ဟဲဟိုးတွင် ချောင်းရေကြီးမှုကြောင့် နေအိမ်ထဲ ရေဝင်ပြီး အုတ်တံတိုင်းများ ပျက်စီးသွား

သျှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့တွင် ချောင်းရေကြီးမှုကြောင့် နေအိမ်ထဲ ရေဝင်ပြီး အုတ်တံတိုင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။


ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟဲဟိုးမြို့အနီးရှိ နဂါးချောင်း ရေလျှံလာပြီး လူနေရပ်ကွက်အချို့၊ သျှမ်းရွာရပ်ကွက်ရှိ လမ်းနှင့် နေအိမ်များတွင် ရေများဝင်ရောက်ပြီး အုတ်တံတိုင်းပြိုကျကာ ယနေ့ (စက်တင်ဘာ ၁၂)ရက်အထိ ရေမကျသေးကြောင်း ဒေသခံများထံမှ သိရသည်။


“ခုထိ ကျနော်တို့ အိမ်ကရေမကျသေးဘူး။ အိမ်ထဲမှာ ရေဝပ်နေတုန်း။ တချို့အိမ်တွေတော့ အုတ်တံတိုင်း တွေ တံခါးတွေ ကျိုးပဲ့ပျက်စီးကုန်တာ။ ချောင်းရေကြီးလို့ဖြစ်တာ။ အရင်က ဒါမျိုး မဖြစ်ဖူးဘူး။ အုတ်တံတိုင်းတွေကတော့ ငါးအိမ်လောက် ပျက်စီးသွားတယ်။”ဟု ဟဲဟိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်လမ်းများ သွားလာရခက်ခဲနေပြီး နေအိမ်အတွင်း ရွှံနွံများ ကျန်ခဲ့သောကြောင့် နေထိုင်ရခက်ခဲနေပြီး အကူညီလိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာ အုပ်စုတွင်လည်း ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်တွင် မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်းအုတ် တံတိုင်းပြိုကျပျက်စီးသွားပြီး သီးနှံပင်များလည်း ရေမြုပ်သွားကြောင်း သိရသည်။

ဟဲဟိုးတွင် ချောင်းရေကြီးမှုကြောင့် နေအိမ်ထဲ ရေဝင်

“မနေ့က မိုးအရမ်းကြီးတယ်။ ခြံထဲမှာက ရေထွက်သေးသေးလေးပဲ တစ်ခုရှိတာ။ အဲဒါက ရုတ်တရက်ရေတွေ လျှံလာပြီး ခြံထဲမှာ ရေတွေ အပြည့်ဖြစ်သွားတာ။ စိုက်ထားတဲ့ အပင်တွေဆို အကုန်ရေလွှမ်းသွားတာ။ ရေက စာသင်ကျောင်းဖက်ကို စီးတော့ စာသင်ကျောင်းအုတ်တံတိုင်း ပြိုကျသွားတာ။”ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့တွင်လည်း တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာနှင့် တောင်နီကျေးရွာတို့တွင် မိုးများသောကြောင့် တောင်ကျရေများစီးဆင်းကာ လမ်းများပျက်စီးခြင်း၊ နေအိမ်အုတ်တံတိုင်းများ ပြိုကျပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

ပင်းတယ ရေကြီးမြေပြိုမှု ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်ပိုင်း ၊ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက် နံနက် ၃ နာရီချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေကြောင့် နေအိမ်များ ကျောက်တုံး၊ မြေခဲများ ရေစီးနှင့်အတူမျောပါသွားပြီး...