ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ စစ်ကောင်စီဘက်က ပျော့ပြောင်းလာတယ်လို့ ကျားဖြူပါတီ ဥက္ကဌပြော

စစ်ကောင်စီ က ဦးဆောင်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ (UPDJC) တို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက် က နေပြည်တော်မှာ တွေ့ဆုံခဲ့ ကြပါတယ်။ အဲ့ဒီ တွေ့ဆုံမှုမှာ NSPNC ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နဲ့ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ်တို့က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဦးစိုင်းအိုက်ပေါင်း

တွေ့ဆုံဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိက ပြောဆိုခဲ့ကြပါတယ်။ ဒါ့ကြောင့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့် က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၃ ရွေးကောက်ပွဲ အတွက် SNDP ပါတီရဲ့ ပြင်ဆင်မှု အခြေအနေတွေကိုလည်း အသေးစိတ် မေးမြန်းတင်ဆက်ထားပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက် က စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့ NSPNC နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တွေ့ဆုံဆွေးနွေးမှုမှာ ဘာတွေ ဆွေးနွေးဖြစ်ခဲ့သလဲရှင့်။

ဖြေ ။ ။ ကျနော်တို့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကျနော်တို့ဘက်က အကြံပြု တင်ပြထားတာ ၁၁ ချက်ပေါ့။ ၄ ချက်တော့ သဘောတူညီချက်ရရှိပါတယ်။ ပုဒ်မ ၂၆၁ လည်း ရသွားပြီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကနေပြီးတော့ သက်ဆိုင်ရာပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးတို့ကို လွှတ်တော်ကနေပဲ ရွေးရမယ်။ ရွေးပြီးရင် မဲအများဆုံးရတဲ့သူက ဝန်ကြီးချုပ်ဖြစ်မှာပေါ့။ ဒါအရေးကြီးဆုံးပဲ။ တိုင်းရင်းသားတွေ လိုလားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာ ဒါပဲလေ။

မေး။။ ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပုဒ်မ ၂၆၁ ကို သဘောတူညီချက်ရရှိထားတဲ့ အပေါ်မှာ ဘယ်လိုမျိုး မှတ်ချက် ပေးချင်လဲရှင့်။

ဖြေ။ ။ ဒါက ရှင်းရှင်းပြောရရင် ကိုယ့်ဝန်ကြီးချုပ်ကို ကိုယ်ရွေးရတယ်ဆိုတာ ဒါကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖြစ်သွားပြီ လေ၊ ကိုယ့်ဘာသာကို အုပ်ချုပ်ရသွားပြီလေ၊ ဒီတစ်ဆင့်ကတော့ မဆိုးဘူးပေါ့၊ အခွင့်အရေးတွေ ရလာပြီပေါ့။

မေး ။ ။ လက်ရှိ သဘောတူညီချက်ကနေ ရှေ့ဆက်ရမယ့် ငြိမ်းချမ်းရေး လမ်းကြောင်းနဲ့ လုပ်ဆောင်ချက်တွေရော ဘယ်လိုရှိမလဲရှင့်။
ဖြေ ။ ။ တို့က နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စား UPDJC အဖွဲ့ပေါ့နော်၊ အစိုးရ တပ်မတော်နဲ့ လောလောဆယ် နှစ်ဖွဲ့ ပဲ ရှိတာပေါ့နော်၊ သဘောထားကတော့ကောင်းပါတယ်၊ သူတို့ကလည်း အရင်လို မတင်းမာတော့ဘူး၊ အရင်က ထက်စာရင် အများကြီး ပျော့ပျောင်းလာတယ်၊ ပြီးတော့ ယုံကြည်မှုလည်း ပိုရလာတော့ တိုးတက်လာမှုတွေ ရှိလာတယ်။

မေး။ ။ လာမဲ့ ၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာရော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ) အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်ပြီလားရှင့်။

ဖြေ။ ။ ကျနော်တို့က ဝင်ပြိုင်မှာပါ၊ ပြင်ဆင်ထားပြီးပါပြီ။ ထိုက်သင့်သလောက်လည်း အဆင်သင့်ဖြစ်နေပါပြီ၊ လာမယ့် ရွေးကောက်ပွဲမှာ ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်မယ်လို့လည်း ထင်ပါတယ်၊ ပြည်သူလူထုတွေလည်း သိသွားပြီလေ၊ အရင် ကျနော်တို့ နိုင် စဥ်က သျှမ်းပြည်နဲ့ ကချင်ပြည်တို့မှာ ဘယ်လို အခြေအနေ ရှိသလဲ။ ကျနော်တို့ မနိုင်တဲ့ ကာလ သက်တမ်းမှာ ပြည်သူလူထုတွေက ကိုယ်တွေ့ ကြုံတွေ့နေရပြီလေ။ ရှင်းရှင်းပြောရရင် ကျနော်တို့ မနိုင်စဥ်မှာ ကျောက်မဲဘက်က စစ်ဘေးရှောင်တွေက တောင်ကြီးဘက်က ဘုန်းကြီးကျောင်းမှာ လာပြီးတော့ နေကြရတယ်ဗျာ။

မေး။ ။ လာမယ့် ၂၀၂၃ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ မှတ်ပုံတင်ကြေးလည်း အပြောင်းအလဲတွေ ရှိလာနိုင်တယ်ပြောတဲ့အပေါ်မှာရော SNDP အနေနဲ့ ဘယ်လိုပြင်ဆင်ထားသလဲရှင့်။

ဖြေ ။ ။ နိုင်ငံရေးပါတီတွေက မှတ်ပုံတင် အသစ် ပြန်တင်ရမယ်လို့တော့ ကြားတယ်၊ အခုကျနော်တို့ ပါတီက လည်း စာရင်းတွေပြန်ကောက်ပြီးတော့ စုစည်းထားတယ်၊ ပါတီဝင်တွေက ဘယ်မြို့နယ်မှာ ဘယ်နှထောင် ဆိုတာက အကုန်လုံးလုပ်ထားပြီးသားလေ၊ တင်ရမယ်ဆိုလည်း တင်ရုံပဲ၊ ပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်က တင်သွင်းထားတဲ့ ပါတီဝင်တစ်သိန်း Deposit ငွေသိန်းတစ်ထောင်ဆိုတာကို နစက အဖွဲ့ဝင်တွေက ဒါမဖြစ်သင့် ဘူး လို့ ဆွေးနွေးတဲ့အခါမှာ ဒါမဖြစ်တော့ဘူးလေဗျာ၊ ပျက်ပြယ်သွားပြီလို့ ပြောလို့ရတယ်။

မေး ။ ။ ၂၀၂၃ ရွေးကောက်ပွဲအတွက် SNDP ပါတီ အနေနဲ့ တခြား နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေ ရှိနိုင်မလားရှင့်။

ဖြေ။ ။ ကျနော်တို့က ရွေးကောက်ပွဲပြီးတော့မှ ကျနော်တို့ ပြည်ထောင်စုကြီးအတွက် သျှမ်းပြည်အတွက် ဘယ်ပါတီ နဲ့မဆို လက်တွဲပူးပေါင်းဖို့ အဆင်သင့်ပါပဲ။ ဘယ်အဖွဲ့ကိုမဆို ကျနော်တို့က တွေ့မှာပဲ၊ ပြည်သူလူထု ကို လွတ်လွတ်လပ်လပ် မဲပေးခွင့်ပြုပါ။ ကျနော်တို့က ပြောမှာပဲ။ အခု ကျနော်တို့ သျှမ်းပြည်မှာ အဖွဲ့အစည်း တွေက ဆက်ကြေးကောက်တယ်၊ လူသစ်တွေ စုဆောင်းတယ်။ ဒါတွေကို ဘယ်ပါတီမှ မတောင်းဆိုဘူး။ တို့ ကျားဖြူပါတီကပဲ Statement ထုတ်တယ်လေ။ တို့ကတော့ ဘယ်သူ့ဘက်ကိုမှ ဘက်မလိုက်ဘူး၊ ပြည်သူလူထုဘက်ကိုပဲ မျက်နှာမူတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ကျမ မမေးမိတဲ့ အကြောင်းအရာတွေကို ဥက္ကဌကြီး ဘာများထပ်ဖြည့်စွက် ပြောချင်တာလဲရှင့်။

ဖြေ ။ ။ နောက်ပိုင်းကျရင်လေ အုပ်ချုပ်ရေးပိုင်းတွေမှာ ရွေးကောက်တင်မြောက်တဲ့ ပုံစံတွေ ဖြစ်လာတော့မှာ၊ အသေးစိတ်တော့ ပြောလို့မရသေးဘူးပေါ့နော်၊ မူအားဖြင့်တော့ အခုက မြို့နယ်တို့ ခရိုင်တို့တွေမှာ ဝန်ထမ်းတွေ နဲ့ အုပ်ချုပ်နေတာမလား၊ နောက်ဆိုလို့ရှိရင် ရွေးကောက်တင်မြောက်တဲ့ ဒေသခံ ပုဂ္ဂိုလ်တွေနဲ့ အုပ်ချုပ် ရတော့မှာ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

သျှမ်းအရှေ့ ကော်ဖီစိုက်ပျိုးရေး နည်းပညာပံ့ပိုးပေးရန် NSPNC နှင့် LDU နေပြည်တော်တွင်ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-ပန်ဝိုင်-ဝိုင်လီဒေသရှိ လားဟူတိုင်းရင်းသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာရေးဗီးကား ကော်ဖီစိုက်ပျိုးရေးတို့ကို ကူညီပံ့ပိုးပေးရန် NSPNC နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ...