မိုင်းတုံမြို့ တစ်ပတ်ကျော်ကြာ ရေကြီးရေလျှံ ကောက်ပဲသီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် တစ်ပတ်ကျော်ကြာ ရေကြီးရေလျှံ ဖြစ်နေပြီး ကောက်ပဲသီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု ကြုံနေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် (သြဂုတ်လ ၁၄ ရက်) မှစတင်၍ မိုင်းတုံမြို့နယ်တွင် နေ့စဉ်နီးပါး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ၁ ပတ်ကျော်ကြာ ရေကြီးရေလျှံမှု ဖြစ်ပွားကာ မိုင်းတုံမြို့နှင့် ဝမ်မိုင်ရွာတလျှောက်ရှိ စပါးခင်းနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထားသော လယ်ကွင်းများ အားလုံးနီးပါး ပျက်စီး ဆုံးရှုံးနေကြောင်း အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

MNDAA အလံ

“မိုးတွေက တောက်လျှောက်ရွာနေတာ၊ ရေကိုမကျဘူး။ လယ်ထဲတွေလည်း ရေတွေက ပြည့်နေတာပဲ။ မိုင်းတုံမြို့ကနေ ဝမ်မိုင်ရွာတလျှောက်မှာရှိတဲ့ လယ်ကွင်းတွေ အားလုံးလိုလို ရေတွေမြုပ်နေတာ။ ရေကြီးတာက စပါးပင်တောင် မမြင်ရတော့ဘူး။ ပြန်လည်း မကောင်းနိုင်တော့ဘူး၊ ရက်လည်း ကြာနေပြီဆိုတော့”ဟု အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

မိုင်းတုံမြို့နှင့် ဝမ်မိုင်ရွာတလျှောက်တွင် စပါးစိုက်ပျိုးထားသော လယ်ဧကများစွာ ရှိနေပြီး ထိုရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများလည်း မသိနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်ကလည်း မိုင်းတုံမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းတုံ-တာဆန်းလမ်း ပြတ်တောက်သွားခဲ့ပြီး ပြန်လည်ပြင်ဆင်ထားကြောင်း သိရသည်။

သျှမ်းပြည်အရှေ့ပိုင်းတွင် သစ်တောများ အလွန်အကျွံ ခုတ်ယူခြင်း၊ သတ္တုများ အလွန်အကျွံ တူးဖော်ခြင်းနှင့် တောတောင်တွင် သစ်ပင်များမရှိတော့သဖြင့် မိုးရွာသွန်းသည်အခါ မြေကြီးမှ ရေစုပ်ယူမှု မရှိတော့သဖြင့် ယခုကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်ပွားလာရခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် စောင့်ကြည့် လေ့လာသူများက ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...