Wednesday, January 28, 2026

အာဆီယံ သဘောတူညီချက် ၅ ရပ်ကို NCA လက်မှတ်ထိုး (၇) ဖွဲ့ ဆက်ပူးပေါင်းမည်

မြန်မာနိုင်ငံရေး ဖြေရှင်းရန် အရှေ့တောင်အာရှ နိုင်ငံများအသင်းက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် NCA လက်မှတ်ထိုးထားသော တိုင်းရင်းလက်နက်ကိုင် (၇) ဖွဲ့ ဆက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့် NCAs-EAO ခုနစ်ဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

ယမန်နေ့ (ဇန်နဝါရီလ ၁၀ ရက်) နံနက်ပိုင်းတွင် ဆာဆီယံဉက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ် Mr.Alounkeo Kittikhoun ဦးဆောင့်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းလက်နက်ကိုင် (၇) တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ယခုကဲ့သို့ သဘောတူညီချက်များ ဆွေးနွေးခဲ့ကြောင်း PPST အဖွဲ့ဝင် ဦးခွန်ဉက္ကာက ပြောသည်။

“အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မဖြစ်မနေအကောင်အထည်ဖော်မယ်။ အဲ့ဒီကိစ္စမှာ ကျနော်တို့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကလည်း ထောက်ခံထားတယ်။ ပူးပေါင်းပါဝင်မယ်လို့ ပြောထားတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာတော့ နည်းလမ်းရှာပြီး အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းမယ်။ နောက်တစ်ခုက မြန်မာပြည်က အများလိုနေတဲ့ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေလည်း ဆက်ပြီးတော့ ခရီးဆက်နိုင်အောင် အာဆီယံအနေနဲ့ ကြိုးစားဆောင်ရွက်ပေးဖို့ ကျနော်တို့မေတ္တာရပ်ခံထားတယ်” ဟု ဦးခွန်ဉက္ကာက ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့် NCAs-EAO ခုနစ်ဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

အဆိုပါ နွေးဆွေးမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း၊ လိုအပ်ရင်လိုအပ်သလို မကြာခဏတွေ့ဆုံသွားကြမည်ဆိုသည့် ကတိဂဝတ်ရှိထားကြောင်း ၎င်းကဆက်ပြောသည်။

ဆွေးနွေးမှုပွဲတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းလက်နက်ကိုင် (၇) ဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA)၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ အဖွဲ့အသီးသီး၏ ကိုယ်စားလှယ်များက (၅) မိနစ်ကြာ အမြင်သဘောထား တင်ပြခဲ့သည်။

ထို့အပြင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် NCA လက်မှတ်ရေးထားသည့် တိုင်းရင်းလက်နက်ကိုင် (၇) တို့ ပထမရက် ဆွေးမှုတွင်လည်း လာမည့်ဆွေးနွေးမှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်ရန် အပြန်အလှန်ဘဘောတူထားကြောင်း၊ နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းဖြင့် ရှင်း၍ ဆွေးနွေးညှိနှိုင်း အဖြေရှာမည်ဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ဘက်ကလည်း စစ်ရေးဘောင်ကို ကျဉ်းနိုင်သမျှ ကျဉ်းအောင်၊ စစ်ရေးပဋိက္ခ လျှော့နိုင်သမျှ လျှော့အောင်လုပ်ပြီးတော့ နိုင်ငံရေးဘောင်ကို ကျယ်နိုင်သလောက်ကျယ်အောင် ဖွင့်ပေးဖို့ နိုင်ငံရေးပါတီရဲ့ အခန်းကဏ္ဍကို ဦးစားပေးဖို့၊ ပြီးတော့ နိုင်ငံရေး လုပ်ခွင့် အခွင့်အလမ်းတွေလည်း ဖွင်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်” ဟု ဦးခွန်ဦးက္ကာက ထပ်လောင်းပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရန်အတွက်ဟုဆိုကာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဟုကြေညာထားသော်လည်း သျှမ်းမြောက်ဒေသက “၁၀၂၇ စစ်ဆင်ရေး” အပါအဝင် နိုင်ငံတဝှမ်း နေရာအနှံ့အပြား၌ စစ်ပွဲများဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...