သျှမ်းပြည်အရှေ့ပိုင်း မြို့များတွင် စံချိန်တင် ရေကြီးရေလျှံမှုဖြစ်

သျှမ်းပြည် အ‌ရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ မကြာခဏ ကြုံတွေ့နေရသည့်အပြင် မြေပြိုခြင်း၊ လမ်းတံတား ပျက်စီးခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။

ယနေ့ (သြဂုတ်လ ၂၂) ရက် နံနက်ပိုင်းတွင် သျှမ်းပြည်အ‌ရှေ့ပိုင်း မိုင်းယောင်းမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ခိုကဲ – ပါမန် – ဝမ်ကောင်း – ဝမ်တောင် – ဓာတ်လုံတော် သွားသည့် လမ်းပေါ်ရှိ တံတားတစ်စင်းမှာ တောင်ကျရေ တိုက်စားမှုကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုပြိုကျသွားသည့် တံတားသည် ၂၀၀၃-၂၀၀၄ တွင် ပြည်သူ့အင်အားဖြင့် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားပြီး အရှည် ၂၅ ပေ၊ အကျယ် ၂၀ ပေ၊ အမြင့် ၇ ပေရှိကာ ခိုကဲနှင့် ပါမန်းကြားတွင် တည်ရှိကြောင်း သိရသည်။

မိုင်းယောင်း လမ်းပိုင်း ပြတ်တောက်

အလားတူ ယမန်နေ့ (သြဂုတ်လ ၂၁ ရက်) ညပိုင်း မိုးရွာသွန်းမှုကြောင့် ယနေ့ (သြဂုတ် ၂၂ ရက်) တွင် တာချီလိတ်မြို့ မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် မယ်ခေါင် ရပ်ကွက်၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ တာလော့ ဈေးတန်း အနီးတစ်ဝိုက် ချောင်းဘေးရှိ ရပ်ကွက်တို့တွင် တတိယအကြိမ် ရေကြီးရေလျှံမှုများ ကြုံတွေ့ နေရကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

“မနေ့က မိုးတွေ အရမ်းရွာတာ။ ဒီနေ့နိုးလာတော့ ကြည့်လိုက်‌တော့ ရေကအပြည့်ပဲ။ အိမ်ထဲ ဆိုင်ထဲတွေ ရေဝင်ကုန်ပြီ။ ရေကလည်း ခါးလောက်ရှိတယ်။ ခဏခဏ ဒီလိုကို ရေကြီးနေတာ။ ရေကျရင် အဲ့ရွှံ့တွေကို ပြန်ရှင်းရ‌တော့မယ်”ဟု ၎င်းတာချီလိတ်ဒေသခံ အမျိုးသမီးက ပြောသည်။

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများ မကြာဏ ကြုံတွေ့နေရသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများမှ တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

တာချီလိတ် တတိယအကြိမ် ရေကြီး

တာချီလိတ်မြို့တွင် ရေများပြန်ကျလျှင် အချို့ရပ်ကွက်ရှိ ပြည်သူအိမ်ရှေ့ ဆိုင်ရှေ့တွင် ရွှံ့နွံနှင့် အမှိုက်များ တင်ကျန်ခဲ့ကာ ရပ်ကွက်နှင့် လမ်းကြားများ၊ လမ်းမကြီးများပေါ်တွင် ကိုယ်ထူကိုယ်ထ ပြန်လည်ရှင်းလင်း နေရကြောင်း သိသည်။

တာချီလိတ်မြို့ အနီးတဝိုက်တွင် ရွှေတူးဖော်ခြင်း၊ သတ္တုတွင်းတူးဖော်မှုများ အလွန်အကျွံ တူးဖော်မှုကြောင့် သစ်တောပြုန်းတီးလာကာ မိုးဆက်တိုက် ရွာသွန်းမှု၊ မိုးသည်းထန်စွာ ရွာသွန်းပါက ရေကြီးရေလျှံမှုများ နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားလာသည်။

ယခုနောက်ပိုင်း သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း သယံဇာတ ဓာတ်သတ္တု တူးဖော်မှုများကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေကြသဖြင့် သဘာဝပတ်ဝန်းကျင် ယခင်ကထက် ပိုမိုပျက်စီးကာ မိုးရာသီတွင် ရေကြီးရေလျှံမှု ဖြစ်ပြီး၊ နွေရာသီတွင် ရေခမ်းခြောက်မှုကို ပြည်သူများ ကြုံတွေ့လာရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...