တာချီလိတ်မြို့ ရေကြီးရေလျှံမှု ထပ်မံကြုံတွေ့ရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၀)ရက် မှ စပြီး မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေများ ပြန်လည် မြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်၌ ရေကြီးရေလျှံမှု ထပ်မံကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

တာချီလိတ် ရေကြီးရေလျှံမှု ထပ်မံကြုံရ

ယမန်နေ့ (စက်တင်ဘာ ၁၀) ရက် ည ၁၀ နာရီခန့် က မိုးရွာသွန်းမှုကြောင့် တာလော့ဈေး၊ ဆန်ဆိုင်းရပ်ကွက်၊ ပုန်းထွန်လမ်းမ၊ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်း နှင့် အမှတ် (၁) တံတား အနီးတဝိုက် ရေကြီးရေလျှံမှု ထပ်မံကြုံတွေ့နေရကြောင်း တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ည (၁၀) နာရီလောက် မိုးစရွာပြီး (၂) နာရီလောက်မှ မိုးကသိပ်တာ။ ဒီမနက်ရောက်တော့ ရေတွေပြန်တက် နေတာပေါ့။ မယ်ဆိုင်ချောင်းရေက နည်းနည်းပြန်ကျသွားပြီ။ တချို့ရပ်ကွက်တွေမှာတော့ ရေရှိနေတုန်းပဲ။ အရင်တစ်ခေါက် ရေကြီးခဲ့လို့ ရေနုတ်ချောင်း တွေမှာ ရွှံ့၊ နှုန်း တွေ ပြည့်နေတယ်။ အဲ့ဒါကို မရှင်းတော့ အခုမိုးလေးနည်းနည်းရွာရင် ရေကြီးနေတယ် “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

တာချီလိတ်ရေကြီးရေလျှံမှု ထပ်မံကြုံရ

သျှမ်းရှေ့ တာချီလိတ်မြို့နယ်အတွင်း သယံဇာတ ဓာတ်သတ္တုတူးဖော်မှုများကို တွင်တွင်ကျယ်ကျယ်ပြုလုပ်နေကြသဖြင့် သဘာဝပတ်ဝန်းကျင်များသည် ယခင်ကထက် ပျက်စီးကာ မိုးရာသီတွင်ရေကြီးရေလျှံမှုဖြစ်ပြီး၊ နွေရာသီတွင် ရေခန်းခြောက်မှုကို ပြည်သူများ ကြုံတွေ့လာရသည်။

တာချီလိတ်မြို့တွင် သြဂုတ် လလယ်ပိုင်းတွင် တောင်ကျချောင်းရေများကြောင့် တမြို့လုံးနီးပါး ရေကြီးရေလျှံမှုဖြစ်ပွားကာ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...