ပုံးအင်းဒေသတွင် ရေကြီးမှုကြောင့် စပါးခင်းများ ပျက်စီး

သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် မိုးများအဆက်မပြတ် ရွာသွန်းနေသောကြောင့် ယနေ့ (သြဂုတ် ၈) ရက်တွင် စပါးများ ရေလွှမ်းကာ ပျက်စီးမှုများရှိနေကြောင်း စုံစမ်းသိရသည်။

ပုံးအင်းဒေသ ရေကြီး

ပုံးအင်းဒေသတွင် တောင်တန်းများဖြင့် ဝိုင်းရံထားသော မြေပြန့်ဒေသတစ်ခုဖြစ်ပြီး ရေကြီးရေလျှံများကို နှစ်စဉ်နှစ်တိုင်း ခံစားရကာ ယခုနှစ်တွင် မိုးများသောကြောင့် ချောင်းမှတစ်ဆင့် အဖက်ဖက်မှ စီးဆင်းနေသော မိုးရေများကြောင့် ပုံးအင်းဒေသ တစ်ခုလုံးတွင် ရေကြီးရေလျှံများ ကြုံတွေ့နေရသည်။

ဟိုပုံးမြို့နယ် ပုံးအင်းဒေသမှ ဟိုတပ်ကျေးရွာသည် အမြင့်ဒေသဖြစ်ပြီး ယခင်နှစ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားမှုနည်းခဲ့သော်လည်း ယခုနှစ်တွင် လမ်းပေါ်ထိ ရေကြီးရေလျှံမှု ဖြစ်ရာမှ ဈေးဆိုင်တချို့ထဲသို့ ရေများဝင်ရောက်သည့် အထိ ဖြစ်နေကြောင်း ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံးအင်းဒေသ

“ ဟိုတပ်ရွာမှာ အရင်နှစ်တွေက ရေကြီးတာ သိပ်မရှိဘူး။ သူတို့က အမြင့်ပိုင်း ဒေသဖြစ်တယ် ။ အခုနှစ်က သူတို့အမြင့်ပိုင်း ဒေသရွာတွေမှာတောင် လမ်းပေါ်ထိ ရေတွေမြုပ်နေတယ် ။ တချို့လမ်းဘေးက ရှိတဲ့ဈေးဆိုင် တချို့တွေလည်း ရေဝင်နေတယ် ။ အခုအမြင့်ပိုင်း ကျေးရွာမှာတောင် စပါးရေလွှမ်းတယ်ဆိုတော့ အနိမ့်ပိုင်းက ကျေးရွာတွေလည်း စပါးတွေက တော်တော်များရေလွှမ်းနေတယ် “ ဟု ၎င်အမျိုးသားတစ်ဦးက ပြောသည်။

သို့သော်လည်း ရေလွှမ်းခံရသော စပါးများ ပျက်စီးမှုရှိနေသော်လည်း လက်ရှိအချိန်မှာ ဆုံးရှုံးမှု မသိသေးပေ။

ပုံးအင်းဒေသတွင် မိုး (၁၀) ရက်ကျော် အဆက်မပြတ် ရွာသွန်းသဖြင့် မိုးရေချိန်လည်း တနေ့လျှင် (၁) ပေကျော် ရေတက်ကာ စပါးများလည်း ရေလွှမ်းမိုးမှုကို ကြုံတွေ့နေရသည်။

“ အခုစပါးရိတ်ရင်လည်း ကားတွေကဆင်းလို့မရတော့ မိုးရေကြီးတဲ့ကြား ဆင်းရိတ်နေရပြီ ၊ရတဲ့ဟာရှိ၊ မရတဲ့ဟာလည်း ရှိတယ်။ အခုက နေ့စားလယ်ရိတ်ခက စျေးကြီးတော့ ရိတ်မယ့်သူတော့ ရှိတယ်။ ရေထဲဆင်းရိတ်ရတော့ နာရီပိုင်းပဲရိတ်တယ်။ လူငယ်တွေက သိပ်မရှိတော့ အခု (ကျား-မ) မရွေး လူလတ်ပိုင်း အသက်ကြီးတဲ့သူတွေ ဆင်းရိတ်နေရတယ်၊ တစ်ရွာနဲ့တစ်ရွာရှိတဲ့သူတွေနဲ့ ကူပြီး ရိတ်နေရတယ် “ ဟု ၎င်းပုံးအင်းလယ်သမားတစ်ဦးက ပြောသည်။

အဆိုပါ လယ်ကွင်းထဲ ရေကြီးမှုကြောင့် ဒေသခံများက နှစ်စဉ်ရေအောက်တွင် စပါးကို ရိတ်သိမ်းကြရပြီး၊ ရေကြီးမှု ပြသာနာကို ဖြေရှင်းပေးနိုင်ရန်အတွက် ဒေသခံများက သက်ဆိုင်ရာ အစိုးရထံ အမြန်ဆုံး လာရောက်ဖြေရှင်းပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။

ယခင်တွင် လယ်သမားများ နေ့စားခ တစ်ယောက်လျှင် (၅,၀၀၀) ကျပ် ဖြင့် ရိတ်သိမ်းရပြီး ယခုနှစ် နေ့စားခ တစ်ယောက်လျှင် (၈,၀၀၀) ကျပ် မြင့်တက်နေပြီး ပုံးအင်းတောင်သူများ၏ စပါးစျေးနှုန်းမှာ မြင့်တက်မှု မရှိသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

0
စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...