ရေကြီး
နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...
တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်တော်များများ...
ပင်းတယ ရေကြီးမြေပြိုမှု ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲ
သျှမ်းပြည်တောင်ပိုင်း ၊ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက် နံနက် ၃ နာရီချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေကြောင့် နေအိမ်များ ကျောက်တုံး၊ မြေခဲများ ရေစီးနှင့်အတူမျောပါသွားပြီး...
မိုးဆက်တိုက်ရွာသွန်းသည့်အတွက် တာချီလိတ်မြို့တွင် ရေကြီး လျှပ်စစ်မီးပြတ် အင်တာနက်မမှန်
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့် တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်နေသည့်အပြင် လျှပ်စစ်မီးနှင့် အင်တာနက်လည်း မှန်မှန်မရ ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ဟဲဟိုးတွင် ချောင်းရေကြီးမှုကြောင့် နေအိမ်ထဲ ရေဝင်ပြီး အုတ်တံတိုင်းများ ပျက်စီးသွား
သျှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့တွင် ချောင်းရေကြီးမှုကြောင့် နေအိမ်ထဲ ရေဝင်ပြီး အုတ်တံတိုင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟဲဟိုးမြို့အနီးရှိ နဂါးချောင်း ရေလျှံလာပြီး လူနေရပ်ကွက်အချို့၊ သျှမ်းရွာရပ်ကွက်ရှိ လမ်းနှင့် နေအိမ်များတွင် ရေများဝင်ရောက်ပြီး အုတ်တံတိုင်းပြိုကျကာ ယနေ့ (စက်တင်ဘာ...
ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေထပ်မံမြင့်တက်၊ ရေလွှတ်ရာပြောင်းရွှေ့နေရ
ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ယခုရက်ပိုင်း ရေထပ်မံမြင့်တက်လာပြီး ဒေသခံများ ပြောင်းရွှေ့ နေထိုင်ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၁၃ရက်) ညပိုင်း မိုးသည်းထန်စွာသွန်းမှုကြောင့် ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသအတွင်းရှိ ကျေးရွာများရေကြီးမှု ထပ်မံဖြစ်ပွားခဲ့ပြီး ရေလွှတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း ညောင်ရွှေမြို့ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ရေတွေကမကျသေးဘူး။ တချို့ရပ်ကွက်က လူတွေကတော့ အရင်တခါရေကြီးကတည်းက...
“UWSA” ထိန်းချုပ် မိုင်းပေါက်မြို့တွင် ရေကြီးမှုဖြစ်၊ ရဲအရာရှိ ၁ ဦးသေဆုံး
SHAN -
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပေါက်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ပြီး ရဲအရာရှိ တစ်ဦးသေဆုံးကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၂၂ ရက်) နံနက်အစောပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မိုင်းပေါက်မြို့တွင် ရေကြီးမှု ဖြစ်ပေါ်ခဲ့ကြောင်း Wa Nation society...
ပင်လောင်းတွင် တောင်ကျရေကြောင့် နေအိမ်အတွင်း ကျောက်တုံးကြီးများ လှိမ့်ဝင်လာ
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စုတွင် တောင်ကျရေနှင့်အတူ ကျောက်တုံးကြီးများ လှိမ့်ကျလာပြီး နေအိမ်များထဲ ဝင်ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ပထမပတ်မှ စပြီး ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စု လွယ်မောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေနှင့်အတူ လှိမ့်ဆင်းလာသည့် ကျောက်တုံးကြီးများသည် အရှေ့လွယ်မောင်းကျေးရွာ အနောက်ဘက်ခြမ်းရှိ နေအိမ်များထဲသို့ ဝင်ရောက်လာသဖြင့် မြေပြန့်သို့...
ပုံးအင်းဒေသတွင် မိုးကြီး၍ နွေစပါး ဧကပေါင်း ရာနှင့်ချီ နစ်မြှုပ်
သျှမ်းပြည် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ပုံးအင်းဒေသတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နွေစပါးစိုက်ခင်းများ ဧကပေါင်း ရာနှင့်ချီ ရေနစ်မြှုပ်သွားခဲ့ကြောင်း ပုံးအင်းတောင်သူများက ပြောသည်။ ပြီးခဲ့သည့် သီတင်းတပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး တောင်ကြီးမြို့နယ် နားဟီးကျေးရွာအုပ်စု၊ အသုံးတော်ကျေးရွာအုပ်စုနှင့် ဆီဆိုင်မြို့နယ် ပုံးအင်းကျေးရွာအုပ်စု အတွင်းရှိ နွေစပါးစိုက်ခင်း...
မဲနယ်တောင်ဒေသ စစ်မှုထမ်းကြေး မထည့်သူများ ရေဘေးသင့်အလှူငွေ အပြည့်မရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံမြို့နယ် မဲနယ်တောင်ဒေသရှိ ကျေးရွာအချို့တွင် စစ်မှုထမ်းရန် စစ်ကြေးငွေ လစဉ်မထည့်နိုင်သူများကို ရေဘေးအလှူငွေ အပြည့်မရရှိနိုင်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (စက်တင်ဘာလ ၁၁ ရက်) ကစပြီး မဲနယ်တောင်ဒေသဘက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြောင့် ရေကြီး၊ မြေပြိုမှုဖြစ်ကာ စံဖူးကျေးရွာအုပ်စုတွင် နေအိမ်(၈၀)နီးပါးပျက်စီးပြီး သေဆုံးသူ (၂၂)ဦး ရှိသည်။ မဲနယ်တောင်ဒေသအတွင်း...





