Wednesday, January 28, 2026

JICM အကြို အစည်းအဝေးတွင် သဘောတူညီချက် ၃ချက် ရရှိ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အကြိုညှိနှိုင်းအစည်းအဝေးတွင် အတည်ပြုချက် (၃) ချက် ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် သြဂုတ် (၁၀ရက် မှ ၁၁ရက်) ထိ ၂ ရက်သာ ကျင်းပဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီမှု ရရှိထားသည့် အချက် (၃)ချက်မှာ ( NCA အကောင်အထည်ဖော်ရေးမူဘောင် ၁၅ ချက် ရရှိထားခြင်း၊ ၂၀၂၀ အလိုမှာ ဆက်လက်ဆွေးနွေးသွားမည့် ခေါင်းစဉ်များနှင့် အဆင့်များ ခေါင်းစဉ်ကြီး ၈ ခုပေါ်တွင် သဘောတူညီမှု ရရှိထားခြင်း နှင့် ပြည်ထောင်စု အခြေခံမှုများ ဖက်ဒရယ် အခြေခံမှုများ နှင့် ပတ်သက်ပြီး ၃ ချက် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

“သူတို့ သဘောတူညီမှု ရထားတဲ့ ဥစ္စာကို မနက် JICM မှာ တင်ပြကြတယ်။ တင်ပြီးတော့မှ အတည်ပြုမယ်လို့တော့ မျှော်လင့်တာပေါ့။” – ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အတူ နေပြည်တော်သို့လိုက်ပါသွားသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ အကြံပေး ပုဂ္ဂိုလ် ဦးခွန်စိုင်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ပြင် သြဂုတ် ၁၄ မှ ၁၈ ထိ UPDJC အဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တင်ပြမည့် ပုံစံကို ပြန်ပြီး ရေးဆွဲကြမည်ဖြစ်ပြီး ၅ ရက် အတွင်း စီမံရေးဆွဲပြီးလျှင် ပြည်ထောင်စု ညီလာခံတွင် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီ ၅ ရက်အတွင်းမှာ စီမံရေးဆွဲလို့ ပြီးပြီဆိုလို့ရှိရင် ပြည်ထောင်စု ညီလာခံ ၁၉ ရက်နေ့မှာ တင်ပြမယ်။ တင်ပြပြီးတော့မှ ၂၁ ရက်နေ့မှာ အတည်ပြုကြမယ်” ဟု ဦးခွန်စိုင်း က ထပ်လောင်း ပြောသည်။

ယခု JICM အကြိုညှိနှိုင်းအစည်းအဝေးတွင် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့ မှ ညှိနှိုင်းမှုမပြီးပြတ်သေးသည့် အကြောင်းအရာများကို ဆက်လက်ညှိနှိုင်းသွားမှာဖြစ်ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ စတုတ္တအစည်းအဝေး ဆိုင်ရာ ကိစ္စရပ်များနှင့် (၉ ) ကြိမ်မြောက် JICM အစည်းအဝေးအတွက် ပြင်ဆင်မှုများကို ဆွေးနွေးညှိနှိုင်းမှာ ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်း က အဖွင့်မိန့်ခွန်းမှာ ပြောကြားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PPST အစည်းအဝေး ချင်းမိုင်တွင် ကျင်းပ

0
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ယနေ့(ဇန်နဝါရီ ၁၇) ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွးကြကြောင်း သတင်းရရှိသည်။ ယနေ့ ကျင်းပသည့် PPST အစည်းအဝေးသည် (၈)ကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး ၊ အပစ်ခတ်ရပ်စဲရေးသဘောတူညီစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်လာကြောင်း သိရသည်။ အစည်းအဝေးတွင် တနိုင်ငံလုံး...

စတုတ္ထကြိမ်မြောက် ၂၁ရာစု ပင်လုံ ကို ယခုနှစ်ဆန်းပိုင်းတွင် ကျင်းပမည်

0
ယခုနှစ်ဆန်းပိုင်း တွင် ၂၁ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ စတုတ္ထကြိမ်ကျင်းပရန် ဆုံးဖြတ်ချက် ချထားကြောင်း သတင်းရရှိသည်။ အဆိုပါ ဆုံးဖြတ်ချက်သည် ယနေ့(ဇန်နဝါရီ ၈) ရက် နေပြည်တော်တွင် ပြုလုပ်သည့် တနိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်ရေး၊ ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ “ ၂၁ရာစု...

လိုချင်တာ ယူပြီး၊ မကြိုက်တာကို ရှောင်လွှဲပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကျပ်အတည်းဖြစ်နိုင် ဟုဆို

0
အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ်ထဲတွင် လိုချင်တာကို ယူပြီး၊ မကြိုက်တာ ကို ရှောင်လွှဲ မည်ဆိုပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကျပ်အတည်း ဖြစ်ပေါ်စေနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။ အဆိုပါပြောဆိုမှုသည် ယနေ့ (ဇန်နဝါရီ ၈) ရက် မနက်ပိုင်းတွင် နေပြည်တော်တွင် ကျင်းပသည့်...