PPST အဖွဲ့ဝင် အချင်းချင်း ဘာကြောင့် တိုက်ပွဲဖြစ်နေရတာလဲ

သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA ရေးထိုးထားတဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့ အကြား ထိတွေ့ ပစ်ခတ်မှုဟာ နယ်မြေကျူးကျော်မှုကြောင့် ဖြစ်တာလို့ နှစ်ဖက်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်တွေက အပြန်အလှန် ပြောဆိုနေကြပါတယ်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ

လက်ရှိ ကဒူးကြီးဒေသအတွင်းက တိုက်ပွဲဟာ ဘာကြောင့် ဖြစ်ပေါ်လာရသလဲ၊ ကဒူးကြီးဒေသ ရဲ့ နယ်မြေအခြေ အနေက ဘယ်လိုရှိနေလဲ၊ NCA လက်မှတ်ရေးထိုးထားတဲ့ PPST အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့ နှစ်ခု ထိတွေ့ ပစ်ခတ်မှု ဖြစ်တာဟာ ငြိမ်းချမ်းရေး လမ်းစဥ်တွေကို ထိခိုက်နိုင်မလား ဆိုတဲ့ အကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာကို သျှမ်းသံတော်ဆင့် ဝိုင်းတော်သူ နန်းနောင့်နောင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ မောက်မယ်မြို့နယ် ၊ ကဒူးကြီးဒေသအတွင်းမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တပ်နှစ်တပ်က ထိတွေ့ ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်လေးကိုပြောပြပေးပါအုံးရှင့်။

ဖြေ။ ။ ဒီကိစ္စကို ပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ပြည်ထောင်စု အဆင့် စာချုပ်ချုပ်တဲ့ အချိန်မှာ ဒီ PNLO ကို သမ္မတ ဦးသိန်းစိန် ကနေပြီးတော့မှ ထိန်းချုပ်နယ်မြေ ဆိုပြီးတော့ ကဒူးကြီးဒေသကို သတ်မှတ် ပေးတယ်၊ စာချုပ်ထဲမှာ၊ Bilateral စာချုပ်ပေါ့နော်၊ အဲ့ဒီမှာ ပြဿနာလေးရှိတော့ ဦးအောင်မင်း ကနေပြီးတော့ ဝင်ရှင်း ပေးရသေးတယ်၊ နောက်ပိုင်း နည်းနည်းကြာလာတော့ အဲ့ဒီနယ်မြေထဲမှာ သူဝင်ကိုယ်ထွက်ပေါ့လေ၊ RCSS က ဝင်လိုက် ထွက်သွားလိုက်နဲ့ PNLO က ဝင်သွားပြီး ပြန်မထွက်လာဘူး၊ အဲ့ဒီမှာ လူထုကိစ္စတွေ၊ ဆန်ပေးဝေတဲ့ ကိစ္စတွေ၊ ကျောင်းတွေ၊ ဆေးပေးခန်းတွေ သွားပြီးတော့ ကြည့်ရတယ်လေ၊ သူတို့ ထိန်းချုပ်နယ်မြေ ဖြစ်တော့။ အဲ့ဒီလို လက်နက်ကိုင် နှစ်ဖွဲ့ တောထဲမှာ အဆက်အသွယ်မရှိတော့ သွားရင်းလာရင်း ပစ်ခတ်မှုတွေလည်း ရှိလာတာပေါ့၊ အခုတကြိမ်လည်း အဲ့လိုပါပဲ၊ တမင်တကာ စခန်းကို သွားပြီး တိုက်တာ ပစ်တာမျိုးတော့ မဟုတ်ဘူးလို့ ပြောတယ်။

မေး ။ ။ အခုတကြိမ် RCSS/SSA နဲ့ PNLO/PNLA ထိတွေ့ပစ်ခတ်မှုက ဘယ်လို ဖြစ်ပေါ်လာရသလဲရှင့်၊ ဘာကြောင့် ဖြစ်ရတာလဲ။

ဖြေ။ ။ အပေါ်မှာ ကျနော်ပြောထားတာက တခုပေ့ါနော်၊ နောက်တခုက PNO/PNA ကလည်း တစ်မှုဖြစ်တယ်။ အခု ပြည်သူ့စစ်လုပ်နေတဲ့ PNA ကလည်း ဟိုနားမြို့နယ်လို့ခေါ်တဲ့ ကဒူးကြီးဒေသရဲ့ မြောက်ဘက်မှာ ရှိတဲ့ အဲ့ဒီ မြို့နယ်မှာ RCSS နဲ့ သဘောတူညီမှု ယူပြီး ဒီမြို့နယ်ထဲမှာ ဝင်ပြီး စခန်းချထားတာတွေ၊ နေရာယူထားတာတွေ ရှိနေတယ်၊ RCSS/SSA နဲ့ PNO/PNA နဲ့ နားလည်မှု ရပြီးတော့ မဟာမိတ် လုပ်ပြီးတော့ ဝင်နေကြတာပေါ့လေ။ ဒါပေမဲ့ PNO က သဘောတူထားတာ ဘာတွေရှိလဲ၊ ဒီနယ်မြေ ကိစ္စက သူတို့ ဘယ်လို ပြောထားလဲဆိုတာ ပအိုဝ်း အဖွဲ့အချင်းချင်းလည်း မတိုင်ပင်ဘူး သူတို့က၊ အဲ့လိုမတိုင်ပင်တော့ RCSS က PNO/PNA နဲ့ အဆင်ပြေ တယ်ဆိုပြီးတော့ လျှောက်သွားနေတာလည်း ဖြစ်နိုင်တယ်။

မေး ။ ။ အခုလိုမျိုး ထိတွေ့တိုက်ပွဲ ဖြစ်တာနဲ့ ပတ်သက်ပြီးတော့ တပ်ဖွဲ့ နှစ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ကို ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ နယ်မြေကျူးကျော်မှုကြောင့် ဖြစ်ရတာဆိုပြီး အပြန်အလှန် ပြောဆိုထားတာ တွေ့ရတယ်ရှင့်။ ဒီအပေါ်မှာရော ဆရာ့ အနေနဲ့ ဘယ်လို ပြောဆိုချင်ပါသလဲ။

ဖြေ။ ။ ဒီ Bilateral စာချုပ်အရ ကျနော် သိရသလောက် ပြောရမယ်ဆိုရင် RCSS ရဲ့ Bilateral မှာက မိုင်းတော့ ၊မိုင်းထားဒေသ ၊ မိုင်းပန် နောက်ခြမ်းဒေသ၊ ဟိုမိန်းမြို့နယ်ခွဲ ၊ ဒါတွေကို RCSS ရဲ့ ထိန်းချုပ်နယ်မြေ သတ်မှတ် ပေးတယ်။ အဲ့ဒီ (၄) နေရာပဲ၊ ကဒူးကြီး ဒေသမပါဘူး။ ကဒူးကြီးဒေသရဲ့ ရွာပေါင်း (၆၀) ကျော် ရွာကတော့ Bilateral စာချုပ်မှာ PNLO နဲ့ ဦးသိန်းစိန် နဲ့ ချုပ်တုန်းက PNLO ရဲ့ ထိန်းချုပ်နယ်မြေ အဖြစ် ခွင့်ပြုတယ်ဆိုတာ ပါတယ်။ ဒါကြောင့် နယ်မြေကို ကျူးကျော်တယ်လို့ ပြောလာရင် စာချုပ်အတိုင်းကြည့်ရင်တော့ PNLO ရဲ့ နယ်မြေ ဖြစ်တယ်ဆိုတာကိုတော့ စာချုပ်က သက်သေခံနေတာပေါ့နော်။

မေး။ ။ အခုလိုမျိုး RCSS/SSA နဲ့ PNLO/PNLA ကြား ထိတွေ့ ပစ်ခတ်မှုတွေက အရင်ကလည်း ရှိခဲ့တယ်လို့ သိရတယ်ရှင့်။ ဆိုတော့ အခုလိုမျိုး ပစ်ခတ်ထိတွေ့မှု လျှော့ကျအောင် ဘယ်လိုဖြေရှင်း ဆောင်ရွက်ရမလဲရှင့်။

ဖြေ ။ ။ ဟုတ်တယ်၊ အရင်တစ်ခေါက်က တိုက်ပွဲဖြစ်တာ တော်တော် ကြီးကြီးကျယ်ကျယ်ပဲ၊ PNLO က မြို့သစ် တည်ဆောက်တယ်၊ စခန်းလုပ်တယ်၊ အဲ့မှာ အချင်းချင်း ပစ်ခတ်မှု ဖြစ်ကြတယ်၊ အဲ့တုန်းက ဥက္ကဌ ခွန်မြင့်ထွန်း ဖြစ်နေတယ်၊ ခွန်မြင့်ထွန်းကို လွယ်တိုင်းလျန်း လွတ်ပြီး ဥက္ကဌကြီး ယွက်စစ် နဲ့ သွားညှိနှိုင်း ရတာပေါ့၊ အဲ့တုန်းက RCSS ကဘယ်တပ်ပေါင်းစု ရဲ့ တပ်ဖွဲ့ဝင် မဖြစ်သေးဘူး၊ စကားသွားပြောတော့ အားလုံးပြေလည်သွားတာပဲ။

အခုလည်း ဒီလိုမျိုး ကိစ္စကတော့ အောက်ခြေ က အချင်းချင်း ဆက်သွယ်ရေး နည်းလမ်းရှာထားရင်တော့ ကောင်းတယ် ၊ Walky Talky နဲ့ပဲ ဖြစ်ဖြစ် စက်နဲ့ပဲ ဖြစ်ဖြစ် အပြန်အလှန် နဲ့ ဒို့ ဘယ်ကဘယ်လိုလာမယ်ဟေ့၊ ဘယ်ကိုသွားမယ်ဟေ့ ဆိုပြီးတော့ ပြောထားရင်တော့ ဖြေရှင်းလို့ရတယ်။

အဲ့ဒီ နယ်မြေမှာရှိနေတဲ့ ပြဿနာ တစ်ခုက ဦးအောင်ခမ်းထီ အဖွဲ့က ဘာတွေ သဘောတူထားလဲ မသိဘူး၊ ဘာတွေသွားပြောထားလဲ မသိဘူး ၊ အဲ့ဒါကြောင့် လူကြီးချင်းမေးပြီးတော့ ရှင်းရင်တော့ ရနိုင်မယ် ထင်တယ်။

မေး ။ ။ အခု ထိတွေ့တိုက်ပွဲ ဖြစ်ပွားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုကလည်း NCA လက်မှတ်ရေးထိုးထားတဲ့ PPST အဖွဲ့ဝင် တပ်ဖွဲ့တွေ ဖြစ်နေတယ်ဆိုတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေကိုရော ထိခိုက်လာနိုင်မလားရှင့်။

ဖြေ ။ ။ မထိခိုက်နိုင်ပါဘူး။ ဒါက အောက်ခြေမှာ သွားရင်းလာရင်းနဲ့ ဖြစ်တာပဲ၊ နောက်ပြီးတော့ နိုင်ငံရေးအရ ဆိုရင်တော့ NCA လမ်းကြောင်းအတိုင်း ပူးပေါင်း ဆောက်ရွက်နေတာပဲ၊ ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်တဲ့ အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာလည်း (၇) ဖွဲ့လုံးတက်တယ်လေ၊ PNLO က ကိုယ်စားလှယ်တွေ လည်း ပါနေတာပဲ။ လုပ်စရာရှိနေတာတွေကိုတော့ တစ်ပေါင်းတစ်စည်းတည်း လုပ်နေပါတယ်။

မေး ။ ။ ခေါင်းဆောင်ပိုင်းကတော့ ပူးပေါင်း လုပ်ဆောင်နေတယ်၊ အောက်ခြေမှာတော့ ထိတွေ့ ပစ်ခတ်မှုက ရှိနေတယ်ပေါ့နော်၊ ဒါကိုရော ဆရာ့အနေနဲ့ ဘယ်လို ပြောချင်လဲရှင့်။

ဖြေ။ ။ အဓိကကတော့ RCSS/ SSA နဲ့ PNLO/PNLA ပြဿနာထက် PNO နဲ့ PNLO ကြားမှာကိုပဲ စကားပြောရ မလိုလို ဖြစ်နေတယ်၊ PNO က ခင်ဗျားတို့ RCSS ကို ဘယ်လိုပြောထားလဲ၊ ဘယ်နယ်မြေတွကို ခင်ဗျားတို့ ပြောနေလဲ၊ အဲ့ဒါတွေကို မေးရမယ်၊ တကယ်လို့ PNO က RCSS ကို ကဒူးကြီးလဲ ခင်ဗျားတို့ ဝင်လို့ရပါတယ်လို့ ပြောထားရင်တော့ သွားပြီလေ၊ အဲ့ဒါကြောင့် ပြဿနာက ပအိုဝ်း နှစ်ဖွဲ့ကြားမှာ မရှင်းဘူးဖြစ်နေတယ်။

မေး။ ။ ဒီကိစ္စ နဲ့ ပတ်သက်ပြီးတော့ ထပ်မံဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပေးပါအုံးရှင့်။

ဖြေ။ ။ ဒီကိစ္စက ကြီးကြီးကျယ်ကျယ် ဖြစ်ဖို့ အကြောင်းလည်း မရှိပါဘူး၊ နောက်ပြီးတော့ ဒီလို ဒေသအလိုက် နယ်မြေ မရှင်းမလင်းမှုအပေါ်မှာတော့ နားလည်မှု လွဲတာလေးတွေ ရှိလာနိုင်တယ်၊ အဲ့ဒီလို နားလည်မှု လွဲတာ ရှိလာရင်လည်း သူ့နေရာသူနေ ကိုယ့်နေရာကိုယ်နေတာ အကောင်းဆုံးပေါ့၊ အခုက PNO/PNA နဲ့ RCSS /SSA က မဟာမိတ်လုပ်ထားတာသိပေမဲ့ ဘာတွေ သဘောတူထားလဲ ဆိုတာမသိရဘူး ဖြစ်နေတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...