မူးယစ်ဆေးဝါး
မိုင်းဆတ်မြို့ မူးယစ်ဆေးဝါးသုံးစွဲသူများလာ ဒေသခံများ စိတ်မလုံခြုံ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ပေါ် ရှိ ရပ်ကွက် (၇) ခုတွင် မူးယစ်ဆေးဝါးသုံးစွဲသူ များပြားလာပြီး တုတ်၊ ဓား များကိုင်ဆောင်သွားလာမှုကြောင့် ဒေသခံများ စိတ်လုံခြုံမှု မရှိကြောင်း စုံစမ်းသိရသည်။ အဆိုပါ မူးယစ်ဆေးဝါး သုံးစွဲသူများသည် အိမ်ခြေရာမဲ့များ ဖြစ်ကြပြီး ညအချိန်မှာ ဒေသခံများ၏ နေအိမ်ရှေ့၊ ရေနုတ်မြောင်းများ၊...
TNLA မှ ဖမ်းဆီးသွားသည့်သူ ရိုက်နှက်ဒဏ်ရာကြောင့် သေဆုံးရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုခမ်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို မူးယစ်ဆေး အကြောင်းပြကာ TNLA တပ်ဖွဲ့တို့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လွှတ်လာသော်လည်း ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ် ၅ ရက်တွင် အင်အား ၃၀ ခန့်ရှိသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်...
ကွတ်ခိုင်မြို့နယ် အမျိုးသမီးများပါဝင်ပြီး မူးယစ်ဆေးဝါးများကို နှိမ်နင်းနေ
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအတွင်းတွင် အမျိုးသမီးများကိုယ်တိုင် ဦးဆောင်ပြီး မူးယစ်ဆေးဝါး နှိမ်နင်းမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအတွင်း မူးယစ်ဆေးဝါး ယခင်ထက် ပိုမိုပေါများလာသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက တာဝန်ယူ နှိမ်နင်းခြင်းမရှိသည့်အတွက် ဒေသခံပြည်သူများ စုပေါင်းကာ မူးယစ်ဆေးဝါးကို နှိမ်နင်းခြင်းဖြစ်ကြောင်း ပါဝင်လှုပ်ရှားသူ အမျိုးသမီးတစ်ဦးက...
မိုးမိတ် တိုင်းရင်းသား လက်နက်ကိုင်များ မူးယစ်ဆေးအကြောင်းပြ ဖမ်းဆီးရာ ပစ်ခတ်သေဆုံးမှုထိရှိ
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့၏ မူးယစ်ဆေးဝါးအကြောင်းပြ ဖမ်းဆီးမှုတွင် ပစ်ခတ်သေဆုံးမှုများ ရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်တွင် မိုးမိတ်မြို့နယ် မိုးဘုံကျေးရွာ (ဝမ်ဘုံကန်ရွာ) နှင့် ဝမ်အုံကျေးရွာရှိ ရွာသား ၄ ဦးကို မူးယစ်အကြောင်းပြကာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး...
လားရှိုးမြို့ မူးယစ်ဆေးဝါးကြောင့် လူငယ် (၁၅) ဦးထက် မနည်းသေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် မေ့ဆေး (သို့မဟုတ်) အိပ်ဆေးအပြင်းစား Ketamine Hydrochloride (K) မူးယစ်ဆေးကြာင့် လူငယ်(၁၅) ဦး ထက်မနည်း သေဆုံးကြောင်း စုံစမ်းသိရသည်။ ထို K မူးယစ်ဆေးဝါးကြောင့် သေဆုံးသွားသူများသည် လောင်းကစားရုံများ၊ သီချင်းဆို (KTV) ဆိုင်များ၊ ကလပ်ဆိုင်များ ၊...
မိုင်းဝီးဒေသခံများကို TNLA မှ မူးယစ်အကြောင်းပြဖမ်းဆီး ပိုက်ဆံတောင်း
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုအတွင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့မှ ဒေသခံပြည်သူများကို မူးယစ်ဆေးဝါးအကြောင်းပြဖမ်းဆီးပြီး ပိုက်ဆံတောင်းခံနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက် ည ၈ နာရီဝန်းကျင်တွင် TNLA တပ်ဖွဲ့တို့သည် မိုင်းဝီးကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး...
တာချီလိတ်တွင် နေ့စဉ်နှင့်အမျှ လိမ်လည်ခိုးယူနေ သက်ဆိုင်ရာအရေးယူမှုမရှိ
SHAN -
မြန်မာ - ထိုင်းနယ်စပ် သျှမ်းပြည်အရှ့ပိုင်း တာချီလိတ်မြို့တွင် နေ့စဉ်နှင့်အမျှ လိမ်လည်ခိုးယူမှုဖြစ်ပွားပြီး သက်ဆိုင်ရာမှ အရေးယူမှု မရှိကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် နေ့စဉ် လုယက် ခိုးယူမှုများဆက်လက် ဖြစ်ပွားပြီး သက်ဆိုင်ရာများက အရေးယူမှုမရှိသဖြင့် ပြည်သူများ လုံခြုံရေး စိုးရိမ်နေရကြောင်း တာချီလိတ်မြို့...
မြန်မာ မှ မလေးရှား သို့ သယ်ဆောင်မည့် မူးယစ်ဆေး အများအပြားဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် မလေးရှားနိုင်ငံသို့ သယ်ဆောင်သွားမယ့် အိုက်စ် (မက်သ်အဖက်တမင်း) များ ၆ ဒသမ ၂ ဘီလီယံကျော် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ထို အိုက်စ် (မက်သ်အဖက်တမင်း)များသည် မေလ (၄) ရက် ညနေပိုင်းက သျှမ်းပြည်တောင်ပိုင်း မှ သယ်ဆောင်လာပြီး ထိုမှတဆင့် မလေးရှားနိုင်ငံသို့...
စစ်ခေါင်းဆောင် ရောက်သည့်ကာလအတွင်း တာချီလိတ်မှ လောင်းကစားဝိုင်းများ ပိတ်ထားခိုင်း
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရဲတပ်ဖွဲ့ဟောင်းတစ်ဦးထံမှ မူးယစ်ဆေးဝါးများ စစ်ဆေးဖမ်းဆီးမိခြင်း နှင့် ပက်သက်ပြီး နေပြည်တော်မှ စစ်ခေါင်းဆောင်တစ်ဦး လာရောက်စစ်ဆေးမည်ဖြစ်သဖြင့် လောင်းကစား၀ိုင်းများ ပိတ်ခိုင်းထားကြောင်း စုံစမ်းသိရသည်။ထို နေပြည်တော်မှ စစ်ခေါင်းဆောင်ရောက်ရှိလာသည့် ကာလအတွင်းတွင် တာချီလိတ်မြို့အတွင်းရှိ ကာစီနိုဝိုင်းများအပါအဝင် လောင်းကစားဝိုင်းများ အားလုံးပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။ “စစ်ကောင်စီဘက်က အရာရှိကြီး...
နောင်ချိုမြို့နယ်လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ယခင်ထက် များလာ
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါး လာသောကြောင့် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ယခင်ကထက် ပိုများလာကြောင်း စုံစမ်းသိရှိရသည်။ နောင်ချိုမြို့တွင် လူငယ်အများစု မူးယစ်ဆေးသုံးစွဲနေကြပြီး ဆေးဝယ်ယူရန် လွယ်ကူသည့်အပြင် လူမြင်ကွင်းနေရာများပါ မူးယစ်ဆေးသုံးစွဲနေလျက်ရှိကြောင်း သိရသည်။ “ကျနော်တို့ နောင်ချိုမြို့နယ်မှာဆိုရင် လူငယ်တွေအများစုက မူးယစ်ဆေးဝါးသုံးစွဲနေကြတယ်။ အသက် ၂၀ ကျော်တွေလည်း ရှိတယ်။...





