ပုံးအင်းဒေသ ရေကြီးမှုကို ပြည်သူကိုယ်တိုင် ဖြေရှင်းနေရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသတွင် ရေကြီးမှုကြောင့် လယ်စပါး ၊ နေအိမ်တွေ ရေထဲမြှုပ်သွားရပြီး ပြည်သူများ ခက်ခဲမှုများကို ကိုယ်တိုင်ဖြေရှင်းနေကြရကြောင်း စုံစမ်းသိရသည်။

ပုံးအင်းဒေသ

ယခင်နှစ်တွင် ရေကြီးမှုအတွက်ကြောင့် ဆုံးရှုံးမှုကို စာရင်းကောက်ပေးသူရှိပြီး ယခုနှစ်တွင် အုပ်ချုပ်ရေးမှုက အလုပ်မလုပ်သောကြောင့် ပြည်သူကိုယ်တိုင်က စာရင်းကောက်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှု ဥက္ကဌထံ တင်ပြကြရကြောင်း ပုံးအင်းဒေသ ဆိုင်လဲကျေးရွာအုပ်စု မှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ ကိုယ်တိုင်ဆင်းကောက်နေရတယ်။ ပြီးတော့ ကျနော်တို့ ပုံးအင်းက သက်ဆိုင်ရာ မြို့နယ် ဥက္ကဌတွေကို တင်ပြပေးရတာ။ မြို့ ဥက္ကဌကနေပြီးတော့ မြို့နယ်ကို တင်ပြပေးတာ။ အခုက ကျနော်တို့ ကိုယ်တိုင်ကောက်နေရတာ။ အရင်နှစ်တွေတော့ စာရင်းတွေလိုက်လာကောက်ပေးတဲ့ သူတွေရှိတယ်။ ဒီနှစ်က ကျနော်တို့ ကိုယ်တိုင်က ဆင်းလုပ်ရတယ်။ ထောက်ပံ့ကြေးတွေလည်း မရတော့ဘူး” ဟု ၎င်းအမျိုးသားက ဆိုသည်။

ပုံးအင်းဒေသသည် တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ် စသည့် (၃) မြို့နယ်ဖြင့်ဖွဲ့စည်းထားပြီး လက်ရှိမှာ ဒေသအလိုက် ပြည်သူများက စာရင်းကောက်ရပြီး သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးထံ စာရင်း ပို့ထားပေးရသည်။

ယခုလအတွင်း ရေကြီးမှုဖြစ်ပြီးနောက်ပိုင်း ပုံးအင်းဒေသတွင် မြေစာရင်းကောက်သည့် အဖွဲ့စည်းက တစ်ကြိမ်ရောက် ရှိလာပြီး ထိုသို့ရောက်ရှိလာမှုသည် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်တွေ့ဆုံပြီး လယ်ယာတွင်းမဆင်းကြည့်ဘဲ ပြန်သွားခဲ့ကြောင်း ပုံးအင်းဒေသခံများ ပြောပြချက်အရသိရသည်။

“လာကူညီပေးတာမရှိဘူး။ အစိုးရကလည်း ကူညီပေးတာမျိုးမရှိဘူး။ လာကြည့်ပြီးတော့ ပြန်သွားတာပဲရှိတယ်။ ကူညီပေးတဲ့အဖွဲ့စည်းတွေ ရှိလာအောင်လည်း ကိုယ်တိုင်ပဲ ပြုလုပ်နေရတယ်။ ကျနော်တို့ ဒီပုံးအင်းဒေသကို ရေမြှုပ်တဲ့အိမ်စာရင်း၊ စပါးတွေကို စာရင်းလိုက်ကောက်ပေးနေတာ ၁၇ ရက် ရှိနေပြီ။ မကောက်ရသေးတဲ့ ကျေးရွာတွေလည်းရှိတယ်” ဟု ကိုယ်တိုင်စာရင်းဆင်းကောက်ပေးနေသည့် သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အထိ ပုံးအင်းဒေသသည် ရေကြီးမှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို သက်ဆိုင်ရာ အစိုးရ မှ လယ်ယာတစ်ဧကလျှင် ထောက်ပံ့ကြေး ၂ သိန်းခွဲ ကူညီထောက်ပံ့ပေးမှုရှိသော်လည်း အာဏာသိမ်းပြီးနောက် ယခုနှစ်အထိ ထောက်ပံ့ကြေးငွေမရရှိ ကြောင်း သိရသည်။

“ အရင်နှစ်နဲ့ ဒီနှစ် မရသေးဘူး။ ၂၀၂၀ ခုနှစ် အစောပိုင်းတုန်းက ရတယ်။ လယ်ယာတစ်ဧကကို ၂ သိန်းခွဲရတယ်။ အခုတော့ ဘယ်အစိုးရမှ ကျနော်တို့ကို လာထောက်ပံ့ ကူညီပေးတာမရှိဘူး။ တစ်ချို့လယ်ယာ စပါးတွေက ရေမြှုပ်ပြီး ပျက်စီးသွားတယ်” ဟု ပုံးအင်းဒေသမှ နောင်စင့်ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ဟမ်းဆီးကျေးရွာ အုပ်ချုပ်ရေးမှူးက “ ကျနော်တို့လည်း သက်ဆိုင်ရာ နေရာဒေသတွေကို စာရင်းကောက်နေပါတယ်။ ပြီးတော့ကျနော်တို့က မြို့နယ်တွေကို စာရင်းတင်ပေးရတာ။ ဒီနှစ်ထိတော့ အစိုးရကနေ လာပြီးတော့ ထောက်ပံ့ကြေး ပေးနေတာမျိုး မရှိသေးဘူး” ဟု ပြောသည်။

ထိုသို့ စာရင်းများကို ကောက်ယူပြီး တောင်ကြီးမြို့နယ်က ကျေးရွာအုပ်စုများသည် ဟမ်းဆီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံတင်ပြရကြောင်း၊ ဆီဆိုင်မြို့နယ်တွင်းရှိ ကျေးရွာများသည် ဝမ်းပုံကျေးရွာ အုပ်ချုပ်ရေးမှူးထံ တင်ပြရသည်။

ပုံအင်းဒေသသည် ရေ (၆) လ ကုန်း (၆) လ နေထိုင်ရသည့်ဒေသဖြစ်သည်။
လက်ရှိမှာ အာဏာယူထားသည့် အစိုးရကို ကူညီထောက်ပံ့ပေးရန်အတွက် ပြည်သူများက မျှော်လင့်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

ပင်းတယ ရေကြီးမြေပြိုမှု ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်ပိုင်း ၊ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက် နံနက် ၃ နာရီချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေကြောင့် နေအိမ်များ ကျောက်တုံး၊ မြေခဲများ ရေစီးနှင့်အတူမျောပါသွားပြီး...

မိုးဆက်တိုက်ရွာသွန်းသည့်အတွက် တာချီလိတ်မြို့တွင် ရေကြီး လျှပ်စစ်မီးပြတ် အင်တာနက်မမှန်

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့် တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်နေသည့်အပြင် လျှပ်စစ်မီးနှင့် အင်တာနက်လည်း မှန်မှန်မရ ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ဟဲဟိုးတွင် ချောင်းရေကြီးမှုကြောင့် နေအိမ်ထဲ ရေဝင်ပြီး အုတ်တံတိုင်းများ ပျက်စီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့တွင် ချောင်းရေကြီးမှုကြောင့် နေအိမ်ထဲ ရေဝင်ပြီး အုတ်တံတိုင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟဲဟိုးမြို့အနီးရှိ နဂါးချောင်း ရေလျှံလာပြီး လူနေရပ်ကွက်အချို့၊ သျှမ်းရွာရပ်ကွက်ရှိ လမ်းနှင့် နေအိမ်များတွင် ရေများဝင်ရောက်ပြီး အုတ်တံတိုင်းပြိုကျကာ ယနေ့ (စက်တင်ဘာ...