Wednesday, January 28, 2026

PPST နိုင်ငံရေးလမ်းပြမြေပုံ နိုင်ငံရေးအင်အားစု နှင့် အရပ်ဘက် အဖွဲ့အစည်းများ ချပြဆွေးနွေးသွားမည်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ နိုင်ငံရေးလမ်းပြမြေပုံကို နိုင်ငံရေးအင်အားစုနှင့် အရပ်ဘက် အဖွဲ့အစည်း တွေ့ဆုံပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း PPST က ပြောဆိုလိုက်သည်။

အဆိုပါ ပြောဆိုမှုသည် ယနေ့ ဧပြီ (၄)ရက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့မှ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် PPST ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်း က ပြောဆိုခဲ့သည်။

“နိုင်ငံရေးပါတီ အားလုံးကို နိုင်ငံရေး လမ်းပြမြေပုံကို အဆိုပြုသွားမယ်။ နိုင်ငံရေးအင်အားစုအပါအဝင် အရပ်ဘက်အပါအဝင် အားလုံးကို တွေ့ဆုံပြီး ဆွေးနွေးသွားမယ်။ ကျနော်တို့ ရည်မှန်းချက်က အားလုံးပါဝင်ရေးကို လက်ခံထားတယ်” ဟု ရဲဘော်မျိုးဝင်းက မီဒီယာများကို ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့မှ စတုတ္တအကြိမ်မြောက် NCA-S-EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယပိုင်း) ၆ ရက်သာ အစည်းအဝေးတွင် နိုင်ငံရေးလမ်းပြမြေပုံ အဆိုပြုချက် (၈)ချက် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိရသည်။

“နိုင်ငံရေး လမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက်ကို ကျနော်တို့ နိုင်ငံရေး ပြဿနာဖြေရှင်းဖို့ အဆိုပြုထားတယ်။ အခြေနေအကြောင်းအမျိုးမျိုးကြောင့် ပြည့်ပြည့်စုံစုံ မတင်ပြနိုင်သေးဘူး။ အကြောင်းအရာ မျိုးစုံဖြစ်နေတယ်။ တစ်ချိန်ချိန်မှာတော့ နိုင်ငံရေး လမ်းပြမြေပုံဆိုင်ရာက မကြာမှီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နိုင်မှာကို ကြိုးပမ်းမယ်” ဟု ရဲဘော်မျိုးဝင်း က ပြောသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S-EAO) ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို မတ် (၂၉) မှ ဧပြီ (၃)ရက်ထိ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဆီယံ သဘောတူညီချက် ၅ ရပ်ကို NCA လက်မှတ်ထိုး (၇) ဖွဲ့ ဆက်ပူးပေါင်းမည်

0
မြန်မာနိုင်ငံရေး ဖြေရှင်းရန် အရှေ့တောင်အာရှ နိုင်ငံများအသင်းက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် NCA လက်မှတ်ထိုးထားသော တိုင်းရင်းလက်နက်ကိုင် (၇) ဖွဲ့ ဆက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၀ ရက်) နံနက်ပိုင်းတွင် ဆာဆီယံဉက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်...

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို PPST အနေဖြင့် တတ်နိုင်သည့်လမ်းဖြင့် ကြိုးပမ်းဆောင်ရွက်မည်

0
လက်ရှိ နိုင်ငံရေး အထွေထွေ အကျပ်တည်း ဖြေရှင်းနိုင်ရေးကို အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းမှတဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို PPST အနေဖြင့် တတ်နိုင်သည့်လမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း က အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု...

ပြည်သူများကို လူမဆန်စွာ ကျူးလွန်သည့် စစ်ကောင်စီလုပ်ရပ်များကို PPST ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ

0
စစ်ကောင်စီမှ လူမဆန်စွာ ကျူးလွန်မှုများကို တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ စုပေါင်းဖွဲ့စည်းထားသော PPST က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ (ဇန်နဝါရီ ၆) ရက်စွဲဖြင့် ကြေညာချက်ထုတ်လိုက်သည်။ ထိုကြေညာချက်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ကယားပြည်နယ် ဖရူဆို မိုဆို ကိစ္စ၊...

လူစုလူဝေး ပြုလုပ်သည့် ကိစ္စ အစိုးရ စည်းမျဉ်းစည်းကမ်း သတ်မှတ်မည် ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

0
လူစုလူဝေး ပြုလုပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး အစိုးရ အနေဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်သည်။   အဆိုပါ ပြောကြားချက်သည် ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ၁၈ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းေရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးတွင်...

NCA အဖွဲ့ တချို့ နှင့် တပ်မတော်ကြားပစ်ခတ်မှု ကို NCA အတိုင်း ညှိနှိုင်းအဖြေရှာသွားမည်

0
NCA လက်မှတ်ထိုးထားသည့် အဖွဲ့တချို့ နှင့် တပ်မတော် ကြား ထိတွေ့ ပစ်ခတ်မှု ရှိသော်လည်း NCA အတိုင်း ညှိနှိုင်း အဖြေရှာ သွားမည် ဟု PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။   ယနေ့ ၉ ကြိမ်မြောက်...