Tuesday, January 27, 2026

မိုင်းဖြတ်မြို့နယ် ကျေးရွာအတွင်း စိတ်ကြွဆေးရည်သုံးစွဲပြီး ညအချိန်မတော် ဆူညံမှုပြုလုပ်နေ

သျှမ်းပြည် မိုင်းဖြတ်မြို့နယ် ကျေးရွာအတွင်း စိတ်ကြွဆေးရည်ဖြစ်သည့် K နှင့် Happy Water ကို အလွန်အကျွံသုံးစွဲပြီး သီချင်းကိုအသံချဲစက်ဖြင့် ဖွင့်ကာ ကခုန်နေကြကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရသိရသည်။

Happy Water မူးယစ်ဆေးသည် ကော်ဖီအမှုန့်ပုံစံ ကော်ဖီနှင့် သစ်သီးအနံ့ အရသာ (၂) မျိုးရှိပြီး ကော့တေးခွက် ပမာဏကို ကျွဲရိုင်းအချိုရည်နှင့် ရောကာသောက်သုံးရသည့် စိတ်ကြွဆေးရည် တစ်မျိုးဖြစ်သည်။

K (ခေါ်) မူးယစ်ဆေးဝါးသည် မြေဖြူအမှုန့်ပုံစံ (အဖြူရောင်) ရှိပြီး ခပ်ရှရှအနံရှိကာ နှာခေါင်းဖြင့် ရှူရှိက်ရသုံးစွဲသည့် မူးယစ်ဆေးဖြစ်သည်။

ယခုရက်ပိုင်းအတွင်း မိုင်းဖြတ်မြို့နယ်ရှိ ကျေးရွာအတွင်း လူငယ်၊ လူလတ်ပိုင်းများ စိတ်ကြွဆေးရည်ကို အလွန်အကျွံ သုံးစွဲပြီး အသံချဲ့စက်ကို ဆူညံစွာဖွင့်ပြီး ကခုန်နေကြသဖြင့် ဘေးပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက်ပေးနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အခုရက်ပိုင်းလူငယ်တွေ K ၊ Happy water တွေကိုအလွန်အကျွံသုံးတဲ့ပုံစံလိုမျိုးပဲ။ ညညဆိုရင် စပီကာ အကျယ်ကြီးဖွင့်တယ်။ ဆေးအရှိန်နဲ့ ကခုန်အော်ဟစ်နေကြတာ။ ပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးနေတာ” ဟု ၎င်းဒေသခံ အမျိုးသား ကဆိုသည်။

လက်ရှိမှာ စိတ်ကြွဆေးရည်ဖြစ်သည့် Happy Water တစ်ထုပ်ကို ထိုင်းဘတ်ငွေ ၈၀၀ နှင့် ၁,၀၀၀ ကြား ရောင်းချနေကြကြောင်း သိရသည်။

“ အွန်လိုင်းငွေလိမ်တဲ့ အဖွဲ့နေအိမ်တွေနဲ့ K Happy Water ရောင်းတဲ့သူတွေကို ထိရောက်စွာ အရေးယူပေးဖို့လိုတယ်။ ဒေသ အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့တွေဆီမှာ သွားတိုင်ရင်လည်း မဖမ်းပေးတဲ့အပြင် သူတို့ကိုယ်တိုင်က အဲ့ကနေ ငွေတွေရနေတာ “ ဟု ကျေးရွာနေဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

အဆိုပါ မူးယစ်ဆေးဝါး ရောင်းချသူများသည် နမ့်နန်းအခါရွာ၊ ဟိုနားလားဟူရွာ၊ ဟိုနားအခါရွာ၊ နမ့်ဟွေလုံရွာ ယမ်းခမ်းရွာ စသည့်ရွာများမှ ဖြစ်ကြသည့် ကြံ့ခိုင်းရေးပါတီဝင် အမတ်ဟောင်းအပါ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် မြို့နယ်အချို့တွင် မဲပေးစက် ချို့ယွင်းမှုဖြစ်၊ မဲပေးစက် အသစ်လှဲရ

0
သျှမ်းပြည်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တွင် ယနေ့ (ဇန်နဝါရီလ ၁၁) ရက် နံနက်ပိုင်းမှစ၍ ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲရုံတွင် မဲသွားပေးကြရာ အချို့မြို့နယ်ရှိ မဲရုံတွင် မဲပေးစက်များ ချို့ယွင်းမှု ဖြစ်နေကြောင်း ကိုယ်တိုင်မဲထည့်ခဲ့ကြသူအချို့က ပြောသည်။ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည်...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...

မိုင်းဖြတ်မြို့နယ် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်း၊ လယ်ယာစိုက်ပျိုးရေးထိခိုက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်အတွင်း နမ့်လုံချောင်းတစ်လျှောက်တွင် တရုတ်လုပ်ငန်းရှင်နှင့် ပြည်တွင်းစီးပွားရေးသမားများ ပူးပေါင်းပြီး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်းနေကြောင်း ဒေသခံများက ပြောသည်။ မိုင်းဖြတ်မြို့နယ် ဝမ်ပုံရွာနှင့် မိုင်းဟဲရွာရှိ နမ့်လုံချောင်းဘေးတစ်လျှောက် ဒေသခံများ၏ စိုက်ပျိုးရေး လယ်ယာမြေများကို လုပ်ငန်းရှင်များက ဈေးကြီးပေး ဝယ်ယူပြီး ယခုနှစ်လယ်ပိုင်းမှ စ၍ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေကြောင်း...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...