Monday, April 29, 2024

PPST နိုင်ငံရေးလမ်းပြမြေပုံ နိုင်ငံရေးအင်အားစု နှင့် အရပ်ဘက် အဖွဲ့အစည်းများ ချပြဆွေးနွေးသွားမည်

Must read

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ နိုင်ငံရေးလမ်းပြမြေပုံကို နိုင်ငံရေးအင်အားစုနှင့် အရပ်ဘက် အဖွဲ့အစည်း တွေ့ဆုံပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း PPST က ပြောဆိုလိုက်သည်။

အဆိုပါ ပြောဆိုမှုသည် ယနေ့ ဧပြီ (၄)ရက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့မှ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် PPST ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်း က ပြောဆိုခဲ့သည်။

“နိုင်ငံရေးပါတီ အားလုံးကို နိုင်ငံရေး လမ်းပြမြေပုံကို အဆိုပြုသွားမယ်။ နိုင်ငံရေးအင်အားစုအပါအဝင် အရပ်ဘက်အပါအဝင် အားလုံးကို တွေ့ဆုံပြီး ဆွေးနွေးသွားမယ်။ ကျနော်တို့ ရည်မှန်းချက်က အားလုံးပါဝင်ရေးကို လက်ခံထားတယ်” ဟု ရဲဘော်မျိုးဝင်းက မီဒီယာများကို ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့မှ စတုတ္တအကြိမ်မြောက် NCA-S-EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယပိုင်း) ၆ ရက်သာ အစည်းအဝေးတွင် နိုင်ငံရေးလမ်းပြမြေပုံ အဆိုပြုချက် (၈)ချက် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိရသည်။

“နိုင်ငံရေး လမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက်ကို ကျနော်တို့ နိုင်ငံရေး ပြဿနာဖြေရှင်းဖို့ အဆိုပြုထားတယ်။ အခြေနေအကြောင်းအမျိုးမျိုးကြောင့် ပြည့်ပြည့်စုံစုံ မတင်ပြနိုင်သေးဘူး။ အကြောင်းအရာ မျိုးစုံဖြစ်နေတယ်။ တစ်ချိန်ချိန်မှာတော့ နိုင်ငံရေး လမ်းပြမြေပုံဆိုင်ရာက မကြာမှီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နိုင်မှာကို ကြိုးပမ်းမယ်” ဟု ရဲဘော်မျိုးဝင်း က ပြောသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S-EAO) ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို မတ် (၂၉) မှ ဧပြီ (၃)ရက်ထိ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article