ကုန်စိမ်း ၃ဆမြင့်တက်
သျှမ်းပြည် အရှေ့ ရေကြီး၊မြေပြိုမှုကြား ကုန်စိမ်းများ ၃ဆ ထိမြင့်တက်
သျှမ်းပြည် အရှေ့ပိုင်းတွင် ဆိုးရွားစွာ ရေကြီးမြေပြိုမှု ကြုံရသည့် ကြား ကုန်စိမ်းများ သုံးဆထိ စျေးတင်ရောင်းချမှု ရှိနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေများ မြင့်တက်လာပြီး ရေကြီးမှုဖြစ်ပွားခဲ့သကဲ့သို့ ထိုင်းနိုင်ငံမယ်ဆိုင်ဘက်တွင်နည်းတူ ရေကြီးမှုကြုံခဲ့ရသည်။ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်ခြမ်းမှ နေ့စဉ် ကုန်စိမ်း၊ အသား၊ ငါးများကို ဝယ်ယူ၍ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်...





