ဘဏ်စာရင်းထဲ ဝင်လာသည့် နိုင်ငံခြားငွေများနေ့ချင်း လဲလှယ်ရမည်

ပြည်ပနိုင်ငံခြားဝင်ငွေရရှိထားသည့် ပြည်တွင်းနေထိုင်သူများသည် မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေ စားရင်ဖွင့်ပြီး တရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်ချရမည် ဟု စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ညွှန်ကြားလိုက်သည်။

ထိုညွှန်ကြားချက်သည် စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ် မှ ဧပြီ ၃ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုကဲ့သို ထုတ်ပြန်ခဲ့ခြင်းသည် မြန်မာနိုင်ငံ ဗဟိုဘဏ်ထံ နိုင်ငံခြားဝင်ငွေ ရရှိမှုနည်းပါးလာြခင်း ဖြစ်သည်ဟု သျှမ်းပြည်အတွင်း ဥပဒေပညာရှင် စိုင်းဦးက ပြောသည်။

“ သူတို့ ဒီလိုထုတ်ပြန်တယ်ဆိုတာက သူတို့နား နိုင်ငံခြားဝင်ငွေ မရှိတော့ဘူးဆိုတာ သိသာတယ်။ ဟိုအရင်တုန်းကဆိုရင် သူတို့ ဒေါ်လာတွေကို ထုတ်ရောင်းချနေတာရှိတယ်။ အခုက ဒေါ်လာတွေ မရှိတော့ဘူးဆိုတော့ ပြည်သူတွေထံကနေ ညစ်ယူချင်တာပေါ့။ ဒေါ်လာကိုင်ဆောင်ထားတဲ့သူတွေကို AD ဘဏ်မှာ သွားပြီးတော့ မြန်မာငွေနဲ့ ပြန်လည်ရောင်းချခိုင်း တာပေါ့။ ပြည်တွင်းမှာ နိုင်ငံခြားငွေ မကိုင်ဆောင်ရဘူးဆိုတဲ့သဘောပဲ” ဟု စိုင်းဦး က ပြောသည်။

နိုင်ငံခြားငွေများ ပြည်ပသို့လွှဲပြောင်းခြင်းနှင့် စပ်လျဥ်ပြီး နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ရရှိထားသည့် AD ဘဏ်တွင် အလုပ်လုပ်ကိုင်သည့် တစ်ရက်အတွင်း နိုင်ငံခြားငွေကို မြန်မာကျပ်ငွေအဖြစ် သွားရောက် ရောင်းချရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထိုအပြင် စစ်ကောင်စီသည် နိုင်ငံခြားငွေ ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၅၀ ကျပ်ဖြင့် ပေးဆောင်ထားပြီး လက်ရှိငွေပေါက်ဈေးသည် ၁ဒေါ်လာကို မြန်မာငွေ ၂၀၀၀ ကျော်ရရှိနေသောကြောင့် ဘဏ်၌ ငွေသွားလှဲပါက အရှုံးပေါ်ကြောင်း သိရသည်။

“ ဒီနေ့ဆို ဘဏ်တွေမှာ တော်တော်လေးရှုပ်နေတာပဲ။ သူတို့ပေးတဲ့ဈေးက ၁ ဒေါ်လာကို ၁၈၅၀ ကျပ်။ အခု အပြင်မှာက တစ်ဒေါ်လာကို ၂၀၀၀ ကျော်လောက်ရနေတယ်။ ဘဏ်မှာ သွားရောင်းချဖို့လိုတဲ့ သူတွေကတော့ အရှုံးပေါ်နေကြတာပေါ့။ ပြီးတော့ ရှိသမျှဝင်ငွေကိုလည်း အကုန်လှဲရမယ်ဆိုတော့ နိုင်ငံခြားဝင်ငွေကနေရတဲ့သူတွေအတွက်ကတော့ ခက်ခဲကြတာပေါ့” ဟု နိုင်ငံခြားငွေ သွားလှဲခဲ့သည့် တောင်ကြီး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ နိုင်ငံခြားဝင်ငွေကို စစ်ကောင်စီက ထိန်းချုပ်လိုက်ခြင်းဖြင့် ပြည်ပမှ တင်ပို့လာသည့် ကုန်ပစ္စည်းများလည်း ဈေးမြင့်တက်လာနိုင်ကြောင်းသိရသည်။

“ ကုန်ဈေးနှုန်းကတော့ တက်မှာသေချာတယ်။ သူတို့ဒီလိုလုပ်လိုက်တော့ နိုင်ငံခြားဝင်ငွေက သူတို့နားပဲ သွားတော့မှာလေ။ နိုင်ငံခြားကတင်လာတဲ့ ကုန်တွေကိုဆိုရင်လည်း ဒေါ်လာနဲ့ငွေပေးချေရတာရှိတယ်။ သူတို့က ထိန်းချုပ်လိုက်တော့ ကုန်ပစ္စည်းတွေကတော့ ဈေးပြန်တက်လာနိုင်တယ်” ဟု တာချီလိတ်မြို့ ကုန်သည်တစ်ဦးက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်၏ အမိန့်ကို လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူခံရမည် ဟုလည်း သိရသည်။

ဗဟိုဘဏ်၏ နိုင်ငံခြားငွေ လဲလှယ်နှုန်းသည် ယနေ့ ဧပြီလ ၄ ရက်၌ အမေရိကန် ၁ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ် သတ်မှတ်ထားပြီး ငွေလဲကောင်တာဈေးနှုန်းမှာ ဝယ်ဈေး ၁၈၅၀ ကျပ် နှင့် ရောင်းဈေး ၁၈၆၀ ကျပ် ရှိကာ ပြင်ပအရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်းမှာ ဝယ်ဈေး ၂၀၁၀ ကျပ်နှင့် ရောင်းဈေး ၂၀၃၀ ကျပ် ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...