သျှမ်းပြည် အရှေ့ ရေကြီး၊မြေပြိုမှုကြား ကုန်စိမ်းများ ၃ဆ ထိမြင့်တက်

သျှမ်းပြည် အရှေ့ပိုင်းတွင် ဆိုးရွားစွာ ရေကြီးမြေပြိုမှု ကြုံရသည့် ကြား ကုန်စိမ်းများ သုံးဆထိ စျေးတင်ရောင်းချမှု ရှိနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေများ မြင့်တက်လာပြီး ရေကြီးမှုဖြစ်ပွားခဲ့သကဲ့သို့ ထိုင်းနိုင်ငံမယ်ဆိုင်ဘက်တွင်နည်းတူ ရေကြီးမှုကြုံခဲ့ရသည်။

ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်ခြမ်းမှ နေ့စဉ် ကုန်စိမ်း၊ အသား၊ ငါးများကို ဝယ်ယူ၍ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ် (၁) တံတားမှတဆင့် တာချီလိတ်မြို့တာလေမြို့ ၊ မိုင်းဖြတ် နှင့် ကျိုင်းတုံမြို့ထိ တင်သွင်းရောင်းချရသည်။ 

တာချီလိတ် ရေပြန်ကျသွားသည့်အခြေအနေ

ထိုရေကြီးမှုကြောင့် လက်ရှိမှာ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားကို ကားများပေးမဖြတ်သေးဘဲ လမ်းလျှောက်သွားလာနေရသဖြင့် တာချီလိတ်-တာလေ-မိုင်းဖြတ်-ကျိုင်းတုံတွင် ကုန်စိမ်းများ ပြတ်လပ်မှု ရင်ဆိုင်ကြုံတွေ့နေရသည်။ 

“ ဒီဘက် ကုန်စိမ်းတွေက ထိုင်းဘက်က တင်သွင်းလာတာ။ အခု အဲ့ဘက်လည်း ရေကြီးတော့ ဘာကုန်မှ သွင်းလို့မရဘူး။ စားသောက်ကုန်တွေလည်းမရတော့ တော်တော်ခက်တယ်။ အရင် ၅ဘတ်တန်တွေ အခု ၂၀ဘတ်၊ ၃၀ဘတ်ထိ တင်ရောင်းကြတယ်” ဟု ကျိုင်တုံမြို့ ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုင်းနိုင်ငံဘက်လည်း ရေကြီးမှုဖြစ်သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက ကူညီဖြေရှင်းပေးကာ စားစရာထောက်ပံ့မှုပေးခဲ့သော်လည်း မြန်မာဘက်ခြမ်းတွင် ကိုယ်နည်းကိုယ့်ဟန်ဖြင့်သာ ဖြေရှင်းနေရကြောင်း တာချီလိတ်မြို့ခံအမျိုးသားတစ်ဉီး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့ အချို့နေရာတွင် ရေပြန်ကျသွားသော်လည်း မယ်ဆိုင်မြစ်ဘေး အနိမ့်ပိုင်းဖြစ်သည့် ဆန်ဆိုင်းရပ်ကွက်၊ မဲခေါင်၊ တာလော့တွင် ရေမကျသေးပေ။ 

“ ရေကျတဲ့နေရာတွေမှာတော့ ရွှံ့နွံတွေကျန်ခဲ့တယ်။ ဒီတခါရေစီးအားအရမ်းသန်တော့ မီးတိုင်တွေလည်း လှဲတယ်။ အခု ရွှံ့တွေက ဒူးလောက်ရှိတော့ သန့်ရှင်းရေးလုပ်ရတာ ခက်တယ်” ဟု ၎င်းအမျိုးသားကဆိုသည်။

 အလားတူ မိုင်းတုံမြို့၊ မိုင်းဆတ်မြို့ တွင်လည်း ရေကြီးရေလျှံ၍ ရေတိုက်စားမှုကြောင့် တံတားများ၊ ဆက်သွယ်ရေးဖုန်းတိုင်များ ပျက်စီးသွားပြီး လမ်းပန်းဆက်သွယ်ရေးများ နှင့်ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း  သိရသည်။ 

ယခုနှစ် သျှမ်းပြည်အရှေ့ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရေကြီးမှုသည် အကြီးမားဆုံးဖြစ်ပြီး ဆုံးရှုံးမှုအများဆုံး ရင်ဆိုင်ရသည့် နှစ်သည်။ 

ထိုကဲ့သို့ ရေကြီးမှုသည်  သစ်ထုတ်လုပ်မှု၊ ရွှေတူးဖော်ရေးလုပ်ငန်း၊ ကျောက်မီးသွေးတူဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်တူးဖော်ချိန်တွင် သစ်ပင်များကိုသာ အဓိကထားပြီး ခုတ်ပစ်ခြင်းကြောင့် ရေကြီး၊ ရေလျှံမှုများ မထိန်းနိုင်သည့်အတွက် ရေစီးဆင်းမှုနှုန်းကို ပိုမိုလျင်မြန်လာခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်လုပ်ဆောင်သူများက ပြောဆိုလိုက်သည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...