Wednesday, January 28, 2026

၂၁ရာစု ပင်လုံ တွင် ဆွေးနွေးရန်အတွက် NCA-S-EAO UPDJC အစည်းအဝေး ကျင်းပ

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S-EAO)၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (NCA-S-EAO UPDJC) အစည်းအဝေးကို ယနေ့ မနက်ပိုင်းတွင် နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

Photo by NCA-S-EAO

အဆိုပါ အစည်းအဝးကို ယနေ့ သြဂုတ် ၁၄ ရက်မှ သြဂုတ် ၁၈ ရက်ထိ ကျင်းပသွားမည်ဟုလည်း သိရသည်။

ယခုကျင်းပနေသည့် NCA-S-EAO UPDJC အစည်းအဝေးတွင် အစိုးရ နှင့် NCA-S-EAO ညှိနှိုင်းရေး အဖွဲ့၏ ညှိနှိုင်းဆွေးနွေးမှုဖြစ်စဉ်ရလဒ်၊ JICM အကြိုပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေး ၊ ၉ ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ဆုံးဖြတ်ချက်များ တို့ဖြစ်သည်။

ထို့ပြင် UPDJC နိုင်ငံရေး ပါတီ အစုအဖွဲ့ နှင့် တွေ့ဆုံ ဆွေးနွေးရေး ကိစ္စ၊ UPDJC အတွင်းရေးမှူးများ အဖွဲ့အစည်းအဝေး၊ UPDJC စုံညီ အစည်းအဝေး နှင့် သြဂုတ် ၁၉ မှ ၂၁ ရက်ထိ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္တအစည်းအဝေး ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ နှင့် ရှေ့ဆက်လုပ်ငန်းစဉ်များကို ဆွေးနွေး ညှိနှိုင်း ကြမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးအဖွင့် မိန့်ခွန့်တွင်လည်း NCA-S EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း က “ညီလာခံမှာ စာချုပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် UPDJC စုံညီ အစည်းအဝေးထံ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ပါ အကြောင်းအရာတွေကို တင်ပြ ဆွေးနွေးပြီး အတည်ပြုချက်ရယူနိုင်ဖို့ မိမိတို့ EAO UPDJC အနေနဲ့ ဆက်လက် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

UPDJC အဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တင်ပြမည့် ပုံစံကို ပြန်လည် ရေးဆွဲကြမည်ဖြစ်ပြီး ၅ ရက် အတွင်း စီမံရေးဆွဲပြီးလျှင် ပြည်ထောင်စု ညီလာခံတွင် ပြန်လည် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ကျင်းပသည့် UPDJC အစည်းအဝေးတွင် အစိုးရ နှင့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့များ၏ ညှိနှိုင်းဆွေးနွေးမှုဖြစ်စဉ် နှင့် ရလဒ်များ၊ JICM အကြိုပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေး၏ ရလဒ်များ ၊
“ဒီ ၅ ရက်အတွင်းမှာ စီမံရေးဆွဲလို့ ပြီးပြီဆိုလို့ရှိရင် ပြည်ထောင်စုညီလာခံ ၁၉ ရက်နေ့မှာ တင်ပြမယ်။ တင်ပြပြီးတော့မှ ၂၁ ရက်နေ့မှာ အတည်ပြုကြမယ် ” -ဟု RCSS/SSA ၏ အကြံပေး ပုဂ္ဂိုလ် ဦးခွန်စိုင်း ကပြောသည်။

လာမည့် ၂၀၂၀ အလွန် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်တွေမှာ ပြည်သူလူထုနှင့် လူထု အခြေပြု လူမှု အဖွဲ့အစည်းများထိုက်သင့်သလောက် ပါဝင်လာနိုင်ရေး အတွက် လည်း တွန်းအားပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်း က ပြောကြားခဲ့သည်။

ထို့ပြင် သြဂုတ် ၁၉ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္တအကြိမ် အစည်းအဝေးကို NCA လက်မှတ်မထိုးထားသေးသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ ( FPNCC) အဖွဲ့ဝင်များ မတက်ရောက်နိုင်ကြောင်း သြဂုတ် ၁၃ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

၂၁ ရာစု ပင်လုံညီလာခံသည် ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားနေသည့် အချိန်ကာလတွင် ကျင်းပသည့် အတွက်ကြောင့် မတက်ရောက်နိုင်ရခြင်းနှင့် FPNCCအဖွဲ့ဝင်ဖြစ်သည့် ရက္ခိုင့်တပ်တော် ( AA) ကိုမဖိတ်ကြားသည့်အတွက် မတက်ရခြင်းဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် FPNCC မတက်ရောက်နိုင်ကြောင်းကြေညာ

0
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC ) အဖွဲ့ဝင်များ မတက်ရောက်နိုင်ကြောင်း ယနေ့ သြဂုတ် ၁၃ ရက်စွဲဖြင့်ကြေညာချက်ထုတ်လိုက်သည်။ FPNCC အဖွဲ့ဝင်များသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်...

PPST အစည်းအဝေး ချင်းမိုင်တွင် ကျင်းပ

0
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ယနေ့(ဇန်နဝါရီ ၁၇) ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွးကြကြောင်း သတင်းရရှိသည်။ ယနေ့ ကျင်းပသည့် PPST အစည်းအဝေးသည် (၈)ကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး ၊ အပစ်ခတ်ရပ်စဲရေးသဘောတူညီစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်လာကြောင်း သိရသည်။ အစည်းအဝေးတွင် တနိုင်ငံလုံး...