Wednesday, January 28, 2026

မိုင်းဖြတ်

သျှမ်းပြည် မြို့နယ်အချို့တွင် မဲပေးစက် ချို့ယွင်းမှုဖြစ်၊ မဲပေးစက် အသစ်လှဲရ

သျှမ်းပြည်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တွင် ယနေ့ (ဇန်နဝါရီလ ၁၁) ရက် နံနက်ပိုင်းမှစ၍ ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲရုံတွင် မဲသွားပေးကြရာ အချို့မြို့နယ်ရှိ မဲရုံတွင် မဲပေးစက်များ ချို့ယွင်းမှု ဖြစ်နေကြောင်း ကိုယ်တိုင်မဲထည့်ခဲ့ကြသူအချို့က ပြောသည်။ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည်...

မိုင်းဖြတ်မြို့နယ် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်း၊ လယ်ယာစိုက်ပျိုးရေးထိခိုက်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်အတွင်း နမ့်လုံချောင်းတစ်လျှောက်တွင် တရုတ်လုပ်ငန်းရှင်နှင့် ပြည်တွင်းစီးပွားရေးသမားများ ပူးပေါင်းပြီး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်းနေကြောင်း ဒေသခံများက ပြောသည်။ မိုင်းဖြတ်မြို့နယ် ဝမ်ပုံရွာနှင့် မိုင်းဟဲရွာရှိ နမ့်လုံချောင်းဘေးတစ်လျှောက် ဒေသခံများ၏ စိုက်ပျိုးရေး လယ်ယာမြေများကို လုပ်ငန်းရှင်များက ဈေးကြီးပေး ဝယ်ယူပြီး ယခုနှစ်လယ်ပိုင်းမှ စ၍ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေကြောင်း...

မိုင်းဖြတ်မြို့ လျှပ်စစ်မီး ပုံမှန်မရသော်လည်း မီတာခ တိုးကောက်နေ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့တွင် လျှပ်စစ်မီးပုံမှန်မရသော်လည်း မီတာခ ကို တိုးကောက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ဒုတိယပတ် မှစတင်ပြီး မိုင်းဖြတ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်းကြီးဌာန မှ လျှပ်စစ်မီတာကို ယခင်တွင် တစ်ယူနစ် ကျပ်(၂၀၀) မှ လက်ရှိ တစ်ယူနစ်လျှင် ကျပ် (၈၀၀)အထိ တိုးမြှင့်ကောက်ခံနေကြောင်း...

သျှမ်းပြည် အရှေ့ ရေကြီး၊မြေပြိုမှုကြား ကုန်စိမ်းများ ၃ဆ ထိမြင့်တက်

သျှမ်းပြည် အရှေ့ပိုင်းတွင် ဆိုးရွားစွာ ရေကြီးမြေပြိုမှု ကြုံရသည့် ကြား ကုန်စိမ်းများ သုံးဆထိ စျေးတင်ရောင်းချမှု ရှိနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေများ မြင့်တက်လာပြီး ရေကြီးမှုဖြစ်ပွားခဲ့သကဲ့သို့ ထိုင်းနိုင်ငံမယ်ဆိုင်ဘက်တွင်နည်းတူ ရေကြီးမှုကြုံခဲ့ရသည်။ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်ခြမ်းမှ နေ့စဉ် ကုန်စိမ်း၊ အသား၊ ငါးများကို ဝယ်ယူ၍ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်...

မိုင်းဖြတ်မြို့ စစ်ကောင်စီမှ အသက် ၃၆ မှ ၆၅ နှစ်အရွယ်များကို စစ်မှုထမ်းစာရင်းကောက်ခံနေ

သျှမ်းပြည်နယ်အရှ့ပိုင်း ၊ မိုင်းဖြတ်မြို့တွင် စစ်ကောင်စီမှ အသက်၃၆ မှ ၆၅ နှစ်ထိ စစ်မှုမထမ်းရန် စာရင်းကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်အင်အားချီနဲ့လာသည့်အတွက် စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြုပြဌာန်းခဲ့သည်။ ထိုသို့ ပြဌာန်းခဲ့ပြီးနောက်ပိုင်း မြို့နယ် ကျေးရွာ အလိုက်...

မိုင်းဖြတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ငွေအဆမတန်ကောက်ခံနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ခရီးဝေးသို့ ဆက်သွားမည့် ကားများကိုသာ ငွေအဆမတန် ကောက်ခံနေသည်ဟု စုံစမ်းသိရသည်။ မိုင်းဖြတ်မြို့အဝင် ဟိုနား(စောမွန်)ရွာရှိ စစ်ဆေးရေးဂိတ်တွင် ခရီးဝေးသို့ ဆက်သွားမည့် ခရီးသည်တင် ကားများနှင့် လူမျိုးဘာသာကို စစ်မေးပြီး ငွေအဆမတန် ကောက်ခံနေသည်ဟု ယာဉ်မောင်းအမျိုးသားတစ်ဦးက သျှမ်းသံဆော်ဆင့်ကို ပြောသည်။ အဆိုပါ ကောက်ခံနေသည့်...

မိုင်းဖြတ် ရဲတပ်ဖွဲ့က NLD အင်္ကျီဝတ်လူငယ်များကို ပိုက်စိပ်တိုက်ရှာဖွေ

သျှမ်းပြည် မိုင်းဖြတ်မြို့နယ် စစ်ကောင်စီရဲတပ်ဖွဲ့က NLD ပါတီတံဆိပ်ပါ အင်္ကျီဝတ်ထားသည့် လူငယ်များကို ဖမ်းဆီးရန် ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ (၂၉) ရက်တွင် မိုင်းဖြတ်မြို့၊ ဈေးတန်းရပ်ကွက်ရှိ မြို့မဈေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတံဆိပ်ပါ အင်္ကျီဝတ်ဆင်လာသည့် လူငယ်များကို ဖမ်းဆီးရန်အတွက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က...

မိုးဖြတ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်ဆိုသူမှ ဒေသခံအမျိုးသမီးတစ်ဦးအား ချဲရောင်းတယ်ဟုဆိုကာ ဖမ်းဆီးခဲ့

ဖြစ်စဥ်အကျဉ်းချုပ်အနေနဲ့ (၂၆.၁၀.၂၀၂၃ ) ရက် ည (၉)နာရီလောက်မှာ သျှမ်းပြည် (အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့၊ အမှတ်(၁)၀မ်မိုင်ရပ်ကွက်မှာဒေသခံတွေအိမ်ကို မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင် ကိုယ်တိုင် လိုက်စစ်ဆေးတယ်။ အဲ့ဒါနဲ့ အဲ့ဒီ၀မ်မိုင်ရပ်ကွက်မှာနေတဲ့ မိသားစု၀င်(၅)ဦးကိုလုပ်ကျွေးနေတဲ့ ဖားရှာငါးရှာ သျှမ်းအမျိုးသမီးငယ်တစ်ဦးကို ချဲရောင်းတယ်၊ ချဲဒိုင်ပါဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းလိုက်တာပါ။ အမှန်တော့ မြို့နယ်ရဲမှူးတင်အောင်က သူ့အထက်လူကြီးဆဲတာ မခံရလေအောင်...

မိုင်းဖြတ်မြို့နယ် ကျေးရွာအတွင်း စိတ်ကြွဆေးရည်သုံးစွဲပြီး ညအချိန်မတော် ဆူညံမှုပြုလုပ်နေ

သျှမ်းပြည် မိုင်းဖြတ်မြို့နယ် ကျေးရွာအတွင်း စိတ်ကြွဆေးရည်ဖြစ်သည့် K နှင့် Happy Water ကို အလွန်အကျွံသုံးစွဲပြီး သီချင်းကိုအသံချဲစက်ဖြင့် ဖွင့်ကာ ကခုန်နေကြကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရသိရသည်။ Happy Water မူးယစ်ဆေးသည် ကော်ဖီအမှုန့်ပုံစံ ကော်ဖီနှင့် သစ်သီးအနံ့ အရသာ (၂) မျိုးရှိပြီး ကော့တေးခွက်...

မိုင်းဖြတ် ရေကြီးရလျှံဖြစ် ရေလွှဲမြောင်း မြေသားဘောင်များ ကျိုးကျ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်တွင် မိုးသည်းထန်စွာသွန်းမှုကြောင့် တောင်ကျချောင်းရေများလာ ကာ နမ့်ဖက်ချောင်းပေါ်ရှိ ဝမ်လုံးရေလွှဲဆည်၏ မြေသားဘောင်များ ကျိုးကျသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၂) ရက် နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့နယ်၌ တောင်ကျချောင်းရေကြောင့် နမ့်ဖက်ချောင်းပေါ် ရှိ ဝမ်လုံးကျေးရွာမှ ရေလွှဲမြောင်းတစ်ခု၏ မြေသားဘောင် ရေတိုက်စားပြီး ပေ...

Latest news