Wednesday, January 28, 2026

မုံးပေါ် တိုက်နယ် စစ်ကောင်စီ နှင့် MNDAA တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်အတွင်း စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ ယနေ့ တိုက်ပွဲဖြစ်ပွားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဧပြီ (၄)ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှ လက်ရှိသတင်းရေးသားချိန်ထိ နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

“မနေ့က ကိုးကန့်တပ်က ဆုတ်ခဲ့ရတယ်။ ဒီနေ့တော့ ကိုးကန့်ဘက်က စစ်ကောင်စီကို ပြန်လာတိုက်တယ်။ ခု ကောင်းမက်ခီနုတ် မှာပဲ တိုက်ပွဲပြင်းထန်နေတယ်” ဟု မုံးပေါ်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ယမန်နေ့ ဧပြီ (၃)ရက်က မုံးပေါ်တိုက်နယ် နောင်ခမ်းကျေးရွာအနီး နေ့လည် (၂)နာရီမှ ညနေ (၅)နာရီခွဲထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့်တပ်မတော် (MNDAA)မှ တပ်ဆုတ်ခွာခဲ့ရကြောင်း နောင်ခမ်းကျေးရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ကောင်းမက်ခီနုတ် ဆိုတာ ကိုးကန့်တပ်တွေ စခန်းချတဲ့နေရာဖြစ်တယ်။ တိုက်ပွဲက အဲ့ဒီနီးနားမှာဖြစ်ပြီးတော့ စစ်ကောင်စီဘက်က အဲ့ဒီကုန်းကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ကိုးကန့်တပ်တွေတော့ ဆုတ်သွားခဲ့ပြီ” ဟု နောင်ခမ်းကျေးရွာခံ အမျိုးသား တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း မန့်ပိန်းကျေးရွာ နှင့် ဝမ်ကတ်ကျေးရွာမှ ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း မုံးပေါ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ တပ်မ (၉၉) တပ်ရင်း (၄၀၂) နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် မတ်လ နောက်ဆုံးပတ်ကလည်း KIA နှင့် စစ်ကောင်စီ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...