Wednesday, January 28, 2026

မိုင်းဖြတ် ရေကြီးရလျှံဖြစ် ရေလွှဲမြောင်း မြေသားဘောင်များ ကျိုးကျ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်တွင် မိုးသည်းထန်စွာသွန်းမှုကြောင့် တောင်ကျချောင်းရေများလာ ကာ နမ့်ဖက်ချောင်းပေါ်ရှိ ဝမ်လုံးရေလွှဲဆည်၏ မြေသားဘောင်များ ကျိုးကျသွားကြောင်း စုံစမ်းသိရသည်။

မိုင်းဖြတ် ရေလွှဲမြောင်းကျိုးကျ

ယမန်နေ့ (စက်တင်ဘာ ၁၂) ရက် နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့နယ်၌ တောင်ကျချောင်းရေကြောင့် နမ့်ဖက်ချောင်းပေါ် ရှိ ဝမ်လုံးကျေးရွာမှ ရေလွှဲမြောင်းတစ်ခု၏ မြေသားဘောင် ရေတိုက်စားပြီး ပေ (၅၀) ခန့် ကျိုးကျသွားကြောင်း ဆည်မြောင်းဦးစီးမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တောင်ကျချောင်းရေထဲက အမှိုက်တွေ၊ သစ်ကိုင်းတွေကြောင့် ဆည်မြောင်း အပေါက်ကို ပိတ်ဆို့တယ်။ ရေလွှဲဆည် အတိုင်းမသွားပဲ ရေလွှဲဆည်ကို ပတ်ပြီး စီးဆင်းသွားတာ။ ဆည်ရဲ့ လက်ဝဲဘက်က မြေသားဘောင်က ပေ (၅၀) လောက်တော့ ကျိုးကျသွားတယ်။ ပျက်စီးဆုံးရှုံးမှုတော့ မရှိပါဘူး” ၎င်း တာဝန်ရှိသူက ပြောသည်။

မိုင်းဖြတ် ရေလွှဲမြောင်း မြေသားကျိုးကျ

အဆိုပါ နမ့်ဖက်ချောင်းရေမှ တစ်ဆင့် တာလေမြို့သို့ ဖြတ်ကျော်ပြီး မဲခေါင်မြစ်ထဲသို့ စီးဆင်းသွားသည့် ချောင်းဖြစ်သည်။

ထို့အပြင် ယခုလက်ရှိ ရေလွှဲဆည်၏ မြေသားဘောင်များ ကျိုးကျသွားမှုကြောင့် မည့်သည့် နေရာတွင် ထိခိုက်ပျက်စီးမှု မရှိသေးကြောင်း၊ သက်ဆိုင်ရာ ဆည်မြောင်းဦးစီးဌာနမှ ၎င်းရေလွှဲဆည်များကို ယာယီပြန်လည် ပြုပြင်ထားမည် ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် မြို့နယ်အချို့တွင် မဲပေးစက် ချို့ယွင်းမှုဖြစ်၊ မဲပေးစက် အသစ်လှဲရ

0
သျှမ်းပြည်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တွင် ယနေ့ (ဇန်နဝါရီလ ၁၁) ရက် နံနက်ပိုင်းမှစ၍ ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲရုံတွင် မဲသွားပေးကြရာ အချို့မြို့နယ်ရှိ မဲရုံတွင် မဲပေးစက်များ ချို့ယွင်းမှု ဖြစ်နေကြောင်း ကိုယ်တိုင်မဲထည့်ခဲ့ကြသူအချို့က ပြောသည်။ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည်...

မိုင်းဖြတ်မြို့နယ် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်း၊ လယ်ယာစိုက်ပျိုးရေးထိခိုက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်အတွင်း နမ့်လုံချောင်းတစ်လျှောက်တွင် တရုတ်လုပ်ငန်းရှင်နှင့် ပြည်တွင်းစီးပွားရေးသမားများ ပူးပေါင်းပြီး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်းနေကြောင်း ဒေသခံများက ပြောသည်။ မိုင်းဖြတ်မြို့နယ် ဝမ်ပုံရွာနှင့် မိုင်းဟဲရွာရှိ နမ့်လုံချောင်းဘေးတစ်လျှောက် ဒေသခံများ၏ စိုက်ပျိုးရေး လယ်ယာမြေများကို လုပ်ငန်းရှင်များက ဈေးကြီးပေး ဝယ်ယူပြီး ယခုနှစ်လယ်ပိုင်းမှ စ၍ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေကြောင်း...

မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် အသိပေး

0
ထိုင်း-မြန်မာနယ်စပ် ကြားရှိ မယ်ဆိုင်ချောင်းရေသည် လာမည့် ၁၂ နာရီအတွင်း တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့ (ဇူလိုင် ၄ )ရက် နံနက်ပိုင်း ၉ နာရီခွဲအချိန်တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာသဖြင့် တာချီလိတ်မြို့ပေါ်...

ညီနောင်မဟာမိတ်ထိန်းချုပ် မူဆယ်မြို့နယ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ် ရေကြီး၊ နေအိမ်တစ်လုံးမျှောပါ

0
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ကြုံတွေ့နေရပြီး နေအိမ်တစ်လုံး ရေထဲမျှောပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၃ ရက်) နံနက်အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်ယန်းချောင်း ရေတက်မှုကြောင့် မူဆယ်မြို့နယ်...

ချင်းရိုင်းတွင် ရုတ်တရက်ရေကြီးမှုကြောင့် ဆေးရုံများပိတ်ထားရပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးမှုများဖြစ်ပေါ်နေပြီး Wiang Chiang Dung ဆေးရုံအပါအဝင် လူနေအိမ်များ၊ လယ်စိုက်ခင်းများနှင့် အများပြည်သူအဆောက်အအုံများစွာ ထိခိုက်မှုများရှိခဲ့ကြောင်း The Nation Thailand သတင်းဌာနတွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇွန်လ ၁၆ ရက်) ညပိုင်းအချိန်မှ စတင်၍ ယနေ့ (ဇွန်လ ၂၇...