Wednesday, January 28, 2026

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို PPST အနေဖြင့် တတ်နိုင်သည့်လမ်းဖြင့် ကြိုးပမ်းဆောင်ရွက်မည်

လက်ရှိ နိုင်ငံရေး အထွေထွေ အကျပ်တည်း ဖြေရှင်းနိုင်ရေးကို အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းမှတဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို PPST အနေဖြင့် တတ်နိုင်သည့်လမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း က အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S-EAO) ၏ ငြိမ်ချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းတွင် စတင်ကာ Video Conferencing ဖြင့် ကျင်းပကြောင်း သိရသည်။

PPST အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲ ပုံစံအသစ်ကို ဆွေးနွေးညှိနှိုင်း ချမှတ်သွားမှာဖြစ်ကြောင်းလည်း PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ဆိုသည်။

လာမည့် မတ်လ နှောင်းပိုင်းတွင် ကျင်းပရန် ရည်ရွယ်ထားသည့် NCA-S-EAO ၏ စတုတ္ထ ညီလာခံ (ဒုတိယပိုင်း) ကျင်းပနိုင်ရေးအတွက် ညီလာခံ ကြိုတင်ပြင်ဆင်ရေးကော်မတီ လုပ်ငန်းဆောင်ရွက်ချက် တင်ပြသည့်အပေါ် ဆွေးနွေးသွားမည် ဟုလည်း သိရသည်။

တစ်ဖက်မှာလည်း တိုက်ပွဲများကြောင့် အတိဒုက္ခအမျိုးမျိုးကြုံတွေ့နေရသည့် စစ်ရှောင်များအတွက် ဆက်လက်အကူအညီပေးနိုင်ရန် ကိုလည်း ဆွေးနွေးသွားမည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဆီယံ သဘောတူညီချက် ၅ ရပ်ကို NCA လက်မှတ်ထိုး (၇) ဖွဲ့ ဆက်ပူးပေါင်းမည်

0
မြန်မာနိုင်ငံရေး ဖြေရှင်းရန် အရှေ့တောင်အာရှ နိုင်ငံများအသင်းက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် NCA လက်မှတ်ထိုးထားသော တိုင်းရင်းလက်နက်ကိုင် (၇) ဖွဲ့ ဆက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၀ ရက်) နံနက်ပိုင်းတွင် ဆာဆီယံဉက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်...

NCA ကို ဆက်လက်ကိုင်စွဲမည်ဟု RCSS ပြော

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ (၆) လပတ် အဖွဲ့အစည်းမှ ဆုံးဖြတ်ချက်အရ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA) စာချုပ်ကို ဆက်လက် စွဲကိုင်ထားကြောင်း သတင်းရရှိသည်။ . အဆိုပါ အစည်းအဝေးကို သြဂုတ် (၁၈- ၂၀) ရက်ထိ ဗဟိုဌာနချုပ်ရှိရာ...

PPST အဖွဲ့ဝင် ၅ ဖွဲ့ စစ်ကောင်စီ နှင့် သွားရောက်တွေ့ဆုံမည်

0
ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် NCA-S EAO (၅) ဖွဲ့သည် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း...

PPST အဖွဲ့ဝင်များ စစ်ကောင်စီ လက်အောက်ခံ NSPNC ဆိုင်ရာ ကိစ္စရပ်ဆွေးနွေးမည်

0
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် NCA-S-EAO (၇) ဖွဲ့သည် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီ (NSPNC) ဆိုင်ရာကို ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု စုံစမ်းသိရသည်။ အဆိုပါ...

PPST အဖွဲ့ဝင် အချင်းချင်း ဘာကြောင့် တိုက်ပွဲဖြစ်နေရတာလဲ

0
သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA ရေးထိုးထားတဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့...