မိုင်းဖြတ် ရဲတပ်ဖွဲ့က NLD အင်္ကျီဝတ်လူငယ်များကို ပိုက်စိပ်တိုက်ရှာဖွေ

သျှမ်းပြည် မိုင်းဖြတ်မြို့နယ် စစ်ကောင်စီရဲတပ်ဖွဲ့က NLD ပါတီတံဆိပ်ပါ အင်္ကျီဝတ်ထားသည့် လူငယ်များကို ဖမ်းဆီးရန် ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြောင်း စုံစမ်းသိရသည်။

မေလ (၂၉) ရက်တွင် မိုင်းဖြတ်မြို့၊ ဈေးတန်းရပ်ကွက်ရှိ မြို့မဈေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတံဆိပ်ပါ အင်္ကျီဝတ်ဆင်လာသည့် လူငယ်များကို ဖမ်းဆီးရန်အတွက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က မြို့ပေါ်ရပ်ကွက်များတွင် ပိုက်စိပ်တိုက် လိုက်လံရှာဖွေခဲ့ကြောင်း မိုင်းဖြတ်ဒေသခံများက ပြောသည်။

“တောင်ပေါ် လားဟူတွေ ဈေးလာဝယ်ကြတာ။ ဝယ်ပြီးတော့မှ သူတို့ပြန်သွားပြီထင်တယ်။ အဲ့တာနဲ့ ဘယ်အဖွဲ့တွေလည်း မသိဘူး တွေ့ပြီးတော့ ရဲကို ညှောင့်လိုက်တာပေါ့။ NLD အင်္ကျီဝတ်ပြီး နှစ်ယောက်သုံးယောက် လျှောက်သွားနေတယ် ဆိုပြီးတော့ ရဲတွေကလည်း တစ်မြို့လုံး ပိုက်စိပ်တိုက် လိုက်ရှာနေတာ၊ တွေ့တော့ မတွေ့ဘူး”ဟု မိုင်းဖြတ်မြို့နယ်မှ ဒေသခံလူငယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းဖြတ်မြို့နယ်တွင် ပြီးခဲ့သည့် ရွေးကောက်ပွဲကာလများ၌ အစဉ်အလာအားဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အားကောင်းခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမည်ကို မပြောဆိုရဲတော့ကြောင်း မိုင်းဖြတ်ဒေသခံများထံမှ သိရသည်။

“ဓာတ်ပုံလည်း မရိုက်ထားတော့ မြို့အနှံ့ကို လမ်းကြိုလမ်းကြားမကျန် အကုန်လိုက်ရှာကြတာ။ အဲ့နာမည်(NLD)တောင် မပြောရဲကြဘူး။ ပြီးရင် မိုင်းဖြတ်မြို့က စစ်မှုထမ်းပါတဲ့ ကလေးတစ်ယောက်အတွက် သိန်း ၁၀၀ နဲ့ ဝယ်တယ်လို့ကြားတယ်။ ပြည်မဘက်က ကောင်လေးတစ်ယောက်ကို အစားထိုးဝယ်ပြီး ထွေအုပ်ရုံးမှာ ရောက်လာကြတာ”ဟု မိုင်းဖြတ်မြို့မှ ၎င်းဒေသခံလူငယ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ကောင်စီလက်အောက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ ပြန်လည်မှတ်ပုံတင်ခြင်း မရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့အပါအဝင် ပါတီ (၄၀) ကျော်ကို မှတ်ပုံတင်ပယ်ဖျက်လိုက်ကြောင်း ပြီးခဲ့သည့် ၂၀၂၃ မတ်လ ၂၈ ရက်တွင် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်နှင့် မန္တလေးမြို့တို့ အပါအဝင် တိုင်းဒေသကြီးတချို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဆိုင်းဘုတ်များ ဖြုတ်ချခံခဲ့ရသလို တိုင်း၊ ခရိုင်၊ မြို့နယ်များရှိ ပါတီရုံးခန်းများလည်း အကြိမ် ၁၂၀ ကျော် ကျူးကျော်ဖျက်ဆီးခံခဲ့ရကြောင်း NLD ပါတီက ၂၀၂၃ မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီသည် NLD လွှတ်တော်အမတ်များနှင့် ပါတီဝင်များ၏ နေအိမ်ကို ချိပ်ပိတ်မှု ရာနှင့်ချီရှိနေပြီး အကြမ်းဖက်ဥပဒေအရ တော်လှန်ဆန့်ကျင်သူများကို ဖမ်းဆီးတာအပြင် ပိုင်ဆိုင်မှုများကို ချိပ်ပိတ်သိမ်းဆည်းမှုများလည်း ရှိနေသည်။

ပုံစာ – NLD ပါတီရုံးခန်းများ ဖျက်ဆီးခံထားရစဉ် (ပုံဟောင်း)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...