Tuesday, January 27, 2026

NCA အဖွဲ့ တချို့ နှင့် တပ်မတော်ကြားပစ်ခတ်မှု ကို NCA အတိုင်း ညှိနှိုင်းအဖြေရှာသွားမည်

NCA လက်မှတ်ထိုးထားသည့် အဖွဲ့တချို့ နှင့် တပ်မတော် ကြား ထိတွေ့ ပစ်ခတ်မှု ရှိသော်လည်း NCA အတိုင်း ညှိနှိုင်း အဖြေရှာ သွားမည် ဟု PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။

 

Photo by NCA-S EAO

ယနေ့ ၉ ကြိမ်မြောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST ) အစည်းအဝေး ကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် မတ် ၂ ရက်မှ ၃ ရက်ထိ ပြုလုပ်နေသည်။

အဆိုပါ အစည်းအဝေး တွင် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ်( NCA) လက်မှတ်ရေးထိုးသည့် အဖွဲ့ တချို့ နှင့် တပ်မတော် ကြား မတော်တဆ ထိတွေ့ ပစ်ခတ်မှု ရှိကြောင်း၊ ထို ကိစ္စများကို NCA အတိုင်း ဆွေးနွေးခြင်းနှင့် အဖြေရှာသွားမည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောသည်။

“ပြဿနာ အသေးအမွှား၊ နားလည်မှုလွဲခြင်းတွေကြောင့် လက်ရှိ တဖြည်းဖြည်းချင်း ချီတက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထိအခိုက် အပွန်းအပဲ့ မခံစေရပါဘူး။ NCA ပူးတွဲ ပိုင်ရှင် တွေဖြစ်လို့ NCA အပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိရပါမယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် က ထည့်သွင်းပြောခဲ့သည်။

ယနေ့ကျင်းပသည့် PPST အစည်းအဝေးသည် ပြည်ထောင်စု မပြိုကွဲရန် တပ်မတော် မှ အာဏာသိမ်း ခဲ့သည်မှာ (၅၈)နှစ် ပြည့်သည့်ရက်လည်း ဖြစ်ကြောင်း၊ အာဏာသိမ်းသူများသည် ပြည်ထောင်စု မပြိုကွဲ အောင် ကယ်တင်သည်  ဟု ဆိုသော်လည်း တိုင်းရင်းသားများ အနေဖြင့် ပြည်ထောင်စု ပြိုကွဲသည့်နေ့ဟု သတ်မှတ်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး  ယွက်စစ် က ထပ်လောင်း ထည့်သွင်းပြောဆိုလိုက်သည်။

ဆက်လက်ပြီး လက်ရှိ အချိန်သည် ကမ္ဘာတဝန်းလုံး ရှိ နိုင်ငံပေါင်း (၅၀) ကျော် ကိုခိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကပ်ဘေး ရောဂါဆိုးကြီး သည် လျင်မြန်စွာ ဖြင့် ကူးစက်နေကြောင်း၊ ထိုရောဂါနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အားလုံးအနေဖြင့် ကျန်းမာရေးဆိုင်ရာ သတိပေးချက်၊ တားမြစ်ချက် လိုက်နာဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်- အမေရိကန် ကျားဖြန့်အားပြိုင်မှုကြား ရုန်းထွက်ရန် ကြိုးစားနေသည့် စစ်အုပ်စုနှင့် EAOs များ

0
ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါနိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက် အပါအဝင် ထိုင်း...

“၂၀၀၈ အခြေခံ ဥပဒေက ဖက်ဒရယ်ပုံစံ ဖြစ်လာအောင် ကျနော်တို့ တဖြည်းဖြည်းချင်း ပြုပြင်ပြီးတော့ လုပ်သွားရမယ့် အခြေအနေမှာ ရှိပါတယ်”

0
လာမည့် ၂၀၂၅ ဒီဇင်ဘာလနှင့် ၂၀၂၆ ဇန်နဝါရီလတို့တွင် ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပြီးနောက် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့ရမည့် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ” ဆွေးနွေးပွဲနှင့် “ငြိမ်းချမ်းရေး စကားဝိုင်း” Peace Talk 2025 တို့ကို...

NCA ဆက်လက်ဆွဲကိုင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့ မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ဆက်လက်ဆွဲကိုင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ မျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၇ ရက်)မှ စတင်ပြီး မတ်လ ၁၉ ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး...

အပစ်ရပ် (၇) ဖွဲ့နှင့် NSPNC တို နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံ

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (NCA-S EAO)  ၇ ဖွဲ့ နှင့်အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီNSPNC တို့ နေပြည်တော်တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၂၈) ရက်တွင် NSPNC ၏ ဗဟိုဌာနရှိရာ နေပြည်တော်၌ တွေ့ဆုံခြင်းဖြစ်ပြီး NCA – S – EAO  (၇) ဖွဲ့ အနေဖြင့်သက်ဆိုင်သူ အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှု အခင်းအကျင်း တစ်ရပ် ပေါ်ပေါက်ရေးကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ငြိမ်းချမ်းရေး အဆင့်ဆင့် နှင့် ဖက်ဒရယ် အခြေခံမူများ စသည့် အကြောင်းအရာအများကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်းလည်း NCA – S – EAO (၇) က ထုတ်ပြန်ထားသည်။ အဆိုပါ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် NCA – S – EAO (၇) ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စဝ်စိုင်းငင်း (RCSS /SSA) ၊ ဒုတိယ အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည့် စောမြရာဇာလင်း (ALP) နှင့်နိုင်အောင်မငေး (NMSP) ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး စောကျော်သန်းဌေး  (DKBA) ၊ ဗိုလ်မှူးကြီး စောကျော်ညွှန့်(KNU/KNLA-PC) ၊ ကျာဖူး (LDU) ဗိုလ်မှူးခွန်သိန်းမင်းသိန်း (PNLO) နှင့် အထောက်အကူပြု ကိုယ်စားလှယ် (၅) ဦး၊ စုစုပေါင်း(၁၂) ဦးဖြင့် NSPNC နှင့် တက်ရောက်ဆွေးနွေးနေကြောင်း သိရသည်။ ထို့နည်းတူပင် စစ်ကောင်စီ လက်အောက်ခံ NSPNC ဘက်မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့က တက်ရောက်ခဲ့ကြောင်း လည်း သိရသည်။ အပစ်ရပ် NCA – S – EAO နှင့် NSPNC တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုသည် မတ်လ (၂၉) ရက်နေ့ အထိ ရှိမည်ဖြစ်ကြောင်းလည်း NCA – S –...

EAOs အဖွဲ့ (၇) ဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအတွက် အဆင်သင့်မဖြစ်ကြောင်း စစ်ကောင်စီ အကြောင်းပြန်

0
NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့ EAOs (၇) ဖွဲ့မှ ကမ်းလှမ်းသည့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုအတွက် စစ်ကောင်စီဘက်မှ အဆင်သင့် မဖြစ်သေးဘူးဟု အကြောင်းပြန်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု...