Wednesday, January 28, 2026

စတုတ္ထကြိမ်မြောက် ၂၁ရာစု ပင်လုံ ကို ယခုနှစ်ဆန်းပိုင်းတွင် ကျင်းပမည်

ယခုနှစ်ဆန်းပိုင်း တွင် ၂၁ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ စတုတ္ထကြိမ်ကျင်းပရန် ဆုံးဖြတ်ချက် ချထားကြောင်း သတင်းရရှိသည်။

Photo by Myanmar state counsellor office

အဆိုပါ ဆုံးဖြတ်ချက်သည် ယနေ့(ဇန်နဝါရီ ၈) ရက် နေပြည်တော်တွင် ပြုလုပ်သည့် တနိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်ရေး၊ ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ ၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ စတုတ္တအကြိမ် အစည်းအဝေး ကို ဒီ ၂၀၂၀ ပြည်နှစ်ဆန်းပိုင်း ၄လကာလ အတွင်းမှာ ကျင်းပဖို့ ဆိုပြီးတော့ ကျနော်တို့ ခေါင်းဆောင်တွ ဆုံးဖြတ်ခဲ့ပါတယ်” ဟု နိုင်ငံတော် သမ္မတ ရုံးမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေး က ယနေ့ JICM အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယနေ့ ပြုလုပ်သည့် JICM အစည်းအဝေးတွင် ဘုံသဘောတူညီချက် ၈ချက် ရရှိခဲ့ကြောင်းလည်း ဦးဇော်ဌေး က ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းဏသ် တစ်ဆို့မှု ကျော်လွှားရေး ဆွေးနွေးရန် အတွက် နှစ်ဖက် ညှိနှိုင်းရေး အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ များမှ တဆင့် ရလဒ်ကောင်းမွန်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေး ကို ယနေ့ ၈ ကြိမ်မြောက် JICM အစည်းအဝေး က မီးစိမ်းပြ လိုက်ကြောင်း ဗိုလ်ချုပ် ယွက်စစ် က အစည်းအဝေး နိဂုံးချုပ် တွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် အားလုံး ပါဝင်ရေး အတွက် ဆုံးဖြတ်ထားပြီး ဖြစ်သည့်အတွက် ကွင်းဆင်လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရန် တက်နိုင်သမျှ ကြိုးပမ်းစေလိုကြောင်းလည်း ဗိုလ်ချုပ် ယွက်စစ် က ပြောသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသည့် JICM အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့တက်ရောက်ခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ဖွဲ့သည် JICM အကြိုညှိနှိုင်းမှု ကို ယမန်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဆီယံ သဘောတူညီချက် ၅ ရပ်ကို NCA လက်မှတ်ထိုး (၇) ဖွဲ့ ဆက်ပူးပေါင်းမည်

0
မြန်မာနိုင်ငံရေး ဖြေရှင်းရန် အရှေ့တောင်အာရှ နိုင်ငံများအသင်းက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် NCA လက်မှတ်ထိုးထားသော တိုင်းရင်းလက်နက်ကိုင် (၇) ဖွဲ့ ဆက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၀ ရက်) နံနက်ပိုင်းတွင် ဆာဆီယံဉက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်...

PPST နိုင်ငံရေးလမ်းပြမြေပုံ နိုင်ငံရေးအင်အားစု နှင့် အရပ်ဘက် အဖွဲ့အစည်းများ ချပြဆွေးနွေးသွားမည်

0
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ နိုင်ငံရေးလမ်းပြမြေပုံကို နိုင်ငံရေးအင်အားစုနှင့် အရပ်ဘက် အဖွဲ့အစည်း တွေ့ဆုံပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း PPST က ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် ယနေ့ ဧပြီ (၄)ရက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့မှ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် PPST ၏...

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို PPST အနေဖြင့် တတ်နိုင်သည့်လမ်းဖြင့် ကြိုးပမ်းဆောင်ရွက်မည်

0
လက်ရှိ နိုင်ငံရေး အထွေထွေ အကျပ်တည်း ဖြေရှင်းနိုင်ရေးကို အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းမှတဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို PPST အနေဖြင့် တတ်နိုင်သည့်လမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း က အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု...

ပြည်သူများကို လူမဆန်စွာ ကျူးလွန်သည့် စစ်ကောင်စီလုပ်ရပ်များကို PPST ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ

0
စစ်ကောင်စီမှ လူမဆန်စွာ ကျူးလွန်မှုများကို တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ စုပေါင်းဖွဲ့စည်းထားသော PPST က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ (ဇန်နဝါရီ ၆) ရက်စွဲဖြင့် ကြေညာချက်ထုတ်လိုက်သည်။ ထိုကြေညာချက်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ကယားပြည်နယ် ဖရူဆို မိုဆို ကိစ္စ၊...

JICM အကြို အစည်းအဝေးတွင် သဘောတူညီချက် ၃ချက် ရရှိ

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အကြိုညှိနှိုင်းအစည်းအဝေးတွင် အတည်ပြုချက် (၃) ချက် ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် သြဂုတ် (၁၀ရက် မှ ၁၁ရက်)...