Tuesday, January 27, 2026

လူစုလူဝေး ပြုလုပ်သည့် ကိစ္စ အစိုးရ စည်းမျဉ်းစည်းကမ်း သတ်မှတ်မည် ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

လူစုလူဝေး ပြုလုပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး အစိုးရ အနေဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်သည်။

 

Photo by NCA-S-EAO/ facebook

အဆိုပါ ပြောကြားချက်သည် ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ၁၈ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းေရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မူဘောင်ပြင်ဆင်မှုကို အခြေခံပြီး အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင် သွားရန် ရှိနေသဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်တိုက်ဖြစ်ပေါ်လာတော့မည် ဟု နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Photo by NCA-S-EAO

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် က “ WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း) ကလည်း COVID 19 နဲ့ ပတ်သက်ပြီး Pandemic (ကမ္ဘာအနှံ့ ဖြစ်ပွားသောရောဂါ) လို့ကြေညာလိုက်ပါပြီ။ အဲ့တော့ ကျမ က ဒီနိုင်ငံရေး ဆက်စပ်ပြီး ပြောရမယ်ဆိုရင် လူစု လူဝေး လုပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ရမှာ ဖြစ်ပါတယ်” ဟု အစည်းအဝေး မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

Photo by NCA-S- EAO

ထို အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ယနေ့ မနက် ၁၀ နာရီ ၌ ကျင်းပခဲ့သည်။

ထို အစည်းအဝေးကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ( NCA-S- EAO) တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယခုရက်ပိုင်း သျှမ်းပြည် လားရှိုးမြို့၊ ပြင်ဦးလွင် နှင့် ဒီပဲယင်း မြို့သို့ လူထု တွေဆုံပွဲ ပြုလုပ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျားဖြူပါတီ အပါအဝင် ပါတီ ၄ ခုက UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ကို ဦးဆောင်

0
ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အပါအဝင် စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၄ ခုတို့က အသစ်ဖွဲ့မည့် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကို ဦးဆောင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မေလ ၂၅ နှင့် ၂၆ ရက်များတွင် စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က...

အာဆီယံ သဘောတူညီချက် ၅ ရပ်ကို NCA လက်မှတ်ထိုး (၇) ဖွဲ့ ဆက်ပူးပေါင်းမည်

0
မြန်မာနိုင်ငံရေး ဖြေရှင်းရန် အရှေ့တောင်အာရှ နိုင်ငံများအသင်းက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် NCA လက်မှတ်ထိုးထားသော တိုင်းရင်းလက်နက်ကိုင် (၇) ဖွဲ့ ဆက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၀ ရက်) နံနက်ပိုင်းတွင် ဆာဆီယံဉက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်...

ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ စစ်ကောင်စီဘက်က ပျော့ပြောင်းလာတယ်လို့ ကျားဖြူပါတီ ဥက္ကဌပြော

0
စစ်ကောင်စီ က ဦးဆောင်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ (UPDJC) တို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက် က နေပြည်တော်မှာ တွေ့ဆုံခဲ့ ကြပါတယ်။ အဲ့ဒီ တွေ့ဆုံမှုမှာ...

PPST နိုင်ငံရေးလမ်းပြမြေပုံ နိုင်ငံရေးအင်အားစု နှင့် အရပ်ဘက် အဖွဲ့အစည်းများ ချပြဆွေးနွေးသွားမည်

0
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ နိုင်ငံရေးလမ်းပြမြေပုံကို နိုင်ငံရေးအင်အားစုနှင့် အရပ်ဘက် အဖွဲ့အစည်း တွေ့ဆုံပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း PPST က ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် ယနေ့ ဧပြီ (၄)ရက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့မှ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် PPST ၏...

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို PPST အနေဖြင့် တတ်နိုင်သည့်လမ်းဖြင့် ကြိုးပမ်းဆောင်ရွက်မည်

0
လက်ရှိ နိုင်ငံရေး အထွေထွေ အကျပ်တည်း ဖြေရှင်းနိုင်ရေးကို အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းမှတဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို PPST အနေဖြင့် တတ်နိုင်သည့်လမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း က အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု...