သျှမ်းပြည် မြို့နယ်အချို့တွင် မဲပေးစက် ချို့ယွင်းမှုဖြစ်၊ မဲပေးစက် အသစ်လှဲရ

သျှမ်းပြည်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တွင် ယနေ့ (ဇန်နဝါရီလ ၁၁) ရက် နံနက်ပိုင်းမှစ၍ ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲရုံတွင် မဲသွားပေးကြရာ အချို့မြို့နယ်ရှိ မဲရုံတွင် မဲပေးစက်များ ချို့ယွင်းမှု ဖြစ်နေကြောင်း ကိုယ်တိုင်မဲထည့်ခဲ့ကြသူအချို့က ပြောသည်။

စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ယခုရွေးကောက်ပွဲတွင် မဲစာရွက်အစား အီလက်ထရောနစ် မဲပေးစက်ကို အသုံးပြုထားသည်။

သို့သော် မဲပေးစက်ကို နှိပ်ခဲ့ရာတွင် မဲပေးကြောင်းစာရွက်မကျလာဘဲ စက်ထဲတွင်ခံနေပြီး ဆက်နှိပ်မရ ဖြစ်နေကြောင်း မောက်မယ်မြို့ရှိ မဲရုံတွင် ကိုယ်တိုင်မဲသွားထည့်ခဲ့သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက်အစောပိုင်းက မဲရုံဖွင့်တော့ မဲပေးစက် error (ချို့ယွင်း) တက်တာ။ စက်ထဲမှာ စက္ကူခံပြီး မကျလာဘူး။ ၁၅ မိနစ်၊ ၂၀ မိနစ်လောက်ကြာတယ်။ သူတို့ ပြင်ဖို့လုပ်ပေမယ့် ပြင်လို့မရဘူး။ အဲ့နဲ့ စက်အသစ်လဲလိုက်ရတာ” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ မဲပေးစက် ချို့ယွင်းမှုဖြစ်ပွားခဲ့သောကြောင့် မဲလာပေးကြသည့် ဒေသခံအချို့လည်း ပြန်သွားကြကာ မဲပေးသူနည်းပါး နေကြောင်း ၎င်းက ပြောသည်။

မောက်မယ်မြို့နယ်တွင် ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၈ စုရှိ မဲရုံ (၃၃) ရုံမှ မဆန္ဒရှင်ပြည်သူများ (၂၂၉၇၇) ဦးရှိပြီး လွှတ်တော် (၃) ရပ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၄) ဦးနှင့် တိုင်းရင်းသားလွှတ်တော် အလိုက် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်နေကြောင်း စစ်ကော်မရှင်က ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အလားတူ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့တွင်လည်း ယနေ့ နံနက်ပိုင်းက မဲရုံတွင် မဲသွားထည့်ကြရာ မဲပေးစက် ချို့ယွင်းမှုဖြစ်ခဲ့ကြောင်း ကိုယ်တိုင်မဲသွားထည့်ခဲ့သည့် မိုင်းဖြတ်မြို့ခံတစ်ဦးက ပြောသည်။

“ဒီနေ့ မနက်မဲသွားထည့်တာ၊ စက်ကဘာဖြစ်တာလဲတော့ မသိဘူး။ ပုံမှန်ဆိုရင် မဲပေးဖို့အတည်ပြုတဲ့ အချက်ပေးသံကို စောင့်ရတယ်လေ။ အခုက အသံလည်းမထွက်လာ၊ စက္ကူဖြတ်ပိုင်းလည်း မကျလာတော့ သူတို့စောင့်ခိုင်းတယ်။ ပြီးတော့ ပြန်နှိပ်ခိုင်းတယ်၊ ကျနော်လည်း မနှိပ်ဘဲ ထွက်လာလိုက်တာ” ဟု ၎င်းက ပြောသည်။

ယနေ့ ရွေးကောက်ပွဲ အပိုင်း (၂) ကို သျှမ်းပြည် မြောက်ပိုင်းမှ တန့်ယန်း၊ မိုင်းရယ်၊ တောင်ပိုင်းမှ ရွာငံ၊ ဆီဆိုင်၊ ကလော၊ ရပ်စောက်၊ ကွန်ဟိန်း၊ မိုင်းပန်၊ မောက်မယ်၊ မိုင်းကိုင်၊ လဲချားနှင့် အရှေ့ပိုင်းမှ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယောင်းနှင့် မိုင်းယန်းတွင် ကျင်းပနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...