PPST အဖွဲ့ဝင် ၅ ဖွဲ့ စစ်ကောင်စီ နှင့် သွားရောက်တွေ့ဆုံမည်

ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် NCA-S EAO (၅) ဖွဲ့သည် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ပုံ – (မတ် – ၂၈ ရက်နေ့က NSPNC နဲ့ NCA-S-EAO (၇) ဖွဲ့ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးစဥ် )

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက် ချင်းမိုင်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S EAO) ၏ မျက်နှာစုံညီ အစည်းအဝေး၌ ဆုံးဖြတ် ဖြစ်ခဲ့ကြောင်း သိရသည်။

ယခုတစ်ကြိမ် NCA-S EAO (၅) ဖွဲ့သာ တက်ရောက်မည် ဖြစ်ကြောင်း PPST ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ NCA-S EAO (၇) ဖွဲ့ မျက်နှာစုံညီ အစည်းအဝေးက ရရှိတဲ့ သဘောတူ ဆုံးဖြတ်ချက်တစ်ခုလို့ ပြောရမှာ ပေါ့နော်။ ဒီ အစည်းအဝေးမှာ PPST အနေနဲ့ မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေကို ပြန်လည် သုံးသပ်တာရော၊ NSPNC ကနေ သူတို့ နဲ့ နောက်တစ်ခေါက်တွေ့ဖို့ ဖိတ်ခေါ်တာရော ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ လာမယ့် NSPNC နဲ့ တွေ့ဆုံမှု မှာ RCSS နဲ့ MNSP တို့က မလိုက်ဖြစ်တော့ဘူး၊ သူတို့ သီးသန့်အဖွဲ့ အနေ နဲ့ သွားမယ်တဲ့” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ NCA-S EAO နှင့် NSPNC တို့၏ တွေ့ဆုံ ဆွေးနွေးမှုတွင် NCA-S EAO မှ (၅) ဖွဲ့သာ တက်ရောက်မည် ဖြစ်ကြောင်း နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) ၊ မွန်ပြည်သစ် ပါတီ (MNSP) တို့က သီးသန့် သွားတွေ့ဆုံမည်ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

NCA-S EAO (၅) ဖွဲ့ နှင့် NSPNC တို့၏ တွေ့ဆုံမှုသည် ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ နေပြည်တော်တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်းသိရသည်။

“RCSS နဲ့ MNSP တို့က သီးသန့်သွားမယ်ဆိုပေမယ့်လည်း ကျနော်တို့ EAO ကြားမှာ (၇) ဖွဲ့လုံး သဘောတူညီ ထားတဲ့ အတိုင်း တူတာကို တွဲလုပ်မယ်၊ မတူတာကို ခွဲလုပ်မယ် ဆိုပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို ရှေ့ဆက် လုပ်ဆောင်သွားမှာပါ။ NCA လက်မှတ်ရေးထိုးတုန်းက အကုန်မပါသေးသလို NCA ကို အကောင်အထည် ဖော်နေတဲ့ ကာလမှာလည်း အကုန်မပါနိုင်တာ ရှိနေတယ်၊ ဒါကတော့ ကျနော်တို့အတွက် အဆန်းတကျယ်တော့ မဟုတ်တော့ပါဘူး” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့် က ဆက်ပြောသည်။

လက်ရှိတွင် PPST ၏ တင်းပြည့် အဖွဲ့ဝင်အဖြစ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ဖြစ်ကြပြီး ပူးပေါင်းအဖွဲ့ဝင် အဖြစ် မွန်ပြည်သစ်ပါတီ (MNSP) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် NCA-S-EAO (၇) ဖွဲ့ နှင့် NSPNC တို့ နေပြည်တော်တွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

သျှမ်းအရှေ့ ကော်ဖီစိုက်ပျိုးရေး နည်းပညာပံ့ပိုးပေးရန် NSPNC နှင့် LDU နေပြည်တော်တွင်ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-ပန်ဝိုင်-ဝိုင်လီဒေသရှိ လားဟူတိုင်းရင်းသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာရေးဗီးကား ကော်ဖီစိုက်ပျိုးရေးတို့ကို ကူညီပံ့ပိုးပေးရန် NSPNC နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ...