မိုင်းဖြတ်မြို့ စစ်ကောင်စီမှ အသက် ၃၆ မှ ၆၅ နှစ်အရွယ်များကို စစ်မှုထမ်းစာရင်းကောက်ခံနေ

သျှမ်းပြည်နယ်အရှ့ပိုင်း ၊ မိုင်းဖြတ်မြို့တွင် စစ်ကောင်စီမှ အသက်၃၆ မှ ၆၅ နှစ်ထိ စစ်မှုမထမ်းရန် စာရင်းကောက်ခံနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်အင်အားချီနဲ့လာသည့်အတွက် စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြုပြဌာန်းခဲ့သည်။

ထိုသို့ ပြဌာန်းခဲ့ပြီးနောက်ပိုင်း မြို့နယ် ကျေးရွာ အလိုက် သန်းခေါင်စာရင်း ကောက်ယူခြင်း နှင့် အတင်းအဓမ္မပေါ်တာဆွဲ ခေါ်ယူခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ပြီး အသက် ၂၃ မှ ၃၆ နှစ်အထိစစ်မှုထမ်းခေါ်ယူကာ ယခုလျှင် အပတ်စဉ် ၄ ပြီးဆုံး၍ အပတ်စဉ် ၅ အတွက် စတင်ခေါ်ယူ စုဆောင်းနေကြောင်း သိရသည်။

“ တရပ်ကွက်အယောက်( ၉၀) ခေါ်တာ( ၃၀) က အမြဲတမ်းအသုံးပြု( ၆၀) က အရံပေါ့။ မိုင်းဖြတ်မြို့ (စခ က ၃၂၉ )တပ်ထဲမှာ အဲမှာနေရမယ်၊ စားရမယ် ။အဲမှာ ဘယ်မှ မသွားရဘူး။ ကိုယ့်မြို့မှာ ရပ်ကွက်မှာ လုံခြုံရေး စောင့်ရမှာ အဲ လိုအာခံကြတာပဲ။ လျှောက်ပြောတာပေါ့လေ။” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ အစည်းဝေးပြုလုပ်ရာတွင် မြို့မိမြို့ဖ တစ်ဦး၊ ဒုတပ်ရင်းမှူး တစ်ဦး၊ စခန်းမှူး နှင့် ထွေအုပ်တို့မှ ဦးဆောင်ခေါ်ယူ အစည်းဝေးပြုလုပ်နေကြောင်း သိရသည်။

“ စိုးရိမ်မှုတော့ရှိတာပေါ့။ သူတို့တော့ ပြောတာပေါ့။ လုံခြုံရေးယူပေးရုံပဲ။ ဆိုင်ကယ် သူခိုးတွေ မရှိတော့ဘူး။ ကိုယ့်ရပ်ကွက်ပဲ ကိုယ်စောင့် ရမှာ လို့လျှောက်ပြောတာပေါ့။ သူတို့ကိုယုံလို့မှ မရတာကို သင်တန်းဆင်းပီဆိုကတည်းက ကားပေါ်တက် သေနတ်နဲ့ ခြိမ်းခြောက်လိုက်ရင် ဘာမှ လုပ်လို့မှမရတော့ဘူး။ “ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒါ့အပြင် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အတွင်း သန်းခေါင်စာရင်းစတင်ကောက်ယူကာ စစ်မှုထမ်းစတင် ခေါ်ယူမည်ဖြစ်ပြီး ကျေးရွာဘက်တွင်လည်း စစ်မှူထမ်းစတင်ခေါ်ယူတော့မည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့တွင် ဟိုနား အပေါ်ရွာ နှင့် အောက်ရွာဟူ၍ ရှိပြီး ရပ်ကွက် စုစုပေါင်း (၆) ရပ်ကွက်ရှိကြောင်း သိရသည်။

အလုပ်သင်သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...