မိုးမိတ် တိုင်းရင်းသား လက်နက်ကိုင်များ မူးယစ်ဆေးအကြောင်းပြ ဖမ်းဆီးရာ ပစ်ခတ်သေဆုံးမှုထိရှိ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့၏ မူးယစ်ဆေးဝါးအကြောင်းပြ ဖမ်းဆီးမှုတွင် ပစ်ခတ်သေဆုံးမှုများ ရှိနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်တွင် မိုးမိတ်မြို့နယ် မိုးဘုံကျေးရွာ (ဝမ်ဘုံကန်ရွာ) နှင့် ဝမ်အုံကျေးရွာရှိ ရွာသား ၄ ဦးကို မူးယစ်အကြောင်းပြကာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့မှ လာရောက်ဖမ်းဆီး သွားကြောင်း သတင်းသိရသည်။

အဆိုပါ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် တစ်နေ့တည်းမှာပင် ဝမ်ဖိုင်ကျေးရွာအတွင်း မူးယစ်ရောင်းဝယ်နေသည့် အမျိုးသား တစ်ဦးအပါအဝင် ဒေသခံရွာသား ၄ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဝင်ရောက်ဖမ်းဆီးရာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

TNLA နှင့် SSPP/SSA

“ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းမှာ ဝမ်ဘုံကန်ဘက်ကို TNLA တပ်သားတွေက မူးယစ်အကြောင်းပြပြီး ရွာသား ၄ ဦးကို လာဖမ်းသွားတယ်၊ မွန်းလွဲပိုင်းရောက်တော့ ဝမ်ဖိုင်က ရွာသား ၄ ယောက်ကို SSPP/SSA ကဝင်ဖမ်းတယ်၊ အဲ့ဝမ်ဖိုင်မှာ ဝင်ဖမ်းတဲ့ မူးယစ်ဆေးရောင်းတဲ့အမျိုးသားက သူ့မှာသေနတ်နဲ့ SSPP/SSA ကို ခံပစ်လို့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး သူက သေသွားရတယ်” ဟု အမည်မဖော်လိုသူ မိုးမိတ်မြို့ခံ အသက် ၄၀ ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ဇူလိုင်လ ၂၈ ရက်နေ့တွင်လည်း မိုးဘုံကျေးရွာ (ဝမ်ဘုံကန်) နှင့် ဝမ်အုံတို့မှ နောက်ထပ် ဒေသခံရွာသား ၆ ယောက်ကို TNLA တပ်သားများက ထပ်မံဖမ်းဆီးသွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မူးယစ်ဖမ်းလို့ ပစ်ခတ်မှု ဖြစ်ပြီးနောက်တစ်နေ့မှာ TNLA က နောက်ထပ်ရွာသား ၆ ယောက်ကို မူးယစ်ဆေး အကြောင်းပြချက်နဲ့ ထပ်လာဖမ်းသွားတယ်၊ TNLA တွေ ပြန်သွားတဲ့ ခဏအကြာမှာတော့ ရွာပတ်ဝန်းကျင်ကို SSPP/SSA တပ်သားတချို့ ရောက်လာတာတွေ့ရတယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ မူးယစ်ဆေးအကြောင်းပြ ဖမ်းဆီးမှုများမှတစ်ဆင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့ကြား စစ်ရေးတင်းမာမှု နှင့် လူမျိုးရေး ပဋိပက္ခဖြစ်လာမည်ကိုလည်း ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။

မိုးမိတ်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်ကတည်းက ယနေ့အချိန်ထိ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲများနေ့စဥ်နီးပါး ရှိသည့်အတွက် ဒေသခံတချို့က စစ်ဘေးဒဏ်မှ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...