ကွတ်ခိုင်မြို့နယ် အမျိုးသမီးများပါဝင်ပြီး မူးယစ်ဆေးဝါးများကို နှိမ်နင်းနေ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအတွင်းတွင် အမျိုးသမီးများကိုယ်တိုင် ဦးဆောင်ပြီး မူးယစ်ဆေးဝါး နှိမ်နင်းမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအတွင်း မူးယစ်ဆေးဝါး ယခင်ထက် ပိုမိုပေါများလာသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက တာဝန်ယူ နှိမ်နင်းခြင်းမရှိသည့်အတွက် ဒေသခံပြည်သူများ စုပေါင်းကာ မူးယစ်ဆေးဝါးကို နှိမ်နင်းခြင်းဖြစ်ကြောင်း ပါဝင်လှုပ်ရှားသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမတို့ ဒေသ (နမ့်ဖတ်ကာ)မှာ မူးယစ်ဆေးဝါးကို လွတ်လပ်စွာ လုပ်လာကြတော့ အိမ်ထောင်ရေးတွေ၊ စီးပွားရေးတွေ ပျက်စီးရတာလည်း များနေပြီ၊ အမျိုးသမီးတွေဆိုလည်း အိမ်ထောင်ကွဲရတဲ့အထိ ဖြစ်ကြတယ်၊ အရာ အားလုံးကျဆင်းတယ်၊ ဒါကြောင့် ကျမတို့ စုပေါင်းပြီး မူးယစ်ဆေးဝါးကို နှိမ်နင်းရတာဖြစ်တယ်” ဟု ၎င်း အမျိုးသမီးက ပြောသည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေး

နမ့်ဖတ်ကာ အတွင်း မူးယစ်ဆေး နှိမ်နင်းမှုတွင် ပါဝင်သည့်အမျိုးသမီးများသည် မူးယစ်ဆေးတရားခံများ လိုက်လံ ဖမ်းဆီးရာတွင် လိုက်ပါဆောင်ရွက်သည့်အပြင် ဖမ်းမိသည့် မူးယစ်တရားခံများ ပြုပြင်ပြောင်းလဲရေး ကဏ္ဍမှာလည်း ပါဝင်ကူညီကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

“ဖမ်းမိတဲ့ ရောင်းသူ/ သုံးသူတွေကို မိဘထံအပ်ပြီး ပြုပြင်ပြောင်းလဲဖို့ ပြောဆိုတာရှိသလို ကျေးရွာအုပ်ချုပ်ရေး ထံ အပ်တာလည်း ရှိတယ်၊ တချို့ တရားခံတွေဆိုလည်း ဆေးဖြတ်ရေးစင်တာပို့တာတို့ အဲ့လိုပြုပြင်ပြောင်းလဲရေး အတွက် ကူညီပေးတာရှိတယ်” ဟု မူးယစ်ဆေးဝါးနှိမ်နင်းရေးတွင်ပါဝင်သည့် ကချင်အမျိုးသမီးက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့မှ စတင်ပြီး အမျိုးသမီးများ ပါဝင်သည့် မူးယစ်ဆေးနှိမ်နင်းသည့် တက်ကြွလှုပ်ရှားသူများမှ မူးယစ်ဆေးနှိမ်နင်းရေးလုပ်ဆောင်ချက်များကြောင့် ဒေသအတွင်း မူးယစ်ဆေးရောင်းချ အသုံးပြုမှုများလည်း လျှော့လာကြောင်း နမ့်ဖတ်ကာမှ အမည်မဖော်လိုသူ ဒေသခံ မိခင်တစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေး

“အရင်က လမ်းပေါ်မှာ တွေ့လေ့ရှိတဲ့ ရုပ်ပျက်ဆင်းပျက် ဆေးသုံးနေတဲ့ပုံတွေ မတွေ့ရတော့ဘူး၊ ဒါက သူတို့ကြောင့် လျှော့ကျလာတယ်ပြောရမှာပေါ့၊ ပြီးတော့ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေလည်း ရက်ခြား တခေါက် အလှည့်ကျနဲ့ မြို့ပတ်တော့ ရောင်းသူရော ဆေးချသူရော ကျသွားတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ကွတ်ခိုင်မြို့နယ်အတွင်းတွင် ပြည်သူများမှ ဖွဲ့စည်းထားသည့် မူးယစ်ဆေးနှိမ်နင်းရေးအဖွဲ့အပြင် တအာင်း (ပလောင်) အမျိုးသား တပ်မတော် TNLA တပ်ဖွဲ့တို့က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို လိုက်လံ ဖမ်းဆီးနှိမ်နင်းမှု ရှိနေခဲ့ကြောင်း သတင်းသိရသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ်အတွင်း၌ မူးယစ်ဆေးဝါး ပိုမိုများပြားလာပြီး ပစ္စည်းခိုးယူခံရမှုလည်း များပြားလာသည့်အတွက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ပြီး လုံခြုံရေးကင်းမဲ့ သလို ခံစားရကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...