မိုးဖြတ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်ဆိုသူမှ ဒေသခံအမျိုးသမီးတစ်ဦးအား ချဲရောင်းတယ်ဟုဆိုကာ ဖမ်းဆီးခဲ့

ဖြစ်စဥ်အကျဉ်းချုပ်အနေနဲ့ (၂၆.၁၀.၂၀၂၃ ) ရက် ည (၉)နာရီလောက်မှာ သျှမ်းပြည် (အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့၊ အမှတ်(၁)၀မ်မိုင်ရပ်ကွက်မှာဒေသခံတွေအိမ်ကို မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင် ကိုယ်တိုင် လိုက်စစ်ဆေးတယ်။

ပေးစာကဏ္ဍ

အဲ့ဒါနဲ့ အဲ့ဒီ၀မ်မိုင်ရပ်ကွက်မှာနေတဲ့ မိသားစု၀င်(၅)ဦးကိုလုပ်ကျွေးနေတဲ့ ဖားရှာငါးရှာ သျှမ်းအမျိုးသမီးငယ်တစ်ဦးကို ချဲရောင်းတယ်၊ ချဲဒိုင်ပါဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းလိုက်တာပါ။

အမှန်တော့ မြို့နယ်ရဲမှူးတင်အောင်က သူ့အထက်လူကြီးဆဲတာ မခံရလေအောင် ဒီရဲမှူးက ငွေညှစ်တဲ့နေရာမှာဆို အရပ်သားမပြောနဲ့ သူ့ရဲမိသားစု၀င်တွေမချန် သူငွေရဖို့ဆိုရင် အမျိုးမျိုးရစ်တယ်။ ညစ်တယ်။ တောင်းတယ်။ ရမ်းတယ်ဆိုပြီး နာမည်ဆိုးနဲကျော်ကြားတဲ့ မြို့နယ်ရဲမှူးတယောက်ပါ။

သူအလုပ်မလုပ်တာ သူမကောင်းတာ မပေါ်အောင် သူ့ကိစ္စတွေ ဖုံးဖိချင်တာနဲ့ လောင်းကစားလုပ်တယ်ဆိုပြီး မဆီမဆိုင်သျှမ်းအမျိုးသမီးကကြားကနေသူ့အစား အမှုရှာတဲ့သဘောဖမ်းလိုက်တာပဲ။ အဲ့ဒီအဖမ်းခံရတဲ့ အမျိုးသမီးက ခန့်မှန်းအသက်(၃၀)နှစ်ပါ။ သူ့ကိုဖမ်းတဲ့အချိန်မှာ (၂)လသားနို့စို့အရွယ်သားကလေး ကျောပိုးလျက်ပါ။ ဒါမတရားအနိုင်ကျင့်တယ်။

မိုင်းဖြတ်

ဘာကြောင့်ဆိုတော့ မိုင်းဖြတ်မြို့ဆိုတာက ကျိုင်းတုံ-တာချီလိတ်-မိုင်းယောင်း-မိုင်းဆတ် ကားလမ်းဆုံမှာတည်ရှိတဲ့မြိုဖြစ်တဲ့အတွက် မြို့ကသာသေးငယ်တာပါ။ မကောင်းတဲ့ လောင်းကစားချဲဒိုင်အကြီး၊ အသေးအစုံရှိတယ် ။ သူတို့မကောင်းတာလုပ်နိုင်ဖို့အတွက် မြို့နယ်ရဲမှူးတင်အောင်လိုင်းကြေးတွေပေးကြပြီး ခွင့်ပြုပေးနေတာကြောင့် မကောင်းတဲ့ကိစ္စအစုံရှိပါတယ် ။

အွန်လိုင်းငွေလိမ်တဲ့အဖွဲ့၊ Happy K ရောင်းတဲ့အဖွဲ့တွေ၊ wy ရောင်းတဲ့နေရာအစုံရှိတယ်။ အဲ့အပြင် Happy K wy တွေလည်းလိုင်းကြေးယူထားတော့မဖမ်းရဲဘူး။ သူ့လက်အောက်မြို့မရဲစခန်းရှေ့က သူ့ကို တလကျပ်ငွေ ၈သိန်းပေးပြီး သူပေးတဲ့ တရား၀င်လိုင်စင်ရဖဲ၀ိုင်းကိုလည်းဖမ်းမ ဘူးလေ။

နောက်ဆုံး အမှုမရှိတာကိုရှိအောင် ဖမ်းတဲ့ကိစ္စမှာမတရား အဖမ်းခံရတဲ့ သျှမ်းအမျိုးသမီး (ရင်ခွင်ပိုက်၂လသားကလေးအမေ)က မဆီမဆိုင်ပဲ မတရားအကွက်ဆင်ဖမ်းပြ လိုက်တာပါ။ မရှိဆင်းရဲသားတိုင်းရင်းသားတွေကိူသူတို့အာဏာရှိသူတွေ က ထင်တိုင်းအကွက်ဆင် ဖမ်းနေတာ လူတိုင်းသိသွားအောင်ဒီကိစ္စကိုမဖြစ်မနေတင်ပေးပါလို့ ဒေသခံတိုင်းရင်သားတွေ ခံစားနေရတဲ့ အလားတူမတရားမှုတွေနည်းသွအောင်တင်ပေးပါလို့တောင်းဆိုပါတယ်။ ဒီကိစ္စကို မြို့နေဒေသခံ သျှမ်း တိုင်းရင်းသားတွေကလုံး၀မကျေနပ်ကြဘူး။

အဆိုပါ စာသည် မိုင်းဖြတ်ဒေသခံ တဦးမှ သျှမ်းသံတော်ဆင့်ထံ ပေးပို့လာသည့် ပေးစာကဏ္ဍ ဖြစ်သည်။မိုးဖြတ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်ဆိုသူမှ ဒေသခံအမျိုးသမီးတစ်ဦးအား ချဲရောင်းတယ်ဟုဆိုကာ ဖမ်းဆီးခဲ့

(ပေးစာကဏ္ဍ)

ဖြစ်စဥ်အကျဉ်းချုပ်အနေနဲ့ (၂၆.၁၀.၂၀၂၃ ) ရက် ည (၉)နာရီလောက်မှာ သျှမ်းပြည် (အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့၊ အမှတ်(၁)၀မ်မိုင်ရပ်ကွက်မှာဒေသခံတွေအိမ်ကို မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင် ကိုယ်တိုင် လိုက်စစ်ဆေးတယ်။

အဲ့ဒါနဲ့ အဲ့ဒီ၀မ်မိုင်ရပ်ကွက်မှာနေတဲ့ မိသားစု၀င်(၅)ဦးကိုလုပ်ကျွေးနေတဲ့ ဖားရှာငါးရှာ သျှမ်းအမျိုးသမီးငယ်တစ်ဦးကို ချဲရောင်းတယ်၊ ချဲဒိုင်ပါဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းလိုက်တာပါ။

အမှန်တော့ မြို့နယ်ရဲမှူးတင်အောင်က သူ့အထက်လူကြီးဆဲတာ မခံရလေအောင် ဒီရဲမှူးက ငွေညှစ်တဲ့နေရာမှာဆို အရပ်သားမပြောနဲ့ သူ့ရဲမိသားစု၀င်တွေမချန် သူငွေရဖို့ဆိုရင် အမျိုးမျိုးရစ်တယ်။ ညစ်တယ်။ တောင်းတယ်။ ရမ်းတယ်ဆိုပြီး နာမည်ဆိုးနဲကျော်ကြားတဲ့ မြို့နယ်ရဲမှူးတယောက်ပါ။

သူအလုပ်မလုပ်တာ သူမကောင်းတာ မပေါ်အောင် သူ့ကိစ္စတွေ ဖုံးဖိချင်တာနဲ့ လောင်းကစားလုပ်တယ်ဆိုပြီး မဆီမဆိုင်သျှမ်းအမျိုးသမီးကကြားကနေသူ့အစား အမှုရှာတဲ့သဘောဖမ်းလိုက်တာပဲ။ အဲ့ဒီအဖမ်းခံရတဲ့ အမျိုးသမီးက ခန့်မှန်းအသက်(၃၀)နှစ်ပါ။ သူ့ကိုဖမ်းတဲ့အချိန်မှာ (၂)လသားနို့စို့အရွယ်သားကလေး ကျောပိုးလျက်ပါ။ ဒါမတရားအနိုင်ကျင့်တယ်။

ဘာကြောင့်ဆိုတော့ မိုင်းဖြတ်မြို့ဆိုတာက ကျိုင်းတုံ-တာချီလိတ်-မိုင်းယောင်း-မိုင်းဆတ် ကားလမ်းဆုံမှာတည်ရှိတဲ့မြိုဖြစ်တဲ့အတွက် မြို့ကသာသေးငယ်တာပါ။ မကောင်းတဲ့ လောင်းကစားချဲဒိုင်အကြီး၊ အသေးအစုံရှိတယ် ။ သူတို့မကောင်းတာလုပ်နိုင်ဖို့အတွက် မြို့နယ်ရဲမှူးတင်အောင်လိုင်းကြေးတွေပေးကြပြီး ခွင့်ပြုပေးနေတာကြောင့် မကောင်းတဲ့ကိစ္စအစုံရှိပါတယ် ။

အွန်လိုင်းငွေလိမ်တဲ့အဖွဲ့၊ Happy K ရောင်းတဲ့အဖွဲ့တွေ၊ wy ရောင်းတဲ့နေရာအစုံရှိတယ်။ အဲ့အပြင် Happy K wy တွေလည်းလိုင်းကြေးယူထားတော့မဖမ်းရဲဘူး။ သူ့လက်အောက်မြို့မရဲစခန်းရှေ့က သူ့ကို တလကျပ်ငွေ ၈သိန်းပေးပြီး သူပေးတဲ့ တရား၀င်လိုင်စင်ရဖဲ၀ိုင်းကိုလည်းဖမ်းမ ဘူးလေ။

နောက်ဆုံး အမှုမရှိတာကိုရှိအောင် ဖမ်းတဲ့ကိစ္စမှာမတရား အဖမ်းခံရတဲ့ သျှမ်းအမျိုးသမီး (ရင်ခွင်ပိုက်၂လသားကလေးအမေ)က မဆီမဆိုင်ပဲ မတရားအကွက်ဆင်ဖမ်းပြ လိုက်တာပါ။ မရှိဆင်းရဲသားတိုင်းရင်းသားတွေကိူသူတို့အာဏာရှိသူတွေ က ထင်တိုင်းအကွက်ဆင် ဖမ်းနေတာ လူတိုင်းသိသွားအောင်ဒီကိစ္စကိုမဖြစ်မနေတင်ပေးပါလို့ ဒေသခံတိုင်းရင်သားတွေ ခံစားနေရတဲ့ အလားတူမတရားမှုတွေနည်းသွအောင်တင်ပေးပါလို့တောင်းဆိုပါတယ်။ ဒီကိစ္စကို မြို့နေဒေသခံ သျှမ်း တိုင်းရင်းသားတွေကလုံး၀မကျေနပ်ကြဘူး။

အဆိုပါ စာသည် မိုင်းဖြတ်ဒေသခံ တဦးမှ သျှမ်းသံတော်ဆင့်ထံ ပေးပို့လာသည့် ပေးစာကဏ္ဍ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...