မိုင်းဖြတ်မြို့ လျှပ်စစ်မီး ပုံမှန်မရသော်လည်း မီတာခ တိုးကောက်နေ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့တွင် လျှပ်စစ်မီးပုံမှန်မရသော်လည်း မီတာခ ကို တိုးကောက်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ဒုတိယပတ် မှစတင်ပြီး မိုင်းဖြတ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်းကြီးဌာန မှ လျှပ်စစ်မီတာကို ယခင်တွင် တစ်ယူနစ် ကျပ်(၂၀၀) မှ လက်ရှိ တစ်ယူနစ်လျှင် ကျပ် (၈၀၀)အထိ တိုးမြှင့်ကောက်ခံနေကြောင်း မိုင်းဆတ်ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုကောက်မှုတွင်လည်း စစ်တပ်နှင့်နီးစပ်သူများကို ပုံမှန်သာကောက်ပြီး ဒေသခံများထံသာ တိုးကောက်နေကြောင်း သိရသည်။

“ဒီလမှ မီးပြန်ရတာ ပြီးတော့ ပုံမှန်လည်း မလာဘူး။ မီတာခလည်း တိုးကောက်တယ်။ အရင်ဆို တစ်ယူနစ်ကို ကျပ်(၂၀၀)ပေးရတယ် အခုက တစ်ယူနစ်ကို (၈၀၀)တောင်ကောက်တယ်။ သူတို့ စစ်တပ်နဲ့ နီးစပ်တဲ့ မိသားစုတွေ ဆွေမျိုးတွေဆို လျော့ပြီးယူတယ်။ အခုဆိုရင် တချို့က မီတာဘောက်လည်း မတပ်ပေးတော့ဘူး”ဟု ၎င်းက ပြောသည်။

မိုးဆတ်မြို့တွင် မီးလာချိန် မတူညီကြောင်းအချို့ရပ်ကွက်တွင် မီးရရှိမှု အပြည့်ရှိသော်လည်း အချို့ရပ်ကွဥ်တွင် ညနေ ၆နာရီမှ ည ၈နာရီထိသာ ရရှိကြောင်း ၎င်းက ထပ်ပြောသည်။

မိုင်းဖြတ် မီတာခ

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် မိုးသန်းထန်စွာ ရွာသွန်းမှုကြောင့် လျှပ်စစ်မီး ပြတ်တောက်သွားသဖြင့် ယခင်နှစ်တွင် လျှပ်စစ်ဝန်ကြီးဌာနနှင့် ဒေသခံများ လျှပ်စစ်မီးပြန်လည် အသုံးချနိုင်ရန် အစည်းဝေးပြုလုပ်ရာတွင် မီးတာခကို ပြန်လည် လျော့ပေးမည်ပြောခဲ့သော်လည်း လက်တွေ့တွင် တိုးကောက်နေသဖြင့် အငြင်းပွားမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အရင်နှစ်က မိုးအရမ်းကြီးတော့ မီးပြတ်တောက်သွားတယ်။ ဒီနှစ်ထဲမှာ လျှပ်စစ်ဝန်ကြီးနဲ့ မြို့ကလူကြီးတွေ အစည်းဝေးလုပ်တယ် မီတာခ ညှိယူတာ မရတော့ အငြင်းပွားကြတယ်။ အခုဆို အချို့က မီတာမသုံးရတော့ဘူး။ စစ်တပ်က မျက်နှာလိုက်တယ် သူတို့ နဲ့နီးစပ်တဲ့သူကိုပဲ ဦးစားပေးနေတယ်”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ လျှပ်စစ်မီးအစားထိုး ထင်းနှင့် မီးသွေးကို ပြန်လည်အသုံးပြုလာခြင်းကြောင့် သစ်တောပြုန်းတီးမှု ပိုမိုများပြားလာနိုင်ပြီး သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေကြီး၊ မြေပြို မိုးသည်းထန်စွာ ရွာသွန်းမှု ပိုမိုဖြစ်ပွားလာနိုင်ကြောင်း မိုင်းဆက်ဒေသခံများကပြောသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...