တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီး၊ ရေလျှံဖြစ်

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံမှု ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ ( သြဂုတ်လ ၁) ရက်မှ စတင်၍ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် မယ်ခေါင်ရပ်ကွက်၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ တာလော့ဈေးတန်း အနီးတစ်ဝိုက်နှင့် မြို့ပတ်လမ်းတစ်လျှောက် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရကြောင်း တာချီလိတ်မြို့ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

“မနေ့ မနက်က မယ်ဆိုင်ချောင်းရေ စတက်တယ်။ ညကျတော့ ရပ်ကွက်တွေထဲထိ ရေတက်လာတယ်။ အဲ့အနီးတဝိုက်နဲ့ မြေနိမ့်ပိုင်းတွေက ရေခဏ ခဏကြီးတယ်။ တာချီလိတ်မှာ အဲ့လိုရေတွေတက်ရင် ဆိုင်ဖွင့်ထားတဲ့ လူတွေဆို ပစ္စည်းပြောင်း‌ရွှေ့ရတာ ခက်တယ်။ လေးတဲ့ပစ္စည်းတွေဆို မ,ရခက်တယ်။ လမ်းလည်း သွားလာရ ခက်တယ်”ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ယခင်နှစ်များကတည်းက မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုများ နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားလေ့ရှိသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများမှ အရေးယူ ဖြေရှင်းပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

တာချီလိတ်မြို့ အနီးတဝိုက်တွင် ရွှေတူးဖော်ခြင်း၊ သတ္တုတွင်းတူးဖော်မှုများ အလွန်အကျွံ တူးဖော်မှုကြောင့် သစ်တောပြုန်းတီးလာကာ မိုးဆက်တိုက် ရွာသွန်းမှု၊ မိုးသည်းထန်စွာ ရွာသွန်းပါက ရေကြီးရေလျှံမှုများ နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားလာသည်။

ယခုနောက်ပိုင်း သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း သယံဇာတ ဓာတ်သတ္တု တူးဖော်မှုများကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေကြသဖြင့် သဘာဝပတ်ဝန်းကျင်များသည် ယခင်ကထက် ပျက်စီးကာ မိုးရာသီတွင် ရေကြီးရေလျှံမှု ဖြစ်ပြီး၊ နွေရာသီတွင် ရေခန်းခြောက်မှုကို ပြည်သူများ ကြုံတွေ့လာရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...