတာတွေချည်းပဲ။ အခု ကျတော်ကိုယ်တိုင် ဖြစ်သလိုမျိုး လူငယ်တွေကို ဆက်မဆော့စေချင်ဘူး။ ဒီလို အွန်လိုင်းဂိမ်းဆော့တာမျိုးက ကိုယ့်အကောင့်ကို ဘယ်အချိန်ပိတ်ချမယ်ဆိုတာ မသိရဘူးလေ။ သူများက ကိုယ့်အကောင့်ကို ပိတ်ချင်ရင် ခနလေးနဲ့ ဖြစ်တာပဲ”ဟု စိုင်းခေးက ဆက်ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...