၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် FPNCC မတက်ရောက်နိုင်ကြောင်းကြေညာ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC ) အဖွဲ့ဝင်များ မတက်ရောက်နိုင်ကြောင်း ယနေ့ သြဂုတ် ၁၃ ရက်စွဲဖြင့်ကြေညာချက်ထုတ်လိုက်သည်။

https://www.facebook.com/WaStateTV2011318

FPNCC အဖွဲ့ဝင်များသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးထားသေးသည့် “ ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ သျှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်း(ပလောင်) တပ်ဖွဲ့ (TNLA) နှင့် ရခိုင်တပ်မတော် (AA) တို့ ဖြစ်ကြသည်။

https://www.facebook.com/WaStateTV2011318

ယနေ့ “ ဝ” အထူးဒေသ (၂) ပန်ခမ်းမြို့တွင် FPNCC အစည်းအဝေးပြုလုပ်ရာ၌ ထိုသို့ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

https://www.facebook.com/WaStateTV2011318

၂၁ ရာစု ပင်လုံညီလာခံသည် ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားနေသည့် အချိန်ကာလတွင် ကျင်းပသည့်အတွက်ကြောင့် တောင်ပေါ်နယ်စပ် ဒေသများတွင် ဆေးဝါးကုသရေး ပညာအားနည်းခြင်း၊ ဆေးဝါး ကုသမှု စက်ကိရိယာများ မပြည့်စုံ ခြင်း၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလတွင် အသွား အလာခရီးစဉ် များ ခက်ခဲသဖြင့် ညီလာခံကို မတက်ရောက်နိုင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

https://www.facebook.com/WaStateTV2011318

စတုတ္ထအကြိမ် ညီလာခံ တွင် ပြည်ထောင်စု အစိုးရ မှ ရက္ခိုင့် တပ်မတော် (AA) ကိုဖိတ်ကြားခြင်း မရှိသည့်အတွက် လည်း FPNCC အနေဖြင့်များစွားစိတ်မကောင်းဖြစ်မိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၁ ရာစု ပင်လုံ ညီလာခံကို သြဂုတ် ၁၉ ရက်တွင်စတင်ကျင်းပမည် ဟု သိရသည်။

၂၁ ရာစု ပင်လုံ တွင် အပစ်မရပ်သေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ကို ဖိတ်ကြားသွား မည်ဖြစ်သော်လည်း AA ကို ဖိတ်ကြားမည် မဟုတ်ကြောင်း သြဂုတ် (၅) ရက် နေပြည်တော် တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကပြောဆိုခဲ့သည်။

ထိုညီလာခံ တက်ခြင်း၊ မတက်ခြင်းသည် အပစ်မရပ်သေးတဲ့ တပ်ဖွဲ့များအတွက် ထူးခြားလာမည်မဟုတ်ကြောင်းလလည်း TNLA က သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရခိုင် လမ်းဆုံလမ်းခွ – လွတ်လပ်ရေး အိပ်မက်နှင့် ကွန်ဖက်ဒရေးရှင်း 

0
ရှေ့ပြေး နိုင်ငံငယ်တစ်ခု ပေါ်ပေါက်စပြုလာခြင်း  ဝါရှင်တန်ဒီစီအခြေစိုက် လွတ်လပ်သော သုတေသနအဖွဲ့တစ်ခုဖြစ်သည့် The Jamestown Foundation ၏ လေ့လာမှုတစ်ခုအရ ရက္ခိုင့်တပ်တော် (AA) သည် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော မြန်မာ့ ပြည်တွင်းစစ်တွင် အင်အားအတောင့်တင်းဆုံးနှင့် ဩဇာအလွှမ်းမိုးနိုင်ဆုံး တော်လှန်ရေးအဖွဲ့ ဖြစ်လာခဲ့ပြီဖြစ်သည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ဝေခဲ့ပြီး "Arakan...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...