Wednesday, January 28, 2026

မိုးမိတ် တိုင်းရင်းသား လက်နက်ကိုင်များ မူးယစ်ဆေးအကြောင်းပြ ဖမ်းဆီးရာ ပစ်ခတ်သေဆုံးမှုထိရှိ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့၏ မူးယစ်ဆေးဝါးအကြောင်းပြ ဖမ်းဆီးမှုတွင် ပစ်ခတ်သေဆုံးမှုများ ရှိနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်တွင် မိုးမိတ်မြို့နယ် မိုးဘုံကျေးရွာ (ဝမ်ဘုံကန်ရွာ) နှင့် ဝမ်အုံကျေးရွာရှိ ရွာသား ၄ ဦးကို မူးယစ်အကြောင်းပြကာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့မှ လာရောက်ဖမ်းဆီး သွားကြောင်း သတင်းသိရသည်။

အဆိုပါ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် တစ်နေ့တည်းမှာပင် ဝမ်ဖိုင်ကျေးရွာအတွင်း မူးယစ်ရောင်းဝယ်နေသည့် အမျိုးသား တစ်ဦးအပါအဝင် ဒေသခံရွာသား ၄ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဝင်ရောက်ဖမ်းဆီးရာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

TNLA နှင့် SSPP/SSA

“ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းမှာ ဝမ်ဘုံကန်ဘက်ကို TNLA တပ်သားတွေက မူးယစ်အကြောင်းပြပြီး ရွာသား ၄ ဦးကို လာဖမ်းသွားတယ်၊ မွန်းလွဲပိုင်းရောက်တော့ ဝမ်ဖိုင်က ရွာသား ၄ ယောက်ကို SSPP/SSA ကဝင်ဖမ်းတယ်၊ အဲ့ဝမ်ဖိုင်မှာ ဝင်ဖမ်းတဲ့ မူးယစ်ဆေးရောင်းတဲ့အမျိုးသားက သူ့မှာသေနတ်နဲ့ SSPP/SSA ကို ခံပစ်လို့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး သူက သေသွားရတယ်” ဟု အမည်မဖော်လိုသူ မိုးမိတ်မြို့ခံ အသက် ၄၀ ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ဇူလိုင်လ ၂၈ ရက်နေ့တွင်လည်း မိုးဘုံကျေးရွာ (ဝမ်ဘုံကန်) နှင့် ဝမ်အုံတို့မှ နောက်ထပ် ဒေသခံရွာသား ၆ ယောက်ကို TNLA တပ်သားများက ထပ်မံဖမ်းဆီးသွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မူးယစ်ဖမ်းလို့ ပစ်ခတ်မှု ဖြစ်ပြီးနောက်တစ်နေ့မှာ TNLA က နောက်ထပ်ရွာသား ၆ ယောက်ကို မူးယစ်ဆေး အကြောင်းပြချက်နဲ့ ထပ်လာဖမ်းသွားတယ်၊ TNLA တွေ ပြန်သွားတဲ့ ခဏအကြာမှာတော့ ရွာပတ်ဝန်းကျင်ကို SSPP/SSA တပ်သားတချို့ ရောက်လာတာတွေ့ရတယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ မူးယစ်ဆေးအကြောင်းပြ ဖမ်းဆီးမှုများမှတစ်ဆင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့ကြား စစ်ရေးတင်းမာမှု နှင့် လူမျိုးရေး ပဋိပက္ခဖြစ်လာမည်ကိုလည်း ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။

မိုးမိတ်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်ကတည်းက ယနေ့အချိန်ထိ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲများနေ့စဥ်နီးပါး ရှိသည့်အတွက် ဒေသခံတချို့က စစ်ဘေးဒဏ်မှ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...