Tuesday, January 27, 2026

မိုင်းဖြတ်မြို့ စစ်ကောင်စီမှ အသက် ၃၆ မှ ၆၅ နှစ်အရွယ်များကို စစ်မှုထမ်းစာရင်းကောက်ခံနေ

သျှမ်းပြည်နယ်အရှ့ပိုင်း ၊ မိုင်းဖြတ်မြို့တွင် စစ်ကောင်စီမှ အသက်၃၆ မှ ၆၅ နှစ်ထိ စစ်မှုမထမ်းရန် စာရင်းကောက်ခံနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်အင်အားချီနဲ့လာသည့်အတွက် စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြုပြဌာန်းခဲ့သည်။

ထိုသို့ ပြဌာန်းခဲ့ပြီးနောက်ပိုင်း မြို့နယ် ကျေးရွာ အလိုက် သန်းခေါင်စာရင်း ကောက်ယူခြင်း နှင့် အတင်းအဓမ္မပေါ်တာဆွဲ ခေါ်ယူခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ပြီး အသက် ၂၃ မှ ၃၆ နှစ်အထိစစ်မှုထမ်းခေါ်ယူကာ ယခုလျှင် အပတ်စဉ် ၄ ပြီးဆုံး၍ အပတ်စဉ် ၅ အတွက် စတင်ခေါ်ယူ စုဆောင်းနေကြောင်း သိရသည်။

“ တရပ်ကွက်အယောက်( ၉၀) ခေါ်တာ( ၃၀) က အမြဲတမ်းအသုံးပြု( ၆၀) က အရံပေါ့။ မိုင်းဖြတ်မြို့ (စခ က ၃၂၉ )တပ်ထဲမှာ အဲမှာနေရမယ်၊ စားရမယ် ။အဲမှာ ဘယ်မှ မသွားရဘူး။ ကိုယ့်မြို့မှာ ရပ်ကွက်မှာ လုံခြုံရေး စောင့်ရမှာ အဲ လိုအာခံကြတာပဲ။ လျှောက်ပြောတာပေါ့လေ။” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ အစည်းဝေးပြုလုပ်ရာတွင် မြို့မိမြို့ဖ တစ်ဦး၊ ဒုတပ်ရင်းမှူး တစ်ဦး၊ စခန်းမှူး နှင့် ထွေအုပ်တို့မှ ဦးဆောင်ခေါ်ယူ အစည်းဝေးပြုလုပ်နေကြောင်း သိရသည်။

“ စိုးရိမ်မှုတော့ရှိတာပေါ့။ သူတို့တော့ ပြောတာပေါ့။ လုံခြုံရေးယူပေးရုံပဲ။ ဆိုင်ကယ် သူခိုးတွေ မရှိတော့ဘူး။ ကိုယ့်ရပ်ကွက်ပဲ ကိုယ်စောင့် ရမှာ လို့လျှောက်ပြောတာပေါ့။ သူတို့ကိုယုံလို့မှ မရတာကို သင်တန်းဆင်းပီဆိုကတည်းက ကားပေါ်တက် သေနတ်နဲ့ ခြိမ်းခြောက်လိုက်ရင် ဘာမှ လုပ်လို့မှမရတော့ဘူး။ “ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒါ့အပြင် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အတွင်း သန်းခေါင်စာရင်းစတင်ကောက်ယူကာ စစ်မှုထမ်းစတင် ခေါ်ယူမည်ဖြစ်ပြီး ကျေးရွာဘက်တွင်လည်း စစ်မှူထမ်းစတင်ခေါ်ယူတော့မည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့တွင် ဟိုနား အပေါ်ရွာ နှင့် အောက်ရွာဟူ၍ ရှိပြီး ရပ်ကွက် စုစုပေါင်း (၆) ရပ်ကွက်ရှိကြောင်း သိရသည်။

အလုပ်သင်သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

0
သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...