အပစ်ရပ် (၇) ဖွဲ့နှင့် NSPNC တို နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (NCA-S EAO)  ၇ ဖွဲ့ နှင့်အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီNSPNC တို့ နေပြည်တော်တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (မတ်လ ၂၈) ရက်တွင် NSPNC ၏ ဗဟိုဌာနရှိရာ နေပြည်တော်၌ တွေ့ဆုံခြင်းဖြစ်ပြီး NCA – S – EAO  (၇) ဖွဲ့ အနေဖြင့်သက်ဆိုင်သူ အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှု အခင်းအကျင်း တစ်ရပ် ပေါ်ပေါက်ရေးကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေး အဆင့်ဆင့် နှင့် ဖက်ဒရယ် အခြေခံမူများ စသည့် အကြောင်းအရာအများကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်းလည်း NCA – S – EAO (၇) က ထုတ်ပြန်ထားသည်။

အဆိုပါ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် NCA – S – EAO (၇) ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စဝ်စိုင်းငင်း (RCSS /SSA) ၊ ဒုတိယ အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည့် စောမြရာဇာလင်း (ALP) နှင့်နိုင်အောင်မငေး (NMSP) ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး စောကျော်သန်းဌေး  (DKBA) ၊ ဗိုလ်မှူးကြီး စောကျော်ညွှန့်(KNU/KNLA-PC) ၊ ကျာဖူး (LDU) ဗိုလ်မှူးခွန်သိန်းမင်းသိန်း (PNLO) နှင့် အထောက်အကူပြု ကိုယ်စားလှယ် (၅) ဦး၊ စုစုပေါင်း(၁၂) ဦးဖြင့် NSPNC နှင့် တက်ရောက်ဆွေးနွေးနေကြောင်း သိရသည်။

ထို့နည်းတူပင် စစ်ကောင်စီ လက်အောက်ခံ NSPNC ဘက်မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့က တက်ရောက်ခဲ့ကြောင်း လည်း သိရသည်။

အပစ်ရပ် NCA – S – EAO နှင့် NSPNC တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုသည် မတ်လ (၂၉) ရက်နေ့ အထိ ရှိမည်ဖြစ်ကြောင်းလည်း NCA – S – EAO (၇) ၏ ထုတ်ပြန်ထားချက် အရ သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ဖော်ဆောင်ရန်အတွက်ဟုဆိုကာ တနိုင်လုံး အပစ်ရပ်စဲရေး (၁) နှစ်ကြောညာထေားသော်လည်း မြေပြင် စစ်ပွဲများက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

ယမန်နေ့ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်မြောက် တပ်မတော်နေ့တွင်လည်း အမျိုးသား စည်းလုံးညီညွတ်ရေးအစိုးရ NUG ၊ PDF များ နှင့် ကူညီထောက်ပံ့ပေးနေသူများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

သျှမ်းအရှေ့ ကော်ဖီစိုက်ပျိုးရေး နည်းပညာပံ့ပိုးပေးရန် NSPNC နှင့် LDU နေပြည်တော်တွင်ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-ပန်ဝိုင်-ဝိုင်လီဒေသရှိ လားဟူတိုင်းရင်းသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာရေးဗီးကား ကော်ဖီစိုက်ပျိုးရေးတို့ကို ကူညီပံ့ပိုးပေးရန် NSPNC နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ...