ရေကြီး

တာချီလိတ် ရေကြီးမှု အဆိုးရွားဆုံးကြုံတွေ့နေရ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေကြီး၊ရေလျှံသည် ယခုနှစ်အတွင်း ၈ကြိမ်တိုင်ခဲ့ပြီး၊ အဆိုးရွားဆုံးအခြေအနေဖြစ်ကာ ပိတ်မိနေသူများရှိနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့နယ်အတွင်းနှင့် မြို့ပတ်လည်ရှိဒေသများတွင် ရေကြီး၊ရေလျှံမှုကြောင့် နေအိမ်အဆောက်အဉီး အားလုံးနီပါး မြှုပ်ကုန်ပြီး၊ အများစုသည် ရှောင်တိမ်းရန် ခက်ခဲသဖြင့် အိမ်ခေါင်မိုးပေါ်သို့ တက်နေရသည်။ ထို့ပြင် ရေကြီးမှု ရုတ်တရက်ဖြစ်ပွားသဖြင့် အိမ်ထဲပိတ်မိနေသည့် ပြည်သူများရှိကြောင်း တာချီလိတ်မြို့ဒေသခံ တစ်ဉီးက...

လွိုင်လင် နှင့် မိုင်းပွန်ကြား ရေကြီး မြေပြိုမှုတွင် သေဆုံးမှုများရှိနေ

သျှမ်းပြည် တောင်ပိုင်း လွိုင်လင် နှင့် မိုင်းပွန်ကြားတွင် ‌ရေကြီး မြေပြိုမှုများ ဖြစ်ပွားကာ အမျိုးသားနှစ်ဦး သေဆုံးနေ ကားများစွာ ပိတ်မိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၀) ရက် တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လွိုင်လင် နှင့် မိုင်းပွန် ကြားရှိ...

တောင်ကြီးနှင့် ရန်ကုန်၊ မန္တလေး ကားလမ်းများ ပြတ်တောက်

ရေကြီး မြေပြိုမှုများကြောင့် သျှမ်းတောင်၊ တောင်ကြီးမြို့နှင့် ရန်ကုန်၊ မန္တလေး ကားလမ်းများ ပြတ်တောက် ပိတ်ဆို့နေသဖြင့် လိုင်းကားများ ပြေးဆွဲမှု ရပ်တန့်ထားပြီး လမ်းခရီး၌ ပိတ်မိနေမှုများလည်း ရှိနေကြောင်း အဝေးပြေးယာဉ်လိုင်းများက ယနေ့ (စက်တင်ဘာလ ၁၁ ရက်) နေ့တွင် ပြောသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့...

သျှမ်းပြည်အရှေ့ပိုင်း မြို့များတွင် စံချိန်တင် ရေကြီးရေလျှံမှုဖြစ်

သျှမ်းပြည် အ‌ရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ မကြာခဏ ကြုံတွေ့နေရသည့်အပြင် မြေပြိုခြင်း၊ လမ်းတံတား ပျက်စီးခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။ ယနေ့ (သြဂုတ်လ ၂၂) ရက် နံနက်ပိုင်းတွင် သျှမ်းပြည်အ‌ရှေ့ပိုင်း မိုင်းယောင်းမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ခိုကဲ - ပါမန် - ဝမ်ကောင်း...

မိုင်းတုံမြို့ တစ်ပတ်ကျော်ကြာ ရေကြီးရေလျှံ ကောက်ပဲသီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် တစ်ပတ်ကျော်ကြာ ရေကြီးရေလျှံ ဖြစ်နေပြီး ကောက်ပဲသီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု ကြုံနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (သြဂုတ်လ ၁၄ ရက်) မှစတင်၍ မိုင်းတုံမြို့နယ်တွင် နေ့စဉ်နီးပါး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ၁ ပတ်ကျော်ကြာ ရေကြီးရေလျှံမှု ဖြစ်ပွားကာ မိုင်းတုံမြို့နှင့် ဝမ်မိုင်ရွာတလျှောက်ရှိ...

လွိုင်ကော်မြို့တွင်းရေကြီး ရေလျှံ၊ စစ်ရှောင်များ ရေဘေး ထပ်မံရှောင်နေရ

ကရင်နီပြည် လွိုင်ကော်မြို့တွင် မကြုံစဖူး နေအိမ်ရေမြှုပ်သည့် အထိ ရေကြီး ရေလျှံမှုဖြစ်ပွားပြီး စစ်ဘေးရှောင်များ ရေဘေး ထပ်မံရှောင်နေရကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့အခြေစိုက် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ခမရ (၄၂၂) တပ်သည် ဇူလိုင် ၂၅ရက် မိုးဗြဲရေကာတာ ရေတံခါးအား အဆင်အခြင်မဲ့ ဖွင့်ချခဲ့ရာမှ လွိုင်ကော်မြို့ဘက်ကို အဓိကဆင်းလာပြီး နေအိမ်ရေမြှုပ်သည့်...

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီး၊ ရေလျှံဖြစ်

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံမှု ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ ( သြဂုတ်လ ၁) ရက်မှ စတင်၍ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် မယ်ခေါင်ရပ်ကွက်၊...

တာချီလိတ်မြို့ ရေကြီးရေလျှံမှု ထပ်မံကြုံတွေ့ရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၀)ရက် မှ စပြီး မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေများ ပြန်လည် မြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်၌ ရေကြီးရေလျှံမှု ထပ်မံကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာ ၁၀) ရက် ည ၁၀ နာရီခန့် က မိုးရွာသွန်းမှုကြောင့် တာလော့ဈေး၊...

ပုံးအင်းဒေသ ရေကြီးမှုကို ပြည်သူကိုယ်တိုင် ဖြေရှင်းနေရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသတွင် ရေကြီးမှုကြောင့် လယ်စပါး ၊ နေအိမ်တွေ ရေထဲမြှုပ်သွားရပြီး ပြည်သူများ ခက်ခဲမှုများကို ကိုယ်တိုင်ဖြေရှင်းနေကြရကြောင်း စုံစမ်းသိရသည်။ ယခင်နှစ်တွင် ရေကြီးမှုအတွက်ကြောင့် ဆုံးရှုံးမှုကို စာရင်းကောက်ပေးသူရှိပြီး ယခုနှစ်တွင် အုပ်ချုပ်ရေးမှုက အလုပ်မလုပ်သောကြောင့် ပြည်သူကိုယ်တိုင်က စာရင်းကောက်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှု ဥက္ကဌထံ တင်ပြကြရကြောင်း ပုံးအင်းဒေသ...

ပုံးအင်းဒေသတွင် ရေကြီးမှုကြောင့် စပါးခင်းများ ပျက်စီး

သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် မိုးများအဆက်မပြတ် ရွာသွန်းနေသောကြောင့် ယနေ့ (သြဂုတ် ၈) ရက်တွင် စပါးများ ရေလွှမ်းကာ ပျက်စီးမှုများရှိနေကြောင်း စုံစမ်းသိရသည်။ ပုံးအင်းဒေသတွင် တောင်တန်းများဖြင့် ဝိုင်းရံထားသော မြေပြန့်ဒေသတစ်ခုဖြစ်ပြီး ရေကြီးရေလျှံများကို နှစ်စဉ်နှစ်တိုင်း ခံစားရကာ ယခုနှစ်တွင် မိုးများသောကြောင့် ချောင်းမှတစ်ဆင့် အဖက်ဖက်မှ စီးဆင်းနေသော မိုးရေများကြောင့်...

Latest news