တာချီလိတ် ရေကြီးမှု အဆိုးရွားဆုံးကြုံတွေ့နေရ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေကြီး၊ရေလျှံသည် ယခုနှစ်အတွင်း ၈ကြိမ်တိုင်ခဲ့ပြီး၊ အဆိုးရွားဆုံးအခြေအနေဖြစ်ကာ ပိတ်မိနေသူများရှိနေကြောင်း စုံစမ်းသိရသည်။

တာချီလိတ်မြို့နယ်အတွင်းနှင့် မြို့ပတ်လည်ရှိဒေသများတွင် ရေကြီး၊ရေလျှံမှုကြောင့် နေအိမ်အဆောက်အဉီး အားလုံးနီပါး မြှုပ်ကုန်ပြီး၊ အများစုသည် ရှောင်တိမ်းရန် ခက်ခဲသဖြင့် အိမ်ခေါင်မိုးပေါ်သို့ တက်နေရသည်။

ယနေ့ (စက်တင်ဘာ ၁၂)ရက် တာချီလိတ်ရေပြန်ကျပုံ

ထို့ပြင် ရေကြီးမှု ရုတ်တရက်ဖြစ်ပွားသဖြင့် အိမ်ထဲပိတ်မိနေသည့် ပြည်သူများရှိကြောင်း တာချီလိတ်မြို့ဒေသခံ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ရေအရမ်းပြင်းတော့ နေအိမ်အဆောက်အအုံ အားလုံးနီးပါး ရေတွေတိုက်စားကုန်တယ်။ မြှုပ်ကုန်တယ်။ ရှောင်ရမဲ့နေရာလည်းမရှိဘူး ။ အိမ်ခေါင်မိုးပေါ်မှာပဲနေရတယ် တချို့ဆို အိမ်ထဲပိတ်မိတဲ့သူလည်းရှိတယ်” ဟု ၎င်းကပြောသည်။

တာချီလိတ်-မယ်ဆိုင် ရေကြီးမှု

ရေကြီးရခြင်းအကြောင်းအရင်းများသည် ချောင်းရေတိမ်ခြင်း၊ ရေပေး ရေသွားမြောင်းများကို စနစ်တကျလုပ်ထာခြင်းမရှိ၊ သဘာဝပတ်ဝန်းကျင်အများစုနှင့် ဆောက်လုပ်ရေးပြုလုပ်ရာတွင် စနစ်တကျ စွန့်ပစ်ခြင်းတွေမရှိခြင်း ထို့ကြောင့် ရေကြီးနှုန်းကို မြောင်းတွေမထိန်းနိုင်တောပဲ ရေကြီး ရေလျှံတွေ ဖြစ်နေရသည်ဟု သျှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့ စိုင်းခေးဆိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မိုးရွာတာက နှစ်တိုင်းလိုပုံမှန်ပဲ ခုလိုရေကြီးရတာကို ခြုံငုံပြောရမယ်ဆိုရင် ချောင်းရေတိမ်တာ၊ ရေပေးသွားမြောင်းကို စနစ်တကျလုပ်တာမရှိကြဘူး၊ ထင်းအဖြစ် သစ်ပင်ခုတ်တာ၊ ဆောက်လုပ်ရေးလုပ်ပြီး ပစ္စည်းတွေကို စနစ်တကျမစွန့်ပြစ်ကြဘူး အဲကြောင့် ရေကြီးနှုန်းကို မြောင်းတွေကမထိန်းတော့ဘဲ ရေကြီး ရေလျှံတွေ ကြုံတွေနေရတယ် “ ဟု ၎င်းကပြောသည်။

တာချီလိတ်ရေကြီးမှု

သျှမ်းပြည်နယ်တစ်ဝိုက်တွင် သစ်ထုတ်လုပ်မှု၊ ရွှေတူးဖော်ရေးလုပ်ငန်း၊ ကျောက်မီးသွေးတူဖော်ရေး လုပ်ငန်းများကိုလုပ်ကိုင်တူးဖော်ချိန်တွင် သစ်ပင်တွေကိုသာ အဓိကထားပြီး ခုတ်ပစ်တာကြောင့် ခုလိုရေကြီး ရေလျှံတွေ မထိန်းနိုင်သည့်အတွက် ရေစီးဆင်းမှုနှုန်းကို ပိုမိုလျှင်မြန်စေကြောင်း စိုင်းခေးဆိုင်က ဆက်ပြောသည်။

“ သျှမ်းပြည်အများစုက သစ်ထုတ်လုပ်မှု၊ ရွှေတူးဖော်လုပ်ငန်း၊ ကျောက်မီးသွေးတူးဖော်လုပ်ငန်းတွေ ပိုမိုလုပ်လာကြတယ်။ အဲလုပ်ငန်းတွေက အဓိက သစ်ပင်တွေကို အရင်ခုတ်ရတော့ သစ်တောဖြုန်းတီးမှုကို ပိုများစေတယ်။ အဲဒါကြောင့် ရေကြီးနှုန်းကို မထိန်းနိုင်တော့ပဲ ရေစီးဆင်းနှုန်းကို မြန်ဆန်စေတယ် “ ဟု ၎င်းကပြောသည်။

ရေကြီးပြီးနောက်ဆက်တွဲပြဿနာသည် သွေးလွန်တုတ်ကွေး၊ ဆင်တုတ်ကွေး၊ ဖြစ်နိုင်သည်။

ယနေ့ (စက်တင်ဘာလ ၁၂) ရက်နေ့တွင် ရေအနည်းငယ်ပြန်ကျနေသည်ဟု သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...