တာချီလိတ်တွင် နေ့စဉ်နှင့်အမျှ လိမ်လည်ခိုးယူနေ သက်ဆိုင်ရာအရေးယူမှုမရှိ

မြန်မာ – ထိုင်းနယ်စပ် သျှမ်းပြည်အရှ့ပိုင်း တာချီလိတ်မြို့တွင် နေ့စဉ်နှင့်အမျှ လိမ်လည်ခိုးယူမှုဖြစ်ပွားပြီး သက်ဆိုင်ရာမှ အရေးယူမှု မရှိကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် နေ့စဉ် လုယက် ခိုးယူမှုများဆက်လက် ဖြစ်ပွားပြီး သက်ဆိုင်ရာများက အရေးယူမှုမရှိသဖြင့် ပြည်သူများ လုံခြုံရေး စိုးရိမ်နေရကြောင်း တာချီလိတ်မြို့ ဒေသခံက ပြောကြသည်။

တာချီလိတ်မြို့တွင် လူမျိုးပေါင်းစုံ နေထိုင်ပြီး အလုပ်လက်မဲ့ လူငယ်များ အပါအဝင် မူယစ်ဆေးဝါးသုံးစွဲသူ များပြားလာသည့်အတွက် ယခုလို နေ့စဉ်နှင့်အမျှ လုယက်၊ သတ်ဖြတ်မှုများပြား လာခဲ့သည်ဟု တာချီလိတ် ဒေသခံ ယာဉ်မောင်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့

“မရှိရှိတာလေးနဲ့ လုပ်စားကြရတဲ့ ဒုက္ခသည်တွေအများကြီး၊ ဆေးစွဲတဲ့ လူငယ်တွေလည်း အများကြီးဘဲ ဆေးစွဲ တော့ဝင်ငွေရှာတယ်။ မရ ရတဲ့ နည်းလမ်းကို သုံးမယ်၊ ခိုးမယ် ဓားပြတိုက်မယ်ဆိုတဲ့ စိတ်တွေသူတို့မှာ ပေါက်ဖွား လာတော့ ကြုံရာကို လုပ်ကြတယ်” ဟု ၎င်းကပြောသည် ။

ထိုအပြင် နိုင်ငံရေးအခြေအနေ မကောင်းသောကြောင့် အိုးအိမ်စွန့်ခွာပြီး တာချီလိတ်မြို့တွင် လာရောက်လုပ်ကိုင် စားသောက်သူသည် ယခင်နှစ်ထက် ၂ ဆပိုများလာပြီး အိုးအိမ်မဲ့လမ်းဘေး ရောက်သူတွေ အများအပြား ရှိသည် ဟု ၎င်းက ဆက်ပြောသည် ။

တာချီလိတ်မြို့ပေါ်ရှိ လောင်းကစားများ၊ လုယက်မှု ၊သတ်ဖြတ်မှု တို့မှာ သက်ဆိုင်ရာရဲများက အရေးယူပေးရန် တာချီလိတ်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကောင်းတဲ့ အခြေအနေကို ရောက်ဖို့ဆိုတာ မလွယ်လောက်ဘူး ၊ရဲတွေ စစ်သားတွေ ဖမ်းမိလို့ အရိုက်ခံရပြီး ပြန်ပို့လာတာတွေရှိတယ်၊ မလွှတ်ပေးဖို့ ဖြစ်နိုင်ရင် အရေးယူပေးဖို့ လုပ်ပေးရင် ကောင်းတယ်“ ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအတွင်းသို့ သွားရောက်အလုပ်လုပ်နိုင်ရန်အတွက် အိမ်ပေါင်ပြီးလာသည့်သူများ၊ အကြွေးယူပြီး တာချီမြို့ပေါ်သို့ တံတားဖွင့်မည့်ရက်ကို စောင့်ဆိုင်းနေကြများ အများအပြားရှိနေသည် ဟု ၎င်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဇွန်လ (၆) ရက်မှာ ဟောင်လိတ်ရပ်ကွက်ရှိ သင်္ချိုင်းအနီးတွင် အမျိုးသားအလောင်းတွေ့ရှိခဲ့သည်။ ဇွန် (၁၂) ရက် ရန်အောင်မြေရပ်ကွက်တွင် ရွှေဆိုင် တစ်ဆိုင်မှာ ဘတ်တစ်သိန်းကျော် လိမ်ခံရသည် ဟု သိရှိရသည်။

မြန်မာ- ထိုင်းနယ်စပ် တာချီလိတ်မြို့ သည် ဇန်နဝါရီ (၁၇) ရက် ဆန်ဆိုင်း (ခ) ရပ်ကွက် ရီဂျီနားဟိုတယ်အောက် ဝမ်မိုင်ရွာဝင် ကုန်းဆင်းနားတွင် ဓားဖြင့် ခုတ်ပြီး ဆိုင်ကယ် လုယက်မှုရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...