Wednesday, January 28, 2026

PPST အစည်းအဝေး ချင်းမိုင်တွင် ကျင်းပ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ယနေ့(ဇန်နဝါရီ ၁၇) ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွးကြကြောင်း သတင်းရရှိသည်။

Photo by NCA-S-EAO

ယနေ့ ကျင်းပသည့် PPST အစည်းအဝေးသည် (၈)ကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး ၊ အပစ်ခတ်ရပ်စဲရေးသဘောတူညီစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်လာကြောင်း သိရသည်။

အစည်းအဝေးတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရေး ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM က သဘာတူညီသည့် အချက် (၈)ချက် ကို ဆွေးနွေးထားမည် ဟု သိရသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အချိန်ဇယားများ ရေးဆွဲရာတွင် ၂၀၂၀ ခုနစ် ပထမ လေးလ ကာလ အတွင်း အတတ်နိုင်ဆုံး ရေးဆွဲရန် လိုအပ်ကြောင်း ယနေ့ကျင်းပသည့် PPST အစည်းအဝေး ယာယီ အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ၏ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ဆက်လက်ပြီး ဗိုလ်ချုပ်ကြီး ယွက်စစ် က အချိန်ဇယား ရေးဆွဲရာတွင် “ နှစ်ဖက် ထိပ်သီး ခေါင်းဆောင် တွေရဲ့ သဘောထား ဆန္ဒ တွေကို အလေးပေး ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်” ဟု မိန့်ခွန်း တွင် ဖော်ပြထားသည်။

NCA တွင် မပါဝင်သေးသည့် တိုင်းရင်းသားလက်နက်ကိုင် များ ပါဝင်လာနိုင်ရေး အတွက် လက်တွေ့ကျသည့် အခင်းအကျင်းနှင့် လုပ်ငန်းစဉ်များကို လည် ၈ကြိမ်မြောက် PPST အစည်းအဝေးတွင် တိတိကျကျ ချမှတ်ထားရန် လိုအပ်သည် ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောဆိုလိုက်သည်။

ထို့ပြင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲသည် ၂၁ရာစု ပင်လုံ ချီတက်ရာတွင် အဓိက ကျသည့် တဆင့်ခံ ဆွေးနွေးပွဲဖြစ်သည့်အတွက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေး ကိစ္စကို ယနေ့ ကျင်းပသည့် အစည်းအဝေးတွင် ဆွေးနွေးသွားမည် ဟု သိရသည်။

စတုတ္ထကြိမ်မြောက် ၂၁ပင်လုံ ကို ယခု နှစ်ဆန်း လေးလ အတွင်း ကျင်းပနိုင်ရန် ဇန်နဝါရီ ၈ရက် နေပြည်တော်တွင် ကျင်းပသည့် JICM အစည်းအဝေးတွင် သဘောထားဆုံးဖြတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဆီယံ သဘောတူညီချက် ၅ ရပ်ကို NCA လက်မှတ်ထိုး (၇) ဖွဲ့ ဆက်ပူးပေါင်းမည်

0
မြန်မာနိုင်ငံရေး ဖြေရှင်းရန် အရှေ့တောင်အာရှ နိုင်ငံများအသင်းက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် NCA လက်မှတ်ထိုးထားသော တိုင်းရင်းလက်နက်ကိုင် (၇) ဖွဲ့ ဆက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၀ ရက်) နံနက်ပိုင်းတွင် ဆာဆီယံဉက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်...

PPST နိုင်ငံရေးလမ်းပြမြေပုံ နိုင်ငံရေးအင်အားစု နှင့် အရပ်ဘက် အဖွဲ့အစည်းများ ချပြဆွေးနွေးသွားမည်

0
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ နိုင်ငံရေးလမ်းပြမြေပုံကို နိုင်ငံရေးအင်အားစုနှင့် အရပ်ဘက် အဖွဲ့အစည်း တွေ့ဆုံပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း PPST က ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် ယနေ့ ဧပြီ (၄)ရက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့မှ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် PPST ၏...

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို PPST အနေဖြင့် တတ်နိုင်သည့်လမ်းဖြင့် ကြိုးပမ်းဆောင်ရွက်မည်

0
လက်ရှိ နိုင်ငံရေး အထွေထွေ အကျပ်တည်း ဖြေရှင်းနိုင်ရေးကို အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းမှတဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို PPST အနေဖြင့် တတ်နိုင်သည့်လမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း က အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု...

ပြည်သူများကို လူမဆန်စွာ ကျူးလွန်သည့် စစ်ကောင်စီလုပ်ရပ်များကို PPST ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ

0
စစ်ကောင်စီမှ လူမဆန်စွာ ကျူးလွန်မှုများကို တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ စုပေါင်းဖွဲ့စည်းထားသော PPST က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ (ဇန်နဝါရီ ၆) ရက်စွဲဖြင့် ကြေညာချက်ထုတ်လိုက်သည်။ ထိုကြေညာချက်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ကယားပြည်နယ် ဖရူဆို မိုဆို ကိစ္စ၊...

၂၁ရာစု ပင်လုံ တွင် ဆွေးနွေးရန်အတွက် NCA-S-EAO UPDJC အစည်းအဝေး ကျင်းပ

0
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S-EAO)၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (NCA-S-EAO UPDJC) အစည်းအဝေးကို ယနေ့ မနက်ပိုင်းတွင် နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝးကို ယနေ့ သြဂုတ် ၁၄ ရက်မှ သြဂုတ်...