ကျားဖြူပါတီ အပါအဝင် ပါတီ ၄ ခုက UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ကို ဦးဆောင်

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အပါအဝင် စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၄ ခုတို့က အသစ်ဖွဲ့မည့် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကို ဦးဆောင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

မေလ ၂၅ နှင့် ၂၆ ရက်များတွင် စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၄၇ ပါတီထဲမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ နိုင်ငံရေးပါတီ အစုအဖွဲ့ကို ပါတီ (၄)ခုက ဦးဆောင်သွားရန် ရွေးချယ်လိုက်ကြောင်း SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

“အခုက ပါတီ ၄ ခုတော့ ရွေးလို့ရတာပေါ့။ ပထမဦးဆုံးက ၄၇ ပါတီထဲက ၁၆ ပါတီ ရွေးတယ်။ ၁၆ ပါတီကနေ ၄ ပါတီ ထပ်ရွေးတယ်။ ၄ ပါတီ ရွေးတဲ့အထဲမှာ ပ-ခေါင်းဆောင် ဒု-ခေါင်းဆောင် ပြန်ရွေးရမယ်။ ရှေ့လဆန်း ပထမပတ် မကုန်ခင်မှာ ထပ်ရွေးရဦးမယ်။ အခုလောလောဆယ် ခေါင်းဆောင် ၄ ဦးကို ယာယီရွေးထားတာပေါ့”ဟု ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ နိုင်ငံရေးပါတီ အစုအဖွဲ့ကို ပူးတွဲဦးဆောင်သွားမည့် (၄)ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ပါတီ (PP)မှ ဦးကိုကိုကြီး၊ ရခိုင့်ဦးဆောင်ပါတီ (AFP)မှ ဒေါက်တာအေးမောင် နှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဦးစိုင်းအိုက်ပေါင်းတို့ ဖြစ်ကြပြီး လာမည့် ဇွန်လ ပထမပတ်တွင် လုပ်ငန်းတာဝန်များကို စတင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရမည်ဖြစ်ကြောင်း NCA စာချုပ်တွင် ပြဋ္ဌာန်းထားသည်။

“တကယ်တမ်း NCA အထဲမှာ သေချာဖတ်ကြည့်လိုက်ရင် လွှတ်တော်မရှိဘဲနဲ့လည်း အဲဒီ NCA သဘောတူညီချက်ရရင် ရွေးကောက်ပွဲကျင်းပလို့ လွှတ်တော်ပေါ်လာရင် အဲ့ဒီမှာ တင်ပြပြီး အတည်ပြုချက် ယူလိုက်ရင် အခြေခံ ဥပဒေ ပြင်လို့ရပြီ။ ဒီ ၄၇ ပါတီကပဲ ရွေးကောက်ပွဲ ဝင်မှာပဲ၊ လွှတ်တော်ကိုလည်း ဒီပါတီတွေရဲ့ ကိုယ်စားလှယ်တွေပဲ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာမှာပဲ။ အခုကတည်းက ညှိနှိုင်းထားရင် ရွေးကောက်ပွဲ ပြီးလာတဲ့အခါမှာ လွှတ်တော်ပေါ်လာရင် တင်ပြပြီး အတည်ပြုချက် ယူလိုက်ရင် ပြင်ချင်တဲ့ ပုဒ်မတွေ ပြင်လို့ရပြီ”ဟု ဦးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်က အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီးနောက်ပိုင်း UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ပြန်လည်စုဖွဲ့ခဲ့ရာ ဥက္ကဋ္ဌအဖြစ် ကျားဖြူပါတီ SNDP မှ ဦးစိုင်းအိုက်ပေါင်းက တာဝန်ယူခဲ့ဖူးကြောင်း သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေးကိစ္စရပ်များ တွေ့ဆုံဆွေးနွေးနိုင်ရန် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စုဖွဲ့မှုကို ပြင်ဆင်ထားကြောင်း သိရသော်လည်း NCA ကို ဆက်လက်ကိုင်စွဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့မှာ “7 EAO Alliance” မဟာမိတ်အဖြစ် ပြင်ဆင်ဖွဲ့စည်းထားရာ မည်သို့ရှေ့ဆက်ဆောင်ရွက်သွားမည်ကို မသိနိုင်သေးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...