မိုင်းဖြတ်မြို့နယ် ကျေးရွာအတွင်း စိတ်ကြွဆေးရည်သုံးစွဲပြီး ညအချိန်မတော် ဆူညံမှုပြုလုပ်နေ

သျှမ်းပြည် မိုင်းဖြတ်မြို့နယ် ကျေးရွာအတွင်း စိတ်ကြွဆေးရည်ဖြစ်သည့် K နှင့် Happy Water ကို အလွန်အကျွံသုံးစွဲပြီး သီချင်းကိုအသံချဲစက်ဖြင့် ဖွင့်ကာ ကခုန်နေကြကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရသိရသည်။

Happy Water မူးယစ်ဆေးသည် ကော်ဖီအမှုန့်ပုံစံ ကော်ဖီနှင့် သစ်သီးအနံ့ အရသာ (၂) မျိုးရှိပြီး ကော့တေးခွက် ပမာဏကို ကျွဲရိုင်းအချိုရည်နှင့် ရောကာသောက်သုံးရသည့် စိတ်ကြွဆေးရည် တစ်မျိုးဖြစ်သည်။

K (ခေါ်) မူးယစ်ဆေးဝါးသည် မြေဖြူအမှုန့်ပုံစံ (အဖြူရောင်) ရှိပြီး ခပ်ရှရှအနံရှိကာ နှာခေါင်းဖြင့် ရှူရှိက်ရသုံးစွဲသည့် မူးယစ်ဆေးဖြစ်သည်။

ယခုရက်ပိုင်းအတွင်း မိုင်းဖြတ်မြို့နယ်ရှိ ကျေးရွာအတွင်း လူငယ်၊ လူလတ်ပိုင်းများ စိတ်ကြွဆေးရည်ကို အလွန်အကျွံ သုံးစွဲပြီး အသံချဲ့စက်ကို ဆူညံစွာဖွင့်ပြီး ကခုန်နေကြသဖြင့် ဘေးပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက်ပေးနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အခုရက်ပိုင်းလူငယ်တွေ K ၊ Happy water တွေကိုအလွန်အကျွံသုံးတဲ့ပုံစံလိုမျိုးပဲ။ ညညဆိုရင် စပီကာ အကျယ်ကြီးဖွင့်တယ်။ ဆေးအရှိန်နဲ့ ကခုန်အော်ဟစ်နေကြတာ။ ပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးနေတာ” ဟု ၎င်းဒေသခံ အမျိုးသား ကဆိုသည်။

လက်ရှိမှာ စိတ်ကြွဆေးရည်ဖြစ်သည့် Happy Water တစ်ထုပ်ကို ထိုင်းဘတ်ငွေ ၈၀၀ နှင့် ၁,၀၀၀ ကြား ရောင်းချနေကြကြောင်း သိရသည်။

“ အွန်လိုင်းငွေလိမ်တဲ့ အဖွဲ့နေအိမ်တွေနဲ့ K Happy Water ရောင်းတဲ့သူတွေကို ထိရောက်စွာ အရေးယူပေးဖို့လိုတယ်။ ဒေသ အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့တွေဆီမှာ သွားတိုင်ရင်လည်း မဖမ်းပေးတဲ့အပြင် သူတို့ကိုယ်တိုင်က အဲ့ကနေ ငွေတွေရနေတာ “ ဟု ကျေးရွာနေဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

အဆိုပါ မူးယစ်ဆေးဝါး ရောင်းချသူများသည် နမ့်နန်းအခါရွာ၊ ဟိုနားလားဟူရွာ၊ ဟိုနားအခါရွာ၊ နမ့်ဟွေလုံရွာ ယမ်းခမ်းရွာ စသည့်ရွာများမှ ဖြစ်ကြသည့် ကြံ့ခိုင်းရေးပါတီဝင် အမတ်ဟောင်းအပါ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...