Friday, April 26, 2024

မြန်မာ မှ မလေးရှား သို့ သယ်ဆောင်မည့် မူးယစ်ဆေး အများအပြားဖမ်းဆီးရမိ

Must read

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် မလေးရှားနိုင်ငံသို့ သယ်ဆောင်သွားမယ့် အိုက်စ် (မက်သ်အဖက်တမင်း) များ ၆ ဒသမ ၂ ဘီလီယံကျော် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ထို အိုက်စ် (မက်သ်အဖက်တမင်း)များသည် မေလ (၄) ရက် ညနေပိုင်းက သျှမ်းပြည်တောင်ပိုင်း မှ သယ်ဆောင်လာပြီး ထိုမှတဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ

ထိုဖမ်းဆီးခံရသည့် မူးယစ်ဆေးများသည် မြောက်ဥက္ကလာပမြို့နယ် (စျ)ရပ်ကွက်၊
သီရိရတနာစျေးဝင်းအတွင်း မေ (၄) ရက် ည (၇) နာရီခွဲခန့် ဝင်းလှိုင် (ခ) ဦးချယ် နှင့် လှဘော် တို့ (၂) ဦး Toyota wish မော်တော်ယာဉ် နှင့် အတူတွေ့ရှိပြီး ၎င်းယာဉ်ပေါ်မှ ကာလတန်ဖိုးငွေကျပ် ၆ ဒသမ ၂ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၅၁ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို မူးယစ်ဆေးဝါးရောင်းဝယ်လုပ်ကိုင်ရာမှ ရရှိသည့် အကျိုးအမြတ်များ နှင့် ပိုင်ဆိုင်မှုများအား စိစစ်ဖော်ထုတ်၍ ကွင်းဆက်ပြစ်မှုကျုးလွန်သူများအား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) ၊ မလေးရှားနိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (NADA) တို့ နှင့် ပူးပေါင်းပြီး ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article