လွိုင်ကော်မြို့တွင်းရေကြီး ရေလျှံ၊ စစ်ရှောင်များ ရေဘေး ထပ်မံရှောင်နေရ

ကရင်နီပြည် လွိုင်ကော်မြို့တွင် မကြုံစဖူး နေအိမ်ရေမြှုပ်သည့် အထိ ရေကြီး ရေလျှံမှုဖြစ်ပွားပြီး စစ်ဘေးရှောင်များ ရေဘေး ထပ်မံရှောင်နေရကြောင်း စုံစမ်းသိရသည်။

မိုးဗြဲမြို့အခြေစိုက် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ခမရ (၄၂၂) တပ်သည် ဇူလိုင် ၂၅ရက် မိုးဗြဲရေကာတာ ရေတံခါးအား အဆင်အခြင်မဲ့ ဖွင့်ချခဲ့ရာမှ လွိုင်ကော်မြို့ဘက်ကို အဓိကဆင်းလာပြီး နေအိမ်ရေမြှုပ်သည့် အထိရေကြီး ရေလျှံမှု ဖြစ်ပွားကြောင်း လွိုင်ကော်ပြည်သူ့ ကာကွယ်ရေးတပ်သားက သျှမ်းသံတော်ဆင့်ကို
ပြောသည်။

‘’ မိုးဗြဲရေကာတာဖောက်ချတော့ ပထမဆုံးရေလွှမ်းမှာက မိုးဗြဲဘက်ခြမ်း သျှမ်းတောင်တွေ လွှမ်းပြီးတော့မှကျနော်တို့ ကယား လွိုင်ကော်ဘက်ကို ဆင်းလာတယ်။ စစ်ကောင်စီတွေ ရေဖောက်ချပြီး ကတည်းက ယနေ့အထိ လွိုင်ကော်မှာ ရေတွေ ပိုပိုတက်လာတယ်’’ဟု ၎င်းကပြောသည်။

ရေမြင့်တက်မှုကြောင့် လွိုင်ကော်စစ်ရှောင် အချို့သည် ရေဘေးထပ်ရှောင်နေရချိန် မြို့ထဲကျန်ရစ်သူများ စားသောက်ရန် အခက်အခဲဖြစ်ပြီး၊ စိုက်ပျိုးရေး အတွက် ပြန်လုပ်ရန် ခက်ခဲနိုင်ကြောင်း လွိုင်ကော်လူမှုကူညီရေး အသင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

‘’စစ်ရှောင်တစ်ချို့လဲ ရေဘေးထပ်ရှောင်နေရပြီ။ မြို့ထဲကျန်ရစ်သူတွေ စားသောက်ဖို့ခက်ခဲဖြစ်နေကြတယ် ။အခုခါကျတော လယ်တွေ စိုက်ချင်တာစိုက်ခွင့်မရှိ ရေပေးမြောင်းတူးဖော် ပြင်ဆင်တာတွေမရှိတော့ ရေကျဖို့က တော်တော်ကြာမယ် ‘’ဟု ၎င်းက ဆိုသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသည် ရေဘေးသင့် ဒေသခံတစ်ထောင်ကျော်အတွက် ချိတ်ဆက်ကူညီပေးနေသည့် အဖွဲ့အစည်းများ မရှိသည့်အပြင် အခက်အခဲများလည်း ကြုံတွေ့နေရကြောင်း သိရသည်။

မိုးဗြဲမြို့တွင် အခြေစိုက်နေသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း-(ခမရ ၄၂၂) သည် လက်ရှိအချိန်ထိ မိုးဗြဲရေကာတာကို ဆက်လက်ဖွင့်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

ဇူလိုင်လ ၂၅ ရက်မှ စတင်၍ ၃ ရက်အတွင်း ရေများ ထပ်မံမြင့်တက်လာနိုင်ပြီး လွိုင်ကော်မြို့နှင့် အနီးတဝိုက်ရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း ရေကြီးရေလျှံမှု အရေးပေါ် အခြေအနေ ရှိလာနိုင်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က သတိပေးထားသည်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သည် “၁၁၁၁ စစ်ဆင်ရေး”တွင် မိုးဗြဲမြို့ကို ထိန်းချုပ်ထားနိုင်သော်လည်း မိုးဗြဲရေကာတာအနီးရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၄၂၂ ကို သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...