အာဆီယံ သဘောတူညီချက် ၅ ရပ်ကို NCA လက်မှတ်ထိုး (၇) ဖွဲ့ ဆက်ပူးပေါင်းမည်

မြန်မာနိုင်ငံရေး ဖြေရှင်းရန် အရှေ့တောင်အာရှ နိုင်ငံများအသင်းက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် NCA လက်မှတ်ထိုးထားသော တိုင်းရင်းလက်နက်ကိုင် (၇) ဖွဲ့ ဆက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့် NCAs-EAO ခုနစ်ဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

ယမန်နေ့ (ဇန်နဝါရီလ ၁၀ ရက်) နံနက်ပိုင်းတွင် ဆာဆီယံဉက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ် Mr.Alounkeo Kittikhoun ဦးဆောင့်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းလက်နက်ကိုင် (၇) တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ယခုကဲ့သို့ သဘောတူညီချက်များ ဆွေးနွေးခဲ့ကြောင်း PPST အဖွဲ့ဝင် ဦးခွန်ဉက္ကာက ပြောသည်။

“အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မဖြစ်မနေအကောင်အထည်ဖော်မယ်။ အဲ့ဒီကိစ္စမှာ ကျနော်တို့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကလည်း ထောက်ခံထားတယ်။ ပူးပေါင်းပါဝင်မယ်လို့ ပြောထားတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာတော့ နည်းလမ်းရှာပြီး အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းမယ်။ နောက်တစ်ခုက မြန်မာပြည်က အများလိုနေတဲ့ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေလည်း ဆက်ပြီးတော့ ခရီးဆက်နိုင်အောင် အာဆီယံအနေနဲ့ ကြိုးစားဆောင်ရွက်ပေးဖို့ ကျနော်တို့မေတ္တာရပ်ခံထားတယ်” ဟု ဦးခွန်ဉက္ကာက ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့် NCAs-EAO ခုနစ်ဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

အဆိုပါ နွေးဆွေးမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း၊ လိုအပ်ရင်လိုအပ်သလို မကြာခဏတွေ့ဆုံသွားကြမည်ဆိုသည့် ကတိဂဝတ်ရှိထားကြောင်း ၎င်းကဆက်ပြောသည်။

ဆွေးနွေးမှုပွဲတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းလက်နက်ကိုင် (၇) ဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA)၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ အဖွဲ့အသီးသီး၏ ကိုယ်စားလှယ်များက (၅) မိနစ်ကြာ အမြင်သဘောထား တင်ပြခဲ့သည်။

ထို့အပြင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် NCA လက်မှတ်ရေးထားသည့် တိုင်းရင်းလက်နက်ကိုင် (၇) တို့ ပထမရက် ဆွေးမှုတွင်လည်း လာမည့်ဆွေးနွေးမှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်ရန် အပြန်အလှန်ဘဘောတူထားကြောင်း၊ နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းဖြင့် ရှင်း၍ ဆွေးနွေးညှိနှိုင်း အဖြေရှာမည်ဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ဘက်ကလည်း စစ်ရေးဘောင်ကို ကျဉ်းနိုင်သမျှ ကျဉ်းအောင်၊ စစ်ရေးပဋိက္ခ လျှော့နိုင်သမျှ လျှော့အောင်လုပ်ပြီးတော့ နိုင်ငံရေးဘောင်ကို ကျယ်နိုင်သလောက်ကျယ်အောင် ဖွင့်ပေးဖို့ နိုင်ငံရေးပါတီရဲ့ အခန်းကဏ္ဍကို ဦးစားပေးဖို့၊ ပြီးတော့ နိုင်ငံရေး လုပ်ခွင့် အခွင့်အလမ်းတွေလည်း ဖွင်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်” ဟု ဦးခွန်ဦးက္ကာက ထပ်လောင်းပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရန်အတွက်ဟုဆိုကာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဟုကြေညာထားသော်လည်း သျှမ်းမြောက်ဒေသက “၁၀၂၇ စစ်ဆင်ရေး” အပါအဝင် နိုင်ငံတဝှမ်း နေရာအနှံ့အပြား၌ စစ်ပွဲများဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PV ပတ်စ်ပို့အသစ်လဲရန် နေပြည်တော်ခွင့်ပြုချက် လိုအပ်လာမှုကြောင့် ထိုင်းရောက်မြန်မာများ စိုးရိမ်နေ

0
ထိုင်းနိုင်ငံတွင် အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများ ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် အမျိုးအစားပြောင်းလဲခြင်း လုပ်ငန်းစဉ်များတွင် နေပြည်တော်၏ တိုက်ရိုက်ခွင့်ပြုချက် ရယူရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းရောက်မြန်မာလုပ်သားများကြား စိုးရိမ်မှု မြင့်တက်နေသည်။ ယခင်က PV အမျိုးအစားမှ PJ အလုပ်သမားပတ်စ်ပို့သို့ ပြောင်းလဲခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေပြည်တော်သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...