Saturday, July 13, 2024

ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက်ငွေလိမ်လည်မှု ပြုလုပ်နေ

Must read

သျှမ်းပြည် လင်းခေးမြို့တွင် ယခုရက်ပိုင်း ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက် ငွေလိမ်လည်မှု ပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ယခုရက်ပိုင်းအတွင်း လင်းခေးမြို့တွင် ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက် အကြောင်းကြားလာရာ ငွေလိမ်လည်မှုပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်ကို ဖုန်းဆက်လာပြီး ကံစမ်းမဲပေါက်တယ် ဘာညာပြောတယ်။ သူတို့ကုမ္ပဏီက တာချီလိတ်မှာ ရှိတယ်။ ကံစမ်းမဲပေါက်တာကြောင့် ပိုက်ဆံလွှဲပေးပါဆိုပြီး ပြောတယ်။ ပိုက်ဆံလွှဲပြီးရင် ပေါက်တဲ့ကံစမ်းမဲကို လာပို့ပေးမယ်လို့ ပြောတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဖုန်းဆက်အကြောင်းလာပြီး မက်လုံးပေးကာ ငွေလိမ်လည်မှု ပြုလုပ်နေသောကြောင့် မသိသူများမှာ အမှန်တကယ်ထင်မိ၍ ငွေလွှဲပေးနိုင်သဖြင့် သတိထားရန်လိုအပ်ကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ အောက်တိုဘာလ ၁၂ ရက်တွင် တာချီလိတ်မြို့နယ် ဖန်မန်ကျေးရွာအုပ်စု ဝမ်ကျောက်လုံရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါးကလည်း ထီအရောင်းသူများထံ ငွေလွှဲပေးရာမှ ထိုင်းဘတ် ၁၅ သိန်း လိမ်လည်ခံလိုက်ရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အယုံမလွယ်ကြရန်၊ ခေတ်အခြေအနေ မကောင်းသည့်ကာလ၌ ပြည်သူများ စားဝတ်နေရေး တင်းကြပ်နေရာ အခွင့်ကောင်းယူပြီး မက်လုံးပေး ငွေလိမ်လည်မှု ပြုလုပ်နေသောကြောင့် သတိထားရန် လိုအပ်ကြောင်း ၎င်းကထပ်လောင်းပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article