တောင်ကြီးနှင့် ရန်ကုန်၊ မန္တလေး ကားလမ်းများ ပြတ်တောက်

ရေကြီး မြေပြိုမှုများကြောင့် သျှမ်းတောင်၊ တောင်ကြီးမြို့နှင့် ရန်ကုန်၊ မန္တလေး ကားလမ်းများ ပြတ်တောက် ပိတ်ဆို့နေသဖြင့် လိုင်းကားများ ပြေးဆွဲမှု ရပ်တန့်ထားပြီး လမ်းခရီး၌ ပိတ်မိနေမှုများလည်း ရှိနေကြောင်း အဝေးပြေးယာဉ်လိုင်းများက ယနေ့ (စက်တင်ဘာလ ၁၁ ရက်) နေ့တွင် ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ ညနေပိုင်းကစ၍ ကလောမြို့ အနီး ကားလမ်း ရေကျော်နေပြီး ကလောနှင့် ဘုရားငါးဆူကြား မြေပြိုကျမှုများလည်း ရှိနေကြောင်း၊ ဘုရားငါးဆူနှင့် အမြန်လမ်းကို ဆက်သွယ်ထားသည့် ကားလမ်း ရေကျော်နေပြီး ရေတိုက်စားမှုကြောင့် လမ်းများ ပျက်စီးနေသဖြင့် ပျော်ဘွယ်မြို့အနီး ပိတ်မိနေသည့် လိုင်းကားများ ရှိနေကြောင်း တောင်ကြီး အခြေစိုက် အဝေးပြေးယာဥ်လိုင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အခုထိ ပျော်ဘွယ်နားမှာ ပိတ်မိနေတဲ့ ကားတွေရှိသေးတယ်။ ညအိပ်ရမည်ထင်တယ်။ ခရီးသည်တွေ အဆင်ပြေအောင်တော့ စီစဥ်ပေးရမှာပေါ့။ မနက်ဖြန် တောင်ကြီးတက်လို့ရမရလည်း မသေချာသေးဘူး။ ကလောအောက်ဘက်မှာလည်း မြေပြိုတာတွေရှိနေတယ် ကြားတယ်။ ဖုန်းလိုင်းတွေ ပြတ်နေတော့ ဘယ်နား ဘာဖြစ်နေတယ် သေချာမသိရဘူး။ အဲလို ဖြစ်နေတယ်” ဟု ၎င်းကရှင်းပြသည်။

လက်ရှိ တောင်ကြီး၊ ရွှေညောင်၊ ညောင်ရွှေ၊ ကလောမြို့များတွင် ရေကြီးနေပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေရာ ဒေသအများစုတွင် MPT ဖုန်းလိုင်းရနေသော်လည်း ကလောမြို့တွင်မူ ဖုန်းလိုင်း အားလုံး ပြတ်တောက်နေကြောင်း ဒေသခံများက ဆိုသည်။

ဟံမြင်မိုရ် – ရွာငံ သွားတဲ့ လမ်းမကြီး

ထို့အပြင် တောင်ကြီးနှင့် မန္တလေးကို ဆက်သွယ်ထားသည့် ရွာငံ- ဟံမြင့်မိုရ် ကားလမ်းပိုင်းတွင်လည်း ရေကြီးမှုကြောင့် လမ်းပိုင်းတချို့ ပျက်စီးနေသဖြင့် ကားများ သွားလာ၍ မရကြောင်း ဒေသခံများက ပြောသည်။

ရေကြီးမှုများကြောင့် တောင်ကြီးမှ ရန်ကုန်နှင့် မန္တလေးမြို့များသို့ ပြေးဆွဲနေသည့် ယာဥ်လိုင်းများ ပြေးဆွဲမှု ရပ်တန့်ထားကြောင်း ယနေ့ ကားလက်မှတ် ရောင်းချခြင်း မရှိကြောင်း ရေပြန်ကျမှုနှင့် လမ်းပြုပြင်သည့် အခြေအနေပေါ်မူတည်၍ ကားများ ပြန်လည် ပြေးဆွဲမည် ဖြစ်ကြောင်း အဝေးပြေးယာဥ် ပိုင်ရှင် တဦးက ပြောသည်။

လက်ရှိ နိုင်ငံတဝှမ်း ရေကြီးမှုများ ကြုံတွေ့နေရာ ပျော်ဘွယ်၊ ရမည်းသင်း၊ နေပြည်တော် တပ်ကုန်း အပါအဝင် အဝေးပြေး ကားလမ်းမများ ဖြတ်သန်းရာ မြို့နယ်များ ရေကြီးနေသဖြင့် ယခုရက်ပိုင်း အတွင်း ကားလမ်းနှင့် ရထားလမ်း ပြတ်တောက် ပိတ်ဆို့မှုများ ဖြစ်ပေါ်နေပြီး ရက်အနည်းငယ် ကြာမြင့်နိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...