Friday, May 3, 2024

NCA-S  EAO

အာဆီယံ သဘောတူညီချက် ၅ ရပ်ကို NCA လက်မှတ်ထိုး (၇) ဖွဲ့ ဆက်ပူးပေါင်းမည်

မြန်မာနိုင်ငံရေး ဖြေရှင်းရန် အရှေ့တောင်အာရှ နိုင်ငံများအသင်းက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် NCA လက်မှတ်ထိုးထားသော တိုင်းရင်းလက်နက်ကိုင် (၇) ဖွဲ့ ဆက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၀ ရက်) နံနက်ပိုင်းတွင် ဆာဆီယံဉက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်...

PPST နိုင်ငံရေးလမ်းပြမြေပုံ နိုင်ငံရေးအင်အားစု နှင့် အရပ်ဘက် အဖွဲ့အစည်းများ ချပြဆွေးနွေးသွားမည်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ နိုင်ငံရေးလမ်းပြမြေပုံကို နိုင်ငံရေးအင်အားစုနှင့် အရပ်ဘက် အဖွဲ့အစည်း တွေ့ဆုံပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း PPST က ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် ယနေ့ ဧပြီ (၄)ရက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့မှ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် PPST ၏...

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို PPST အနေဖြင့် တတ်နိုင်သည့်လမ်းဖြင့် ကြိုးပမ်းဆောင်ရွက်မည်

လက်ရှိ နိုင်ငံရေး အထွေထွေ အကျပ်တည်း ဖြေရှင်းနိုင်ရေးကို အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းမှတဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို PPST အနေဖြင့် တတ်နိုင်သည့်လမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း က အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု...

ပြည်သူများကို လူမဆန်စွာ ကျူးလွန်သည့် စစ်ကောင်စီလုပ်ရပ်များကို PPST ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ

စစ်ကောင်စီမှ လူမဆန်စွာ ကျူးလွန်မှုများကို တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ စုပေါင်းဖွဲ့စည်းထားသော PPST က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ (ဇန်နဝါရီ ၆) ရက်စွဲဖြင့် ကြေညာချက်ထုတ်လိုက်သည်။ ထိုကြေညာချက်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ကယားပြည်နယ် ဖရူဆို မိုဆို ကိစ္စ၊...

လူစုလူဝေး ပြုလုပ်သည့် ကိစ္စ အစိုးရ စည်းမျဉ်းစည်းကမ်း သတ်မှတ်မည် ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

လူစုလူဝေး ပြုလုပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး အစိုးရ အနေဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်သည်။   အဆိုပါ ပြောကြားချက်သည် ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ၁၈ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းေရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးတွင်...

PPST အစည်းအဝေး ချင်းမိုင်တွင် ကျင်းပ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ယနေ့(ဇန်နဝါရီ ၁၇) ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွးကြကြောင်း သတင်းရရှိသည်။ ယနေ့ ကျင်းပသည့် PPST အစည်းအဝေးသည် (၈)ကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး ၊ အပစ်ခတ်ရပ်စဲရေးသဘောတူညီစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်လာကြောင်း သိရသည်။ အစည်းအဝေးတွင် တနိုင်ငံလုံး...

စတုတ္ထကြိမ်မြောက် ၂၁ရာစု ပင်လုံ ကို ယခုနှစ်ဆန်းပိုင်းတွင် ကျင်းပမည်

ယခုနှစ်ဆန်းပိုင်း တွင် ၂၁ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ စတုတ္ထကြိမ်ကျင်းပရန် ဆုံးဖြတ်ချက် ချထားကြောင်း သတင်းရရှိသည်။ အဆိုပါ ဆုံးဖြတ်ချက်သည် ယနေ့(ဇန်နဝါရီ ၈) ရက် နေပြည်တော်တွင် ပြုလုပ်သည့် တနိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်ရေး၊ ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ “ ၂၁ရာစု...

NCA ၃ နှစ်ကျော်ကြာပေမယ့် ထင်သာမြင်သာ တိုးတက်မှုမရှိသေး PPST ခေါင်းဆောင်ပြော

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူညီ စာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၃ နှစ်ကျော်ကြာပြီဖြစ်သော်လည်း ထင်သာ မြင်သာ တိုးတက်မှုများ မရှိသေးကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်စစ် က ပြောသည်။ မတ် ၁၄ ရက် ယနေ့စတင်ကျင်းပသည့် ၄...

Latest news