Wednesday, January 28, 2026

လိုချင်တာ ယူပြီး၊ မကြိုက်တာကို ရှောင်လွှဲပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကျပ်အတည်းဖြစ်နိုင် ဟုဆို

အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ်ထဲတွင် လိုချင်တာကို ယူပြီး၊ မကြိုက်တာ ကို ရှောင်လွှဲ မည်ဆိုပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကျပ်အတည်း ဖြစ်ပေါ်စေနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။

Photo by Myanmar state counsellor office

အဆိုပါပြောဆိုမှုသည် ယနေ့ (ဇန်နဝါရီ ၈) ရက် မနက်ပိုင်းတွင် နေပြည်တော်တွင် ကျင်းပသည့် တနိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်ရေး ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ အစုအဖွဲ့ တဖွဲ့ဖွဲ့ က လိုချင်တာကိုပဲ ကွက်ပြီးယူမယ်။ မကြိုက်တာ ဆိုရင် ရှောင်လွှဲနေမယ်ဆိုရင် ကျန်တဲ့ အစုအဖွဲ့ တွေ အားလုံးမှာလည်း အခက်အခဲတွေ ဖြစ်လာစေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အကျပ်အတည်းတွေ ဆက်တိုက်ဖြစ်ပေါ်နိုင်ပါတယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

Photo by Myanmar state counsellor office

NCA စာချုပ်ထဲ မှ ကိုယ်ကြိုက်တာကို ပဲ ယူပြီး ၊ မကြိုက်တာမယူကာ ကိုယ်သဘောကျတဲ့အပိုင်း ကိုပဲ အကောင်အထည်ဖော်ပြီး သဘာမကျပါက အကောင်အထည် မဖော်သည့် ကိစ္စ ရှောင်ကြဉ်ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည် က သတိပေးလိုက်သည်။

ထို့ပြင် NCA လက်မှတ်ရေးမထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း အစိုးရ အနေဖြင့် အမြဲတမ်းတံခါးဖွင့်ထားကြောင်း၊ လက်နက်ကိုင်ပြီး အားသာချက်ယူတာ၊ ဖြေရှင်းချက် အသစ်များကို စိတ်ကူးယဉ်ခြင်းသည် နိုင်ငံပြဿနာ များကို မဖြေရှင်းနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

“နိုင်ငံရေး စားပွဲဝိုင်းတွေမှာ ဝင်ထိုင်ပြီး ကိုယ့်ရဲ့ လိုအင် ဆန္ဒ ကိုယ့်ရဲ့ လိုလားချက် တွေကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး၊ ကျမတို့ရဲ့ ဆွေးနွေးဖို့ လိုပါတယ်။ ဒီလို ဆွေးနွေးနိုင်ဖို့ အတွက် လည်း ကျမတို့ ငြိမ်းချမ်းရေး တံခါးဖွင့် ထားပေးတာဖြစ်ပါတယ်” ဟု လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် က ထပ်လောင်း ပြောကြားလိုက်သည်။

ဆက်လက်ပြီး ၂၀၂၀ ခုနစ် လ လယ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ ညီလာခံ စတုတ္ထ အစည်းအဝေး ကျင်းပနိုင်ရေး ကို ဦးတည်ပြီး လုပ်ငန်းအစီအစဉ် အဆင့်ဆင့် ချမှတ်ဆောင်ရွက် သွားရန် လိုအပ်ကြောင်း လည်း PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ကြီး ယွက်စစ် က ယနေ့ အဖွင့်မိန့်ခွန်းတွင် ပြောသည်။

Photo by NCA-S- EAO

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ချမှတ်ရာတွင် လက်ရှိ ဖြစ်ပွားနေသည့် အဖက်ဖက် က အခြေအနေ များကို ထည့်သွင်း စဉ်းစားရမည် ဟု လည်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသည့် JICM အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့တက်ရောက်ခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ဖွဲ့သည် JICM အကြိုညှိနှိုင်းမှု ကို ယမန်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

NCA (၁၀)နှစ်ပြည့်ပွဲ ကျင်းပနေစဉ် စစ်တပ်က သီပေါမြို့နယ်ကို လေကြောင်းဗုံးကြဲ ဖိအားပေးတိုက်နေ

0
စစ်ကော်မရှင်တပ်သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က...

တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

0
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင်...

စစ်ကော်မရှင် NSPNC နှင့် အပစ်ရပ် ၇ ဖွဲ့တို့ NCA ၁၀ နှစ်ပြည့်ပွဲအတွက် နေပြည်တော်၌ ဆွေးနွေးနေ

0
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေးအတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့နှင့် စစ်ကော်မရှင်၏ NSPNC တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၂ ရက်) နံနက်ပိုင်းမှ...

NCA ၁၀ နှစ်ပြည့်အခမ်းအနား ပူးတွဲကျင်းပရေး 7 EAO Alliance ဆွေးနွေး၊ လာမည့်ရွေးကောက်ပွဲ ကြားနေမည်ဟုဆို

0
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့မှ NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေး ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် အောက်တိုဘာလ (၁၅) ရက်တွင် ကျရောက်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA...