NCA ဆက်လက်ဆွဲကိုင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့ မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ဆက်လက်ဆွဲကိုင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ မျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ကျင်းပနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (မတ်လ ၁၇ ရက်)မှ စတင်ပြီး မတ်လ ၁၉ ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး NCA ကို ဆက်လက်စွဲကိုင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ မျက်နှာစုံညီ အစည်းအဝေး (7 NCA-S EAO Summit) တွင် စုဖွဲ့မှုပုံစံအသစ်အတွက် နိုင်ငံရေးဆိုင်ရာ အဆိုပြုချက်များနှင့် ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း)တို့ကို ဆွေးနွေးသွားမည်ဟု သိရသည်။

“နိုင်ငံရေး၊ စစ်ရေး အခြေအနေများက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပြီး မိမိတို့ (၇)ဖွဲ့ထဲက တချို့အဖွဲ့ဆိုရင် တိုက်ပွဲဝင်နေတာတွေ ရှိခဲ့ပါတယ်။ ဒီအချက်တွေက လက်ရှိအခြေအနေကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေဟာ ထိလွယ်ရှလွယ်တဲ့ အနေအထားမှာ ရှိနေပါတယ်”ဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ၎င်း၏ အဖွင့်နှုတ်ခွန်းဆက်စကားတွင် ပြောကြားခဲ့သည်။

ယခုကျင်းပသည့် အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေ သုံးသပ်ခြင်းအပြင် အခြားအရေးပါသည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။

“ယနေ့ကာလမှာ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ရေးဘောင်ကျယ်တဲ့ အနေအထားမှာ ရှိနေပါတယ်။ မိမိတို့ (၇)ဖွဲ့ အနေနဲ့ EAO (၁၂)ဖွဲ့ လက်ခံထားတဲ့ ဖက်ဒရယ်မူကို စွဲကိုင်ပြီး ရှေ့ခရီးကို ဆက်လက်ချီတက်မှာ ဖြစ်ပါတယ်။ မိမိတို့ (၇)ဖွဲ့ရဲ့ ထိန်းချုပ်တဲ့ နယ်မြေဒေသ အသီးသီးတွေမှာ မိမိတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားရမှာ ဖြစ်ပါတယ်”ဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဆက်ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လက်ရှိကျင်းပနေသည့် မျက်နှာစုံညီ အစည်းအဝေးသို့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) နှင့် မွန်ပြည်သစ်ပါတီ(NMSP) တို့အပြင် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးလည်း တက်ရောက်သည်။

၎င်းတို့အထဲတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့သည် သီးခြားခွဲထွက် အဖွဲ့များဖြင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသလို အခြားတစ်ဘက်တွင်လည်း NCA ကို ဆက်လက်ဆွဲကိုင်ပြီး စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးလျက် ရှိသည်။

လက်ရှိတွင် RCSS တပ်ဖွဲ့သည်လည်း NCA ကို ဆက်လက်ဆွဲကိုင်ထားပြီး စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ (NSPNC)နှင့် ပုံမှန်တွေ့ဆုံ ဆွေးနွေးလျက်ရှိရာ စစ်အာဏာရှင် တိုက်ခိုက်ရေးတွင် ပါဝင်လာခြင်း မရှိသေးဘဲ RCSS ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းပြည်တောင်ပိုင်းတွင် လူထုတွေ့ဆုံမှုများ ဆက်တိုက်ပြုလုပ်နေသည်။

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် NCA (၈)နှစ်ပြည့် အခမ်းအနားတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ကိုယ်တိုင်က NCA ကို ၈ နှစ်ကြာမြင့်သည့်တိုင် အကောင်အထည် မဖော်နိုင်ခဲ့ဘဲ ငြိမ်းချမ်းရေးအတွက် အချိန် အလဟဿ ဖြစ်ခဲ့ရကြောင်း ပြောဆိုထားသည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရထံမှ အာဏာသိမ်းလိုက်ခြင်းကြောင့် NCA သည် ပြန်သုံး၍ မရ‌တော့ဘဲ ပျက်စီးသွားပြီဖြစ်ကြောင်း KNU နှင့် RCSS အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် ဦးသိန်းစိန် အစိုးရအကြား NCA လက်မှတ် ရေးထိုးနိုင်ရေးအတွက် အရေးပါခဲ့သူ စဝ်ဟန်ယောင်ဟွေ ကိုယ်တိုင် ဖေ‌ဖော်ဝါရီလ ၂၉ ရက်က သျှမ်းသံတော်ဆင့်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် EAOs နှင့် NSPNC တို့ကို အာဆီယံအထူးကိုယ်စားလှယ် သီးခြားစီတွေ့ဆုံ

0
လက်ရှိ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ လာဇရိုသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs များနှင့် စစ်အစိုးရလက်အောက်ခံ NSPNC ကိုယ်စားလှယ်တို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လက်ရှိ အာဆီယံဥက္ကဋ္ဌ၏...

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...